စစ်ရှုံးနေသည့် စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့်ဉပဒေ ကျင့်သုံးတော့မည်ဟု ကြေညာ

စစ်ရေးအဖက်ဖက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဉပဒေကို စတင်ကျင့်သုံး တော့မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၀ )တွင် ကြေညာလိုက်သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါဉပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်ကျင့်သုံးရန် စစ်ကောင်စီ လက်အောက်ခံ သတင်းဌာနများက ကြေညာလိုက်သည်။

ထိုဉပဒေသတွင် နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသားများဖြစ်လျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများဖြစ်လျှင် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။
အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသားကို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးကို ၁၈ နှစ်မှ ၃၅ နှစ်အထိ သတ်မှတ်ထားသည်။

“ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျနော် တို့ရပ်ကွက်မှာ လူကြီးတွေက သန်းခေါင်စာရင်းတွေ လိုက်ကောက်တယ်။ အိမ်တိုင်းလိုက်ကောက်တယ်။ ဒီအိမ်မှာ ယောင်္ကျားဘယ်နှယောက်နေသလဲဆိုပြီး မေးတယ်။ တစ်ရပ်ကွက်ကို ၁၀ ယောက် စစ်မှုထမ်းကောက်မယ်လို့ ကြားတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
စစ်မှုထမ်းသူများအနေဖြင့် တစ်လလျှင် ၆ သိန်းကျပ် လစာပေးမည်ဟုလည်း စစ်​ကောင်စီက မက်လုံးပေးနေကြောင်း သိရသည်။

ထို့အပြင် စစ်တပ်တွင် နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး စစ်ကောင်စီက စစ်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရသူများ ဖြစ်ပါက သုံးနှစ်အထိ စစ်မှုထမ်းရမည်ဖြစ်သလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်လာလျှင် ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ဉပဒေ၌ ပြဌာန်းထားသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုတော့ ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး ထိုအဖွဲ့မှတစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်မည်ဖြစ်သည်။
ဤကဲ့သို့ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေပါက ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဟု ဉပဒေတွင် ပြန်ဌားထားပြန်သည်။

နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အသက်ကြီးသည့် မိဘများကို ပြုစုစောင့်ရှောက်နေရသည့် သူများ၊ မူးယစ်ဆေးဝါးဖြတ်၊ ဆေးကုနေရသူများနှင့် ထောင်ကျနေသူများကိုတော့ တာဝန်ထမ်းဆောင်ရန် ယာယီရွှေ့ဆိုင်နိုင်းကြောင်း ဆိုသည်။

သာသနာ့ဝန်းထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါ မသန်းစွမ်းသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှကင်းလွတ်ခွင့်ပြုသူများကတော့ တာဝန်ထမ်းရန် မလိုအပ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ၎င်းတို့နှင့်ဆန့်ကျင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်တပ်များကို ရင်ဆိုင်တိုက်ခိုက်နေသည့်အတွက်ကြောင့် စစ်အင်အားချိနဲ့ လာကာ ပြည်သူ့စစ်အဖွဲ့များအား အခြေခံစစ်ပညာသင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း လုပ်ဆောင်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...