Tuesday, January 27, 2026

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း စုံစမ်းသိရသည်။

.

စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာ နေလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း စစ်အင်အား ဖြည့်တင်းပြီး ဒေသတွင်း ပြည်သူ့စစ်များကို တပ်ဖွဲ့ တဖွဲ့လျှင် အင်အား ၁၀၀ ဖြင့် ပါဝင်ပေးရန် တောင်းခံခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူ့စစ်

“အခု လောလောဆယ်တော့ ပြည်သူ့စစ်ဘက်က အင်အား ၃၀၀ ကျော်ရှိပြီလို့ သိရတယ်။ PNO ၊ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် ပါတယ်။ နောက်ပြီး နားရိုင်းပြည်သူ့စစ်တွေ ကောပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုကို အင်အား ၁၀၀ ပါဖို့ တောင်းထားတယ်လို့တော့ ကြားတယ် “ ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦး ကဆိုသည်။

လက်ရှိမှာ စစ်ကောင်စီတပ်အတွက် လဲချားမြို့နယ်အတွင်း နယ်မြေတိုးချဲ့ လှုပ်ဆောင်ရန်အတွက် ပါဝင်လာသည့် ပြည်သူ့စစ်တပ်ဖွဲ့သည် PNO အပါအဝင် SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် နှင့် နားရိုင်းပြည့်စစ်များ ဖြစ်ကြောင်း သိရသည်။

ယခင် လဲချားမြို့ အဝင် နှင့် အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ မဟုတ်သည့် ပြည်သူ့စစ်တပ်ဖွဲ့တပ်သားများ လုံခြုံရေးအတွက် စောင့်ဆိုင်းနေလျက်ရှိကြောင်း လဲချားမြို့ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

“မနေ့က ထပ်ကြားတာ မြို့အဝင်၊ အထွက် လမ်းမကြီးမှာ သဲကျောက်တွေ ခင်းထားလို့ ကားတွေ ဖြတ်သန်းသွားတာ မရတော့ဘူးလို့ ပြောတယ်။ နောက်ပြီး ဂိတ်တွေမှာလည်း အရင်တုန်းက ပြည်သူ့စစ်တွေ စောင့်နေတာ ရှိတယ်လေ။ ဒါက စစ်ရေးအရဆိုတော့ မပြောတတ်ဘူး“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လဲချားမြို့နယ်အတွင်း တိုက်ပွဲသည် ပြီးခဲ့သည့် သြဂုတ် ၆ ရက်တွင် SSPP/SSA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သည်။ လက်ရှိမှာလည်း နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြန်ဖြစ်မည်ကို ပြည်သူများ ကစိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...