လုံခြုံရေး ငှားရမ်းထားသည့် ပြည်သူ့စစ်က အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံသိန်း၆ထောင်ကျော်ယူသွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း လုံးခြုံရေးအတွက် ငှားရမ်းထားသည့် ပြည်သူ့စစ်(၃)ဦးသည် အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံ သိန်း ၆ထောင်ကျော်ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် သြဂုတ် ၁၂ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ကုန်းတွင် နေထိုင်သည့် သူဌေးသည် အိမ်လုံခြုံရေးအတွက် ပြည်သူ့စစ် (၃)ဦးကို ငှားရမ်းခဲ့ပြီး၊ ထိုပြည်သူ့စစ် (၃)ဦးသည် အိမ်ရှင် သူဌေး အပါအဝင် (၃)ဦးကို သတ်ပြီး ကျပ်ငွေ သိန်း၆ထောင်ကျော် ယူဆောင်သွားကြောင်း ၎င်းအကြောင်းကို သိရှိသည့် မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အိမ်လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ် (၃)ဦးကို ငှားရမ်းထားတာ။ အဲ့အိမ်က ပိုက်ဆံရှိတာသိတော့ သူတို့တွေက သူဌေးရော သူအိမ်က လူ (၂)ယောက်ကိုပါ သတ်သွားတာ။ စုစုပေါင်း (၃)ဦး သတ်ခံရတာ။ ပိုက်ဆံလည်း သိန်း ၆ထောင်ကျော် ယူသွားတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့စစ်များမှ ပစ်သတ်လိုက်သည့် အမျိုးသား ၂ဦး၊ အသက် (၁၈)နှစ်အရွယ် အမျိုးသမီး ၁ဦးဖြစ်ပြီး လက်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက်ရှာဖွေနေသည်ဟု လူမှုကူညီးရေးအသင်းတစ်ဦးက ပြောသည်။

မူဆယ်မြို့

‘’အသတ်ခံရတဲ့ ၃ယောက်က ကျား ၂ယောက်နဲ့ မိန်းမ ၁ ယောက် ။ အဲအိမ်ထဲမှာ လူဘယ်လောက်ရှိတာတော့ မပြောတတ်ဘူး။ သိတာတော့ သူဌေးတွေပဲ ဘာအလုပ်လုပ်ကြတာလည် မသိဘူး။ လူသတ်မှုဖြစ်ပွားရတဲ့ အထိဆိုတော့လေ ။ လူသတ်သွားတဲ့ ၃ယောက်ကို သက်ဆိုင်ရာအဖွဲ့အစည်းက ရှာဖွေနေတုန်းပဲ ‘’ ဟု ထိုလူမှုကူညီရေးအသင်းက ပြောသည်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မူဆယ်မြို့နယ်တွင် ပိုက်ဆံလဲလှယ်သူများ၊ ပိုက်ဆံရှိတဲ့သူဌေးများ မကြာခဏ ပြန်ပေးဆွဲခံရသည့်အတွက် ၎င်းတို့သည် လုံခြုံရေးအတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ငှားရမ်းခဲ့ကြသည်။

ထို့ကြောင့် လက်ရှိမှာ မူဆယ်မြို့တွင်းနေထိုင်သည့် သူဌေးများသည် လုံခြုံရေး ငှားရမ်းသည့် ပြည်သူ့စစ်ကို ပြန်လည် ကြောက်လန့်နေရသည့် အခြေအနေဖြစ်သည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ မူဆယ်မြို့သည် တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခုဖြစ်နေသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားဟု စစ်တပ်ခန့်ဒုဝန်ကြီး ရွေးတုလွှတ်တော်တွင် ဖြေကြား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...