သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပန်ခမ်းတံတားအနီးတွင် ဂိတ်ဖွင့်ပြီး ကုန်တင်ကားများကို အခွန်ကောက်ခံနေသည့် စစ်ကောင်စီ တစ်ဦး သေနတ် ပစ်သတ်ခံရပြီး ထိုနေရာတွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၄) ရက် ညနေ ၃ နာရီကျော်တွင် ဆိုင်ကယ်တစ်စီး နှင့် သေနတ်ကိုင်ဆောင်သူ အမည်မသိ အမျိုးသားနှစ်ဦးတွင် စစ်ကောင်စီ တစ်ဦးဖြစ်သည့် ကိုဖုန်း ဆိုသူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မူဆယ်မြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အမျိုးသား နှစ်ယောက် ဆိုင်ကယ် တစ်စီးအတူစီးလာပြီးတော့ ဂိတ်အရောက်မှာ သေနတ်ထုတ်ပြီး ပစ်သတ်လိုက်တာ။ ပစ်ပြီးသူတို့က ထွက်ပြေးသွားတယ်။ ပစ်ခံရတဲ့ တစ်ယောက်က ကိုဖုန်း လို့တော့ ပြောတယ်။ အဲ့မှာဘဲ သေနတ် ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေသွားတယ် “ ဟု ၎င်း မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ မှုခင်း ဖြစ်ပွားပြီးနောက် သေဆုံးသည့် ကို ၎င်း လက်အောက်ငယ်သားများက ခေါ်ဆောင်သွားကြောင်း သိရသည်။
ကိုဖုန်း ဆိုသူသည် မူဆယ်မြို့ ပန်ခမ်းတံတားပေါ်သို့ ဖြတ်သွားလာသည့် ကုန်တင်ကားများကို အခွန်ကောက်ခံနေကြောင်း သိရသည်။











Leave a Comments