စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်တော်လှန်းရေးထဲ လူငယ်ပါဝင်မှုတိုးလာ

အာဏာသိမ်း စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးသည့်နောက် အရွယ်ရောက်ပြီး လူငယ်များသည် စစ်ကောင်စီတပ်ထဲသို့ မဝင်လိုသောကြောင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစု အသီးသီးထံသို့ ရောက်ရှိလာနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ စစ်ကောင်စီက ပြည်သူ့စစ် မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးသည့်နောက်
စစ်မှုထမ်းရန် အရွယ်ရောက်ပြီးလူငယ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံခြားသို့ ထွက်ပြေးခဲ့ရ သကဲ့သို့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည့် လူငယ်များလည်း လက်နက်ကိုင် တော်လှန်ရေးအင်အားစုများထံသို့ ရောက်ရှိလာကြသည်။

“အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် အဓိက လမ်းစဉ် ဖြစ်သည့် လက်နက်ကိုင်တော်လှန်းရေးကို ဆင်နွဲရာတွင် အခြားမဟာမိတ်များနှင့်အတူ ဆုံးခန်း တိုင်အောင် ပါဝင်မည်” ဟု ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ၎င်းပြုလုပ်ခဲ့သော အပတ်စဉ် (၁) အခြေခံသင်တန်းဆင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါအပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

ထိုသင်တန်းကာလကို ၂ လခန့်ကြာပြုလုပ်ခဲ့ပြီး တက်ရောက်သူ သင်တန်းသားများ စုစုပေါင်း ၂၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရသည်။

သင်တန်းကာလတွင် သင်တန်းသားများအတွက် ကျန်းမာကြံ့ခိုင်စေရန်နှင့် ခက်ခဲ၊ ကြမ်းတမ်း ပြင်းထန်သည့် သင်တန်အမျိုးအစားအပါအဝင် ဓိတ်ဓာတ်ပိုင်း လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေးအခြေခံ အသိကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့သည် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊ ပင်းတယမြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။

ထို့အပြင် ပြည်သူ့များကို စိုးရိမ်ကြောက်လန့်အောင် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် ခြိမ်းခြောက်နေသည့် စစ်ကောင်စီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ဘက်က အရေးယူခြင်း၊ အသိပေးခြင်းပြုလုပ်ခဲ့သည်ဟု ပြောသည်။

“ကျနော်တို့ဖက်ကနေတော့ အတတ်နိုင်ဆုံး ခေါ်ယူပေးပါတယ်ဗျ။ စစ်ကောင်စီအတွက် အဓိကအလုပ်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း သတိပေးစာတွေ ပို့ထားပေးပါပြီ” ဟုဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ထံသို့ ပါဝင်ပူးပေါင်း လာသည့် လူငယ်များလည်းရှိသည်။

“အခုစစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ကျနော်တို့ဆီကို ရောက်လာတဲ့လူငယ်တွေရှိတယ်” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည်လည်း နေပြည်တော်အနီး စစ်ရေးလှုပ်ရှားနိုင်ရန်အတွက် ဗျူဟာအမှတ် (၈) ကို ယခုဇွန်လအတွင်း ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ထပ်မံဖွဲ့စည်းလိုက်သည့် ဗျူဟာအမှတ် (၈) တွင် KNDF ၏ တပ်ရင်း အမှတ် ၂၂၊ အမှတ် ၂၃၊ အမှတ် ၂၄ တို့ပါဝင်သွားမည်ဖြစ်ပြီး ဖယ်ခုံ၊ ပေါင်းလောင်း၊ ပင်လောင်းဒေသတွင် လှုပ်ရှားသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် မေလတွင်လည်း KNDF သည် ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့တွင် လှုပ်ရှားသွားမည့် ဗျူဟာ အမှတ် (၇) ကို တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းခဲ့သည်။

စစ်ကောင်စီသည် တနိုင်ငံလုံးမှ တော်လှန်တိုက်ခိုက်မှုများတွင် ဆုံးရှုံးများနေပြီး စစ်သည်သော် အင်းအား။ လိုအပ်ခဲ့ရာ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ပြုလုပ်ခဲ့သော်လည်း သင်တန်းပေးနေစဉ် ကာလအတွင်း သင်တန်းသားများထွက်ပြေးခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...