သင်္ကြန်အပြီး စစ်မှုထမ်းရန် စတင်ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိဟု စစ်ကောင်စီဆို

နိုင်ငံသား အားလုံးကို စစ်ပွဲအတွင်း ဆွဲသွင်းမည့် အစီအစဥ်၏ တစိတ်တပိုင်း စတင်မှုအဖြစ် စစ်မှုထမ်းရန် အတွက် ပြည်သူများကို ရွေးချယ်ခေါ်ယူမည့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းမှုနှင့် အတူ စစ်မှုထမ်းရန်အတွက် စတင်ဆင့်ခေါ် လူသစ်စုဆောင်းမှုကို သင်္ကြန်ကာလ ရုံးပိတ်ရက် အပြီး ဧပြီလအတွင်း စတင်မည်ဖြစ်ကာ ပထမ အသုတ် အနေဖြင့် လူ ၅,၀၀၀ အောက် စတင် ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီ ၁၃)ရက် BBC သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ထို့အပြင် စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြားဖြတ် သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း၊ စုစုပေါင်း ၁၄ သန်းရှိသည်ဟု ယမန်နေ့က စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှ တစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခြင်း ဖြစ်သည်။

“စီးပွားရေးသမားတွေ၊ ကွန်ပျူတာပညာရှင်တွေ စတဲ့ ပညာရှင်တွေက သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီရုပ်သံမှ တစ်ဆင့် ပြောဆိုထားသည်။

မီဒီယာ သမားများလည်း စစ်မှုထမ်းရမည်ဟု BBC သတင်းဌာနသို့ ၄င်းကပြောဆိုသည်။

ယခု ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

ထို့အပြင် ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများ အနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် တာဝန်ရှိမည် ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဥပဒေ၌ ပြဋ္ဌာန်းထားသည်။

ယခုဥပဒေနှင့် ပတ်သက်၍ “သူတို့မှာ လူမရှိတော့ဘူး၊ လူမရှိတော့ အတွက် မရရတဲ့နည်းနဲ့ သူတို့လိုက်လုပ်တာ။ ဒါပေမယ့် မှန်ကန်တဲ့နည်း မဟုတ်ဘူး။ သူတို့အနေနဲ့ နောက်ဆုံး ကျဆုံးတဲ့ အထိတောင် ရောက်နိုင်တယ်” ဟု အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က VOA သတင်းဌာနကို ယမန်နေ့က ပြောဆိုထားသည်။

ယခု ပြဌာန်းလိုက်သည့် ဥပဒေ၏ နောက်ဆက်တွဲ အဖြစ် စစ်မှုမထမ်းလိုသူများထံမှ ငွေညှစ်မှုများ၊ စစ်ဗိုလ်ချုပ်များ၏ လာဘ်စားမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် ပြည်သူလူထု၏ နာကျည်းမှုကို ပိုမိုခံစားရမည်ဟု သူကသုံးသပ်သည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကမူ နည်းဥပဒေ ပြဌာန်းချက်တွင် စစ်မှုထမ်းကာလ ဆိုင်းငံ့ခွင့်ကို အကျိုးအကြောင်းဖော်ပြ လျှောက်ထားနိုင်သည့် အချက် ပါရှိသော်လည်း လျှောက်ထားသူ အနေဖြင့် တချိန်တွင် မဖြစ်မနေ စစ်မှုထမ်းရမှုဟု ဆိုသည်။

စစ်သင်တန်း ပြီးဆုံးသည့် ပြည်သူများကို ရှေ့တန်း စစ်မြေပြင် စေလွှတ်မည်ဟုလည်း ပြောဆိုသည်။

“ဥပမာ အသက် ၃၄ နှစ်ရှိတဲ့ အမျိုးသားက အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းကာလ ဆိုင်းငံ့ခွင့် လျှောက်ထားတယ် ဆိုပါစို့။ ဒါပေမယ့် ဆိုင်းငံကာလ ပြည့်သွားတဲ့အချိန် တချိန်ချိန်မှာ အသက် ၃၅ ကျော်သွားပေမယ့်လည်း စစ်မှုထမ်းရပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကဆိုသည်။

ထို့အပြင် ကျောင်းတက်ရောက်နေသူများ၊ နိုင်ငံခြားရောက်နေသူများ အနေဖြင့်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမည် ဖြစ်ပြီး ပညာသင်ကြားပြီးပါက၊ နိုင်ငံရပ်ခြားမှ ပြန်ရာက်ပါက စစ်မှုထမ်းရမည်ဟု ၄င်းကရှင်းပြသည်။

စစ်ကောင်စီ အနေဖြင့် အင်အားနည်းနေပြီး ကာကွယ်နိုင်စွမ်း လျော့နည်းနေသည့် အတွက် ယခုလို လူသစ်စုဆောင်းခြင်းပြီး စစ်ကောင်စီကို မထောက်ခံသူများ တပ်တွင်း ဝင်ရောက်ခြင်းဖြင့် တပ်တွင်း အချင်းချင်း ပစ်ခတ်မှုများ ပုန်ကန်မှုများ ပိုများလာမည်ဟု KNDF ဥက္က ခွန်းဘီထူးက BBC သတင်းဌာနသို့ သုံးသပ် ပြောဆိုထားသည်။

စစ်ကောင်စီသည် ယခုပြဌာန်းသည့် ‘ပြည်သူ့စစ်မှုထမ်း ဥပဒေ’ သာမက အငြိမ်းစား စစ်သားဟောင်းများအား တပ်ထဲ ပြန်ထည့်မည့် “အရန်တပ်ဖွဲ့ ဥပဒေ” ကို အသက်သွင်းကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေအရ စစ်ထဲတပ်မှ ထွက်ခွင့်ရသူများနှင့် ပင်စင်ရသူများ အနေဖြင့် ထွက်ခွင့်ကျသည့်နေ့မှ ၅ နှစ်အထိ ဆက်လက် စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်ပိုင်ခွင့်ရှိမည် ဖြစ်သည်။

အထက်ပါ ဥပဒေကိုလည်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့ခြင်းပင် ဖြစ်သည်။

ယခုလို စစ်စည်းရုံးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား မျိုးစစ်စိတ်ရှိသူများ အနေဖြင့် ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်ရန် အတွက် ဂုဏ်ယူစွာ စစ်မှုထမ်းသင့်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ပိုင် မြဝတီ ရုပ်သံမှ တစ်ဆင့် တိုက်တွန်းထားသည်။

စစ်စည်းရုံးသည့် ဥပဒေများ ဆက်တိုက်ထုတ်ပြန်နေသဖြင့် နိုင်ငံတဝှမ်း ပြည်သူလူထု စိုးရိမ်မှု မြင့်တက်နေစဥ် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် မကွေးမြို့များတွင် စစ်မှုမထမ်းမနေရ ဥပဒေ ကြိုဆိုထောက်ခံပွဲကို စစ်တပ်ထောက်ခံသူများ ယမန်နေ့ နံနက်ပိုင်းက အချိန်ကိုက် ပြုလုပ်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...