Tuesday, January 27, 2026

လုံခြုံရေး ငှားရမ်းထားသည့် ပြည်သူ့စစ်က အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံသိန်း၆ထောင်ကျော်ယူသွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း လုံးခြုံရေးအတွက် ငှားရမ်းထားသည့် ပြည်သူ့စစ်(၃)ဦးသည် အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံ သိန်း ၆ထောင်ကျော်ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် သြဂုတ် ၁၂ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ကုန်းတွင် နေထိုင်သည့် သူဌေးသည် အိမ်လုံခြုံရေးအတွက် ပြည်သူ့စစ် (၃)ဦးကို ငှားရမ်းခဲ့ပြီး၊ ထိုပြည်သူ့စစ် (၃)ဦးသည် အိမ်ရှင် သူဌေး အပါအဝင် (၃)ဦးကို သတ်ပြီး ကျပ်ငွေ သိန်း၆ထောင်ကျော် ယူဆောင်သွားကြောင်း ၎င်းအကြောင်းကို သိရှိသည့် မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အိမ်လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ် (၃)ဦးကို ငှားရမ်းထားတာ။ အဲ့အိမ်က ပိုက်ဆံရှိတာသိတော့ သူတို့တွေက သူဌေးရော သူအိမ်က လူ (၂)ယောက်ကိုပါ သတ်သွားတာ။ စုစုပေါင်း (၃)ဦး သတ်ခံရတာ။ ပိုက်ဆံလည်း သိန်း ၆ထောင်ကျော် ယူသွားတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့စစ်များမှ ပစ်သတ်လိုက်သည့် အမျိုးသား ၂ဦး၊ အသက် (၁၈)နှစ်အရွယ် အမျိုးသမီး ၁ဦးဖြစ်ပြီး လက်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက်ရှာဖွေနေသည်ဟု လူမှုကူညီးရေးအသင်းတစ်ဦးက ပြောသည်။

မူဆယ်မြို့

‘’အသတ်ခံရတဲ့ ၃ယောက်က ကျား ၂ယောက်နဲ့ မိန်းမ ၁ ယောက် ။ အဲအိမ်ထဲမှာ လူဘယ်လောက်ရှိတာတော့ မပြောတတ်ဘူး။ သိတာတော့ သူဌေးတွေပဲ ဘာအလုပ်လုပ်ကြတာလည် မသိဘူး။ လူသတ်မှုဖြစ်ပွားရတဲ့ အထိဆိုတော့လေ ။ လူသတ်သွားတဲ့ ၃ယောက်ကို သက်ဆိုင်ရာအဖွဲ့အစည်းက ရှာဖွေနေတုန်းပဲ ‘’ ဟု ထိုလူမှုကူညီရေးအသင်းက ပြောသည်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မူဆယ်မြို့နယ်တွင် ပိုက်ဆံလဲလှယ်သူများ၊ ပိုက်ဆံရှိတဲ့သူဌေးများ မကြာခဏ ပြန်ပေးဆွဲခံရသည့်အတွက် ၎င်းတို့သည် လုံခြုံရေးအတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ငှားရမ်းခဲ့ကြသည်။

ထို့ကြောင့် လက်ရှိမှာ မူဆယ်မြို့တွင်းနေထိုင်သည့် သူဌေးများသည် လုံခြုံရေး ငှားရမ်းသည့် ပြည်သူ့စစ်ကို ပြန်လည် ကြောက်လန့်နေရသည့် အခြေအနေဖြစ်သည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ မူဆယ်မြို့သည် တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခုဖြစ်နေသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...