မူဆယ်မြို့ အမျိုးသားတစ်ဦး ပြန်ပေးဆွဲ ခံရ

သျှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အမည်မသိလက်နက်ကိုင် အဖွဲ့က အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) နေ့လည် ၁၁ နာရီခွဲ ကျော်တွင် မူဆယ်မြို့ မင်္ဂလာမူဆယ် အိမ်ယာမှာနေထိုင်သည့် အမျိုးသားတစ်ဉီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၃ ဦးက ပြန်ပေးဆွဲကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” အဲ့အမျိုးသားတစ်ဉီးက မင်္ဂလာမူဆယ် အိမ်ယာမှာနေနေတာ။ အမည်မသိ အမျိုးသား ၃ဦးက ကားနဲ့လာပြီး အဲ့တိုက်ခန်းကို ဝင်သွားတယ်။ ပြီးတော့ ဖမ်းခေါ်သွားတာပဲ” ဟု ၎င်းက ပြောသည်။​

မူဆယ်မြို့တွင် ပြည်သူ့စစ်များ၊​လက်နက်ကိုင်တပ်ဖွဲ့များပြီး လက်ရှိမှာ မည်သည့်အဖွဲ့မှ ဖမ်းဆီးသွားသည်ကို မသိရှိကြောင်း၊ ထိုကဲ့သို့ မကြာခဏ ပြန်ပေးဆွဲမှုပြုလုပ်လေ့ရှိကြောင်းလည်း မူဆယ် ဒေသခံ အမျိုးသားက ပြောသည်။

” ဒီမှာက မကြခဏဖြစ်တယ်။​ ဖမ်းသွားတယ် ပြီးရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်။ ပိုက်ဆံတောင်းတာမပေးရင် သတ်လိုက်တယ်။ ပြည်သူ့စစ်ကလည်း များတော့ ဘယ်သူဆိုတာ မသိဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

မူဆယ်မြို့နယ်တွင် ပြည်သူများအတွက် လုံခြုံရေး ကင်းမဲ့နေပြီး လက်နက်ကိုင်များ ပေါများနေသည့် အတွက် ဒေသခံများ စိုးရိမ်စရာနေကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိသည်

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခုဖြစ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...