Saturday, May 4, 2024

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးသူအား ထိရောက်စွာ အရေးယူမည်ဟု ရှမ်းတောင် တော်လှန်ရေး အင်အားစု အသိပေး

Must read

သျှမ်းတောင် မြို့နယ်များတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အထောင်အထည်ဖော်ပေးနေသူအား ထိရောက်စွာအရေး ယူသွားမည်ဟု ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေး အင်အားစုက အသိပေးထုတ်ပြန် ကြေညာလိုက်သည်။  

အဆိုပါ အသိပေးထုတ်ပြန်ကြေငြာချက်ကို ယနေ့ (မတ်လ ၁၈) ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် သျှမ်းတောင်ရှိ မြို့နယ်ပြည်သူများကို အခွင့်ကောင်းယူ နေသောမြို့နယ်များမှ လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် နောက်လိုက်များသိရှိစေရန် ကြေညာရခြင်းဖြစ်ကြောင်း ဆိုသည်။ 

၎င်းတို့သည် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ပြည်သူများအားမတရား ခြိမ်းခြောက် အကျိုးစီးပွား ရှာနေသည်ကို သိရှိပြီးအပြင် ၎င်းတို့ကိုယ်ရေးအချက်အလက်များလည်း တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်နေ ပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ 

ထို့ကြောင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီ၏စစ်မှုထမ်း ဥပဒေကို ထပ်မံအကောင်အထည်ဖော်ပေးပါက တော်လှန်ရေးလူငယ်အာင်အားစု (SSRY) အမှတ် ၁၀၀၈ တပ်ရင်းမှ ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည့် အလိမ်အညာ စစ်မှုထမ်းဥပဒေကိုလည်း ရှမ်းပြည်နယ် တောင်ပိုင်း တောလှန်ရေးလူငယ်အင်အားစု​ (SSRY) အမှတ် ၁၀၀၈ တပ်ရင်းက ပြင်းပြင်းထန်ထန် ရှုံချကန့်ကွက်ကြောင်း ဆိုသည်။ 

Leave a Comments

- Advertisement -spot_img

Latest article