စစ်ရှုံးနေသည့် စစ်ကောင်စီ လားရှိုးမြို့ပြည်သူ့စစ်အဖွဲ့ကို အခြေခံစစ်ပညာသင်တန်း ပေးနေ

စစ်ရေးအဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် လားရှိုးမြို့တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းပေးနေကြောင်း သတင်းရရှိသည်။

လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီလ ၂၉ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်၁၂ မိုးလုံ လေလုံ အားကစားရုံတွင် သင်တန်းသား ၁၀၉ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ငဆ့်ကိုပြောသည်။

“ဟုတ်တယ် မိုးလုံလေလုံကွင်းမှာ သူတို့ စစ်သင်တန်းက ကို မနေ့က စဖွင့်တာ။ဘယ်သူကိုမှ ပေးမဝင်ဘူး၊ လူများတယ်။ ဘယ်က ခေါ်လာလည်းဆိုတာ မသိဘူး”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရပ်ကွက်တစ်ခုလျှင် လူ ၁၀ ဦးအတွက် ထောက်ပံ့ကြေးငွေ ၃ သိန်းမှ ၅ သိန်းကျပ်အထိ ပေးရမည်ဖြစ်ပြီး လူစာရင်းများကောက်ကာ
အိမ်ထောင်စု စာရင်းမိတ္တူများကို သက်ဆိုင်ရာ အာဏာပိုင်များက ယူသွားကြောင်း ၎င်း‌ကပြောသည်။

သျှမ်းပြည်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး တပ်စခန်းပေါင်းများစွာနှင့် လူဦးရေများစွာ ကျရှုံးခဲ့ကြောင်း သိရသည်။

ထိုကြောင့်စစ်ကောင်စီကပြည်သူ့ စစ်သင်တန်းကိုဖွင့်လှစ်၍ လားရှိုးဒေသခံများကိုမိမိရပ်ရွာလုံခြုံရေးဆိုသည့် ခေါင်စဉ်ဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနစ် စက်တင်ဘာလ ၁၀ ရက်တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် ပြည်သူ့စစ်အဖွဲခေါင်းဆောင်များကို စစ်ကူတိုက်ပေးရန် လားရှိုးမြို့တွင် သွားရောက်တွေ့ဆုံ စည်းရုံးမှုများပြုလုပ်ခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်းတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် တပ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ ရက်ပေါင်း ၃လ ကျော် တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်အင်အား ၁,၀၀၀ ကျော် ပြုန်းတီးခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...