ပင်လောင်း
ပင်လောင်းမြို့နယ် စစ်ဘေးရှောင်များ နေရပ်မပြန်လျှင် နေအိမ်ချိတ်ပိတ်မည်ဟု PNO ခြိမ်းခြောက်
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းနေထိုင်သည့် စစ်ဘေးရှောင်များ မိမိနေရပ်သို့မပြန်လျှင် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့သည် ၂၀၂၄ခုနစ် နိုဝင်ဘာ ၂၄ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများ နီးစပ်ရာ မြို့၊ရွာများတွင် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ထို့စစ်ဘေးရှောင်များကို စစ်ကောင်စီ၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဇန်နဝါရီလ ပထမပတ်တွင် နေရပ်ပြန်ရန် နှင့် နေရပ်မပြန်လျှင် နေအိမ်များချိတ်ပိတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့(PNO) တပ်သားတွေက မနေ့ကပြောလာတယ်။ မပြန်လို့ မရဘူး တဲ့ မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်တဲ့။ ပြန်ရင်လည်းစစ်ဝတ်စုံဝတ်ပြီးတော့ ကင်းစောင့် ရမယ်။ ကင်းမစောင့် ပေးနိုင်ရင်လည်း တစ်လကို ၂ သောင်းခွဲလောက်ပေးရမယ်တဲ့။အဲ့လိုတွေလုပ်နေတော့ တခုမဟုတ် တခုက ခံကိုခံရမှာလေ။”ဟု ၎င်း အမျိုးသားက ဆိုသည်။ လက်ရှိ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့ပေါ်၊ နောင်တရား၊ ညောင်ရွှေနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နေရပ်ပြန်ရန်အခက်အခဲများကြုံတွေ့နေသည့် မိသားစုများလည်း ရှိနေကြောင်း လည်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။ “တချို့ က ရွာကိုပြန်တာတွေလည်း ရှိတယ်။ထွက်ပြေးပြီးကတည်းက ရွာမှာအလုပ်က သိပ်မရှိတော့ဘူး။ အဲ့တော့ရွာမှာ ကလည်းတချို့ကမနေချင်ကြဘူး။ တိုက်ပွဲလည်း...
ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတောင်းနေတဲ့ PNO
သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ...
လူသားဒိုင်း ဖမ်းဆီးထိန်းသိမ်းခံရသော ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင်း ကား၊ဆိုင်ကယ်များ ပျောက်ဆုံးနေ
သျှမ်းပြည် ဖယ်ခုံမြို့နယ် ကျေးရွာဒေသခံများကို စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ရွာအတွင်း၌ ပစ္စည်းအပြင် ကား၊ဆိုင်းကယ်များပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ (၂၄၀) ကျော်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ်...
ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲသေး
သျှမ်းပြည် ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ တပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပင်လောင်းမြို့နယ် အတွင်း စစ်ကောင်စီ၊ PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ညောင်ရွှေမြို့နယ်သို့...
လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ညအချိန် ဒရုန်းများလွှတ်ခြင်းကြောင့် စစ်ရှောင်များ ထိတ်လန့်နေ
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်သည် ညအချိန်တွင် ဒရုန်း အစင်းရေများလွှတ်တင်နေတာကြောင့် စစ်ရှောင်ပြည်သူများ ညဘက်အချိန် ထိတ်လန့်နေကြသည်ဟု စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် ၂၀၂၃ (နိုဝင်ဘာလ ၁၁ ရက်)မှ စတင်ခဲ့သည့် “၁၁.၁၁စစ်ဆင်ရေး”တစ်နှစ်ပြည့်ခဲ့သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ် နှင့်ဗုံးကြဲတိုက်ခိုက်မှု များကြောင့် လွိုင်ကော် ပြည်သူအများစုသည်...
စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ် ဒေသခံ ၂၄၀ ကျော်နေရပ် မပြန်ရသေးကြောင်း သိရသည်။ ဖယ်ခုံမြိုနယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် (နိုဝင်လာလ ၁၁ ရက်) တွင် လူသားဒိုင်း...
ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ
SHAN -
သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့်...
PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း
သျှမ်းပြည် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ်...
ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ
SHAN -
သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူထားပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ လမှ စပြီး နောင်တရားမြို့ စစ်ကောင်စိဂိတ်တွင် ကရင်နီနှင့် တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာသည့် စစ်ရှောင်များ အမျိုးသမီးများကို ဓာတ်ပုံများရိုက်ယူထားကြောင်းစစ်ဘေးရှောင်များကပြောသည်။ ထို့အပြင် ခန္ဓာကိုယ် အသားယူ...
ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်ပွားသောရွာများ မီးရှို့ ဖျက်ဆီးခံရ
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရဿည်။ ပင်လောင်း နှင့် ဖယ်ခုံနယ်စပ်တွင်တည်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်၊ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့်ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။





