Tuesday, January 27, 2026

စစ်ရှုံးနေသည့် စစ်ကောင်စီ လားရှိုးမြို့ပြည်သူ့စစ်အဖွဲ့ကို အခြေခံစစ်ပညာသင်တန်း ပေးနေ

စစ်ရေးအဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် လားရှိုးမြို့တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းပေးနေကြောင်း သတင်းရရှိသည်။

လားရှိုးပြည်သူ့စစ် (ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီလ ၂၉ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်၁၂ မိုးလုံ လေလုံ အားကစားရုံတွင် သင်တန်းသား ၁၀၉ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ငဆ့်ကိုပြောသည်။

“ဟုတ်တယ် မိုးလုံလေလုံကွင်းမှာ သူတို့ စစ်သင်တန်းက ကို မနေ့က စဖွင့်တာ။ဘယ်သူကိုမှ ပေးမဝင်ဘူး၊ လူများတယ်။ ဘယ်က ခေါ်လာလည်းဆိုတာ မသိဘူး”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရပ်ကွက်တစ်ခုလျှင် လူ ၁၀ ဦးအတွက် ထောက်ပံ့ကြေးငွေ ၃ သိန်းမှ ၅ သိန်းကျပ်အထိ ပေးရမည်ဖြစ်ပြီး လူစာရင်းများကောက်ကာ
အိမ်ထောင်စု စာရင်းမိတ္တူများကို သက်ဆိုင်ရာ အာဏာပိုင်များက ယူသွားကြောင်း ၎င်း‌ကပြောသည်။

သျှမ်းပြည်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး တပ်စခန်းပေါင်းများစွာနှင့် လူဦးရေများစွာ ကျရှုံးခဲ့ကြောင်း သိရသည်။

ထိုကြောင့်စစ်ကောင်စီကပြည်သူ့ စစ်သင်တန်းကိုဖွင့်လှစ်၍ လားရှိုးဒေသခံများကိုမိမိရပ်ရွာလုံခြုံရေးဆိုသည့် ခေါင်စဉ်ဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနစ် စက်တင်ဘာလ ၁၀ ရက်တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် ပြည်သူ့စစ်အဖွဲခေါင်းဆောင်များကို စစ်ကူတိုက်ပေးရန် လားရှိုးမြို့တွင် သွားရောက်တွေ့ဆုံ စည်းရုံးမှုများပြုလုပ်ခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်းတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် တပ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ ရက်ပေါင်း ၃လ ကျော် တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်အင်အား ၁,၀၀၀ ကျော် ပြုန်းတီးခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...