နမ့်စန်မြို့နယ် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်မှုရှိနေ

သျှမ်းပြည် နမ့်စန်မြို့နယ်တွင် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများသည် ဒေသခံပြည်သူ့စစ် အဖွဲ့များထံသို့ ဝင်ရောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း နမ့်စန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသည့် လူငယ်များသည် ဒေသခံပြည်သူ့စစ်အဖွဲ့များထံ ဝင်ရောက်မှုများ ရှိလာကြောင်း နမ့်စန်မြို့နယ် ဒေသခံများက ပြောသည်။

“ပြည်သူ့စစ်နယ်မြေဆိုရင် အဲ့ဘက်ထဲ စာရင်းပေးပြီး ရှောင်ကြတယ်။ မက်ကျန်း ပြည်သူ့စစ်ကတော့ စစ်သင်တန်းတက်ပြီး အဖွဲ့အစည်းထဲ မနေချင်ရင်လည်း ကိုယ့်အိမ်ကိုယ် ပြန်နေလို့ရတယ်။ အရံပုံစံလိုမျိုးပဲ ပြောရမယ်ထင်တယ်။ သူတို့လိုတဲ့အချိန်မှ ပြန်ခေါ်မှာပေါ့။ မက်ကျန်း၊ နားရိုင်း ဒီနယ်မြေတွေမှာပေါ့”ဟု နမ့်စန်မြို့နယ် ဒေသခံ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် နှင့် နားရိုင်းပြည်သူ့စစ် အဖွဲ့များလည်း လှုပ်ရှားနေပြီး နမ့်စန်လေတပ်စခန်းနှင့် စစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လည်း ခိုလမ်မြို့တွင် အခြေစိုက်ထားသည်။

“ဦးလျန်းဆိုင်ဆိုရင် သူ့နယ်မြေထဲ စစ်သင်တန်းပေးဖို့ လုပ်နေတာကြာပြီ။ အဲ့တာကတော့ စစ်မှုထမ်းမခေါ်သေးခင်ကတည်းက လုပ်နေတာ။ တချို့လည်း မိသားစုလိုက် ထိုင်းနိုင်ငံကို ထွက်သွားကြတာရှိတယ်။ ရွာဘက်တွေဆိုရင်တော့ RCSS စိုးမိုးနယ်မြေထဲဆိုရင် အဲ့မှာ စစ်သင်တန်း သွားတက်ကြတယ်”ဟု နမ့်စန်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်စန်နှင့် ခိုလမ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး လဝက တာဝန်ရှိသူများနှင့် ရပ်ကွက်စာရေးများက အသက်ပြည့်ပြီးသည့် လူဦးရေစာရင်း လိုက်လံကောက်ယူခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်ခုလျှင် အမျိုးသား ၂ ယောက်စီ စစ်မှုထမ်းရမည်ဟု ညွှန်ကြားခဲ့ကြောင်း သိရသည်။

“‌ရှေ့အပတ်က လူဦးရေစာရင်း အစမ်းကောက်လိုမျိုး တစ်အိမ်တက်ဆင်း လိုက်ကောက်တာရှိတယ်။ ရွာဘက်တွေမှာတော့ လူငှားထည့်မယ်လို့ ပြောကြတယ်။ အရက်သမားနဲ့ မူးယစ်ဆေးစွဲနေတဲ့ လူလိုမျိုး ဖြစ်နိုင်ရင် ထည့်လိုက်မယ်ပေါ့။ အဲ့လိုမှ မရရင်လည်း မဲနှိုက်ရမယ်လို့တော့ ပြောတယ်”ဟု နမ့်စန်မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ်တွင် နမ့်စန်မြို့ပေါ် ရပ်ကွက် (၅) ခု၊ ခိုလမ်မြို့ပေါ် ရပ်ကွက် (၆) ခု နှင့် ကျေးရွာအုပ်စု (၂၀) ကျော်ဖြင့် ဖွဲ့စည်းထားပြီး နမ့်စန်မြို့ တောင်ဘက်ရှိ အမှတ်(၅)၊ နမ့်လစ်၊ ဟိုရမ်း စသည့် ကျေးရွာအုပ်စုများမှာ စစ်ကောင်စီတပ်ထံ စစ်မှုထမ်းရန် သွားရောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က သျှမ်းပြည်အတွင်း ရပ်စောက်၊ ဟိုပုံးနှင့် ကျိုင်းတောင်းမြို့များတွင် ပထမအကြိမ် စစ်မှုထမ်းသင်တန်းကို ဖွင့်လှစ်နေပြီး စစ်မှုထမ်းရန် စုဆောင်းခံရသူများသည် သင်တန်းတက်ရောက်ရန်အတွက် ၎င်းမြို့များသို့ ဧပြီလဆန်းပိုင်းက စတင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – ဧပြီလ (၇) ရက်က နမ့်စန်မြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် မတ်ကျန်း ဌာနေပြည်သူ့စစ် သင်တန်းဆင်းပွဲ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...