Wednesday, January 28, 2026

သင်္ကြန်အပြီး စစ်မှုထမ်းရန် စတင်ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိဟု စစ်ကောင်စီဆို

နိုင်ငံသား အားလုံးကို စစ်ပွဲအတွင်း ဆွဲသွင်းမည့် အစီအစဥ်၏ တစိတ်တပိုင်း စတင်မှုအဖြစ် စစ်မှုထမ်းရန် အတွက် ပြည်သူများကို ရွေးချယ်ခေါ်ယူမည့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းမှုနှင့် အတူ စစ်မှုထမ်းရန်အတွက် စတင်ဆင့်ခေါ် လူသစ်စုဆောင်းမှုကို သင်္ကြန်ကာလ ရုံးပိတ်ရက် အပြီး ဧပြီလအတွင်း စတင်မည်ဖြစ်ကာ ပထမ အသုတ် အနေဖြင့် လူ ၅,၀၀၀ အောက် စတင် ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီ ၁၃)ရက် BBC သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ထို့အပြင် စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြားဖြတ် သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း၊ စုစုပေါင်း ၁၄ သန်းရှိသည်ဟု ယမန်နေ့က စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှ တစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခြင်း ဖြစ်သည်။

“စီးပွားရေးသမားတွေ၊ ကွန်ပျူတာပညာရှင်တွေ စတဲ့ ပညာရှင်တွေက သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီရုပ်သံမှ တစ်ဆင့် ပြောဆိုထားသည်။

မီဒီယာ သမားများလည်း စစ်မှုထမ်းရမည်ဟု BBC သတင်းဌာနသို့ ၄င်းကပြောဆိုသည်။

ယခု ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

ထို့အပြင် ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများ အနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် တာဝန်ရှိမည် ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဥပဒေ၌ ပြဋ္ဌာန်းထားသည်။

ယခုဥပဒေနှင့် ပတ်သက်၍ “သူတို့မှာ လူမရှိတော့ဘူး၊ လူမရှိတော့ အတွက် မရရတဲ့နည်းနဲ့ သူတို့လိုက်လုပ်တာ။ ဒါပေမယ့် မှန်ကန်တဲ့နည်း မဟုတ်ဘူး။ သူတို့အနေနဲ့ နောက်ဆုံး ကျဆုံးတဲ့ အထိတောင် ရောက်နိုင်တယ်” ဟု အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က VOA သတင်းဌာနကို ယမန်နေ့က ပြောဆိုထားသည်။

ယခု ပြဌာန်းလိုက်သည့် ဥပဒေ၏ နောက်ဆက်တွဲ အဖြစ် စစ်မှုမထမ်းလိုသူများထံမှ ငွေညှစ်မှုများ၊ စစ်ဗိုလ်ချုပ်များ၏ လာဘ်စားမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် ပြည်သူလူထု၏ နာကျည်းမှုကို ပိုမိုခံစားရမည်ဟု သူကသုံးသပ်သည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကမူ နည်းဥပဒေ ပြဌာန်းချက်တွင် စစ်မှုထမ်းကာလ ဆိုင်းငံ့ခွင့်ကို အကျိုးအကြောင်းဖော်ပြ လျှောက်ထားနိုင်သည့် အချက် ပါရှိသော်လည်း လျှောက်ထားသူ အနေဖြင့် တချိန်တွင် မဖြစ်မနေ စစ်မှုထမ်းရမှုဟု ဆိုသည်။

စစ်သင်တန်း ပြီးဆုံးသည့် ပြည်သူများကို ရှေ့တန်း စစ်မြေပြင် စေလွှတ်မည်ဟုလည်း ပြောဆိုသည်။

“ဥပမာ အသက် ၃၄ နှစ်ရှိတဲ့ အမျိုးသားက အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းကာလ ဆိုင်းငံ့ခွင့် လျှောက်ထားတယ် ဆိုပါစို့။ ဒါပေမယ့် ဆိုင်းငံကာလ ပြည့်သွားတဲ့အချိန် တချိန်ချိန်မှာ အသက် ၃၅ ကျော်သွားပေမယ့်လည်း စစ်မှုထမ်းရပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကဆိုသည်။

ထို့အပြင် ကျောင်းတက်ရောက်နေသူများ၊ နိုင်ငံခြားရောက်နေသူများ အနေဖြင့်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမည် ဖြစ်ပြီး ပညာသင်ကြားပြီးပါက၊ နိုင်ငံရပ်ခြားမှ ပြန်ရာက်ပါက စစ်မှုထမ်းရမည်ဟု ၄င်းကရှင်းပြသည်။

စစ်ကောင်စီ အနေဖြင့် အင်အားနည်းနေပြီး ကာကွယ်နိုင်စွမ်း လျော့နည်းနေသည့် အတွက် ယခုလို လူသစ်စုဆောင်းခြင်းပြီး စစ်ကောင်စီကို မထောက်ခံသူများ တပ်တွင်း ဝင်ရောက်ခြင်းဖြင့် တပ်တွင်း အချင်းချင်း ပစ်ခတ်မှုများ ပုန်ကန်မှုများ ပိုများလာမည်ဟု KNDF ဥက္က ခွန်းဘီထူးက BBC သတင်းဌာနသို့ သုံးသပ် ပြောဆိုထားသည်။

စစ်ကောင်စီသည် ယခုပြဌာန်းသည့် ‘ပြည်သူ့စစ်မှုထမ်း ဥပဒေ’ သာမက အငြိမ်းစား စစ်သားဟောင်းများအား တပ်ထဲ ပြန်ထည့်မည့် “အရန်တပ်ဖွဲ့ ဥပဒေ” ကို အသက်သွင်းကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေအရ စစ်ထဲတပ်မှ ထွက်ခွင့်ရသူများနှင့် ပင်စင်ရသူများ အနေဖြင့် ထွက်ခွင့်ကျသည့်နေ့မှ ၅ နှစ်အထိ ဆက်လက် စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်ပိုင်ခွင့်ရှိမည် ဖြစ်သည်။

အထက်ပါ ဥပဒေကိုလည်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့ခြင်းပင် ဖြစ်သည်။

ယခုလို စစ်စည်းရုံးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား မျိုးစစ်စိတ်ရှိသူများ အနေဖြင့် ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်ရန် အတွက် ဂုဏ်ယူစွာ စစ်မှုထမ်းသင့်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ပိုင် မြဝတီ ရုပ်သံမှ တစ်ဆင့် တိုက်တွန်းထားသည်။

စစ်စည်းရုံးသည့် ဥပဒေများ ဆက်တိုက်ထုတ်ပြန်နေသဖြင့် နိုင်ငံတဝှမ်း ပြည်သူလူထု စိုးရိမ်မှု မြင့်တက်နေစဥ် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် မကွေးမြို့များတွင် စစ်မှုမထမ်းမနေရ ဥပဒေ ကြိုဆိုထောက်ခံပွဲကို စစ်တပ်ထောက်ခံသူများ ယမန်နေ့ နံနက်ပိုင်းက အချိန်ကိုက် ပြုလုပ်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...