Wednesday, January 28, 2026

မူဆယ် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည် မူဆယ်မြို့ စက်မှုရပ်ကွက်အတွင်းရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ယနေ့ ( ဇွန် ၁၆) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်၌ ပြည်သူ့စစ်တပ်ဖွဲ့တစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စက်မှု ရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင်း အသက် ၅၀ ဝန်းကျင် ပြည်သူ့စစ်တပ်ဖွဲ့တစ်ဦးကို ဆိုင်ကယ်နှစ်စီး နှင့် လူ ၄ ဦးက ဝင်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မူဆယ်မြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်အဖွဲ့ လာပစ်သွားမှန်း မသိဘူး။ ခေါက်ဆွဲဆိုင်ထဲဝင်ပြီး သေနတ် နဲ့ လာပစ်သွားတာ။ ပစ်ခံရတဲ့သူက မန်ဂျယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်က လို့ကြားတယ်။ သေနတ် ၃ ချက် ထိသွားတယ်။ ပါးစပ်နားလေးထိတယ်သွားလို့ ပြောတယ်။ ပေါက်သွားလားတော့ မသိဘူး။ ပုခုံး နဲ့ နံရိုး တွေ ထိသွားတယ် “ ဟု ၎င်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မူဆယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ခဲ့ရာမှာ ပြင်းထန်စွာ ဒဏ်ရာ၊ ဒဏ်ချက်ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို စက်မှုရပ်ကွက်အတွင်းရှိ ပစ်ခတ်မှုသည် ယခုတစ်ကြိမ် အပါအဝင် ဒုတိယအကြိမ် ပစ်ခတ်မှု ဖြစ်ပွားနေပြီး ဆက်ကြေးကောက်ခံခြင်း နှင့် ပတ်သက်၍ ပြည်သူ့စစ်တပ်ဖွဲ့ အချင်းချင်း လုပ်ကြံမှုလည်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုသည်။

“ဒီနေရာမှာ အရင်ကလည်း ဖြစ်ဖူးတယ်။ ဒီတစ်ခါနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီ။ အခု ပစ်ခတ်ခံရတာတော့ ဆက်ကြေး ကောက်တာ နဲ့ ပတ်သက်ပြီး သူတို့ အချင်းချင်းက လုပ်ကြံပြီး ပစ်တာလည်း ဖြစ်နိုင်တယ် “ ဟု အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့များလည်း မကြာခဏဆိုသလို ပစ်ခတ်ခံရပြီး သေဆုံးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...