မူဆယ် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည် မူဆယ်မြို့ စက်မှုရပ်ကွက်အတွင်းရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ယနေ့ ( ဇွန် ၁၆) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်၌ ပြည်သူ့စစ်တပ်ဖွဲ့တစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စက်မှု ရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင်း အသက် ၅၀ ဝန်းကျင် ပြည်သူ့စစ်တပ်ဖွဲ့တစ်ဦးကို ဆိုင်ကယ်နှစ်စီး နှင့် လူ ၄ ဦးက ဝင်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မူဆယ်မြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်အဖွဲ့ လာပစ်သွားမှန်း မသိဘူး။ ခေါက်ဆွဲဆိုင်ထဲဝင်ပြီး သေနတ် နဲ့ လာပစ်သွားတာ။ ပစ်ခံရတဲ့သူက မန်ဂျယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်က လို့ကြားတယ်။ သေနတ် ၃ ချက် ထိသွားတယ်။ ပါးစပ်နားလေးထိတယ်သွားလို့ ပြောတယ်။ ပေါက်သွားလားတော့ မသိဘူး။ ပုခုံး နဲ့ နံရိုး တွေ ထိသွားတယ် “ ဟု ၎င်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မူဆယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ခဲ့ရာမှာ ပြင်းထန်စွာ ဒဏ်ရာ၊ ဒဏ်ချက်ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို စက်မှုရပ်ကွက်အတွင်းရှိ ပစ်ခတ်မှုသည် ယခုတစ်ကြိမ် အပါအဝင် ဒုတိယအကြိမ် ပစ်ခတ်မှု ဖြစ်ပွားနေပြီး ဆက်ကြေးကောက်ခံခြင်း နှင့် ပတ်သက်၍ ပြည်သူ့စစ်တပ်ဖွဲ့ အချင်းချင်း လုပ်ကြံမှုလည်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုသည်။

“ဒီနေရာမှာ အရင်ကလည်း ဖြစ်ဖူးတယ်။ ဒီတစ်ခါနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီ။ အခု ပစ်ခတ်ခံရတာတော့ ဆက်ကြေး ကောက်တာ နဲ့ ပတ်သက်ပြီး သူတို့ အချင်းချင်းက လုပ်ကြံပြီး ပစ်တာလည်း ဖြစ်နိုင်တယ် “ ဟု အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့များလည်း မကြာခဏဆိုသလို ပစ်ခတ်ခံရပြီး သေဆုံးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...