Thursday, May 9, 2024

စစ်မှုထမ်းဥပဒေ

နမ့်စန်မြို့နယ် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်မှုရှိနေ

သျှမ်းပြည် နမ့်စန်မြို့နယ်တွင် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများသည် ဒေသခံပြည်သူ့စစ် အဖွဲ့များထံသို့ ဝင်ရောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း နမ့်စန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသည့် လူငယ်များသည် ဒေသခံပြည်သူ့စစ်အဖွဲ့များထံ ဝင်ရောက်မှုများ ရှိလာကြောင်း နမ့်စန်မြို့နယ်...

မြို့နယ် ၁၇၂ မှာ စစ်မှုထမ်းဥပဒေ စတင်ဖော်ဆောင်

ယခုနှစ်ဖေဖော်ဝါရီလ ၁၀ တွင် စစ်ကောင်စီမှ မြန်မာနိုင်ငံတမှမ်းကို ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုစစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်လာကြောင်း Data for Myanmarမှ ထုတ်ပြန်ထားသည်။ မတ်လ ၂၂ ရက်အထိ စုဆောင်းထားသည့် အချက်အလက်များအရ စစ်ကောင်စီသည် မြို့နယ်ပေါင်း ၃၃၀ အနက် ၊ ၁၇၂...

ကလောမြို့ စစ်မှုမထမ်းချင်သည့် လူငယ် ကိုယ့်ကိုကိုယ် သေကြောင်းကြံ

သျှမ်းပြည် ကလောမြို့တွင် စစ်မှုမထမ်းချင်သည့် လူငယ်တစ်ဦး ကိုယ့်ကိုကိုယ်သေကြောင်းကြံ ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကလောမြို့ ရပ်ကွက် ၈ တွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းရန် မဲနှိုက်ဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းချင်သည့် အမျိုး သားတစ်ဦး ကိုယ့်ကိုကိုယ်...

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးသူအား ထိရောက်စွာ အရေးယူမည်ဟု ရှမ်းတောင် တော်လှန်ရေး အင်အားစု အသိပေး

သျှမ်းတောင် မြို့နယ်များတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အထောင်အထည်ဖော်ပေးနေသူအား ထိရောက်စွာအရေး ယူသွားမည်ဟု ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေး အင်အားစုက အသိပေးထုတ်ပြန် ကြေညာလိုက်သည်။   အဆိုပါ အသိပေးထုတ်ပြန်ကြေငြာချက်ကို ယနေ့ (မတ်လ ၁၈) ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် သျှမ်းတောင်ရှိ မြို့နယ်ပြည်သူများကို အခွင့်ကောင်းယူ နေသောမြို့နယ်များမှ...

သင်္ကြန်အပြီး စစ်မှုထမ်းရန် စတင်ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိဟု စစ်ကောင်စီဆို

နိုင်ငံသား အားလုံးကို စစ်ပွဲအတွင်း ဆွဲသွင်းမည့် အစီအစဥ်၏ တစိတ်တပိုင်း စတင်မှုအဖြစ် စစ်မှုထမ်းရန် အတွက် ပြည်သူများကို ရွေးချယ်ခေါ်ယူမည့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ...

စစ်ရှုံးနေသည့် စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့်ဉပဒေ ကျင့်သုံးတော့မည်ဟု ကြေညာ

စစ်ရေးအဖက်ဖက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဉပဒေကို စတင်ကျင့်သုံး တော့မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၀ )တွင် ကြေညာလိုက်သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့်...

Latest news