Tuesday, April 30, 2024

မူဆယ်မြို့ ရွှေနဂါးဟိုတယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား အမျိုးသား ၁ ဉီးသေဆုံး

Must read

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ရွှေနဂါး ဟိုတယ်တွင် ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် အမျိုးသား ၁ ဉီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

Photo- Credit (မူဆယ်မြို့)

ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ညပိုင်းအချိန်တွင် မူဆယ်မြို့ ရှိ ရွှေနဂါးဟိုတယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဉီး ပွဲချင်းပြီး သေဆုံးသွားကြောင်း မူဆယ်မြို့ဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” မနေ့ညအချိန်တုန်းက ဖြစ်ပွားတာ။ ပစ်ခံရတဲ့ တစ်ယောက်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်လို့ ပြောတယ်။ အဲ့မှာပဲ ပွဲချင်းပြီးသေသွားတာ”ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသွားသူ အမျိုးသားတစ်ဉီးသည် မည်သူဖြစ်ကြောင်း မရှိရဘဲ ဒေသခံများ၏ ပြောပြချက်အရ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဉီးဖြစ်ကြောင်းပြောဆိုသော်လည်း သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့သည် တရားဉပဒေ ကင်းမဲ့နေလျက်ရှိပြီး မကြာခဏ ဟိုတယ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားသလို လူထိခိုက်သေဆုံးမှုများလည်း ရှိသည်။

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် မူဆယ်မြို့ပေါ် သို့ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ဉီးရေ ၂ ထောင်ကျော်ရှိ​နေသည်။

Leave a Comments

- Advertisement -spot_img

Latest article