ပင်လောင်း

ပင်လောင်းတွင် သူခိုးများသောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး ပင်လောင်းမြို့ တောင်ဘက်နှင့် နောင်တရားမြို့အနီး ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသခံများ၏ သီးနှံများ ပျောက်ဆုံးမှုရှိလာပြီး...

ပင်လောင်း စစ်ရှောင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အသက် ၅၆နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဉီး မုဒိမ်းကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်တွင် အသက် ၅၆နှစ်အရွယ် စစ်ရှောင်အမျိုးသမီးနှင့် ၎င်း၏မြေးသည် ပြောင်းခြံထဲရှိနေစဥ် အသက် ၂၀အရွယ်ရှိ လူငယ်တစ်ဉီးက လာရောက်မုဒိမ်းကျင့်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူ့ကို အသက်...

ပင်လောင်း နှင့် ညောင်ရွှေ ကျေးရွာအချို့ PNO ကရွာပြင်ထွက်ခွင့်ပိတ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ် တွင်ရှိသည့် သစ်ပင်ကောက် ရွာနှင့် နန်းတောင်းရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ဒေသခံများကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ နှင့် PNOက အနီးနားရှိကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်လျက်ရှိသောကြောင့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတို့ကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီး...

ပင်လောင်း-ညောင်ရွှေကြား စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

သျှမ်းပြည် ပင်လောင်းမြို့နှင့် ညောင်ရွှေမြို့ကြားရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ စစ်‌ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် တိုက်ပွဲများကြောင့် ပင်လောင်းမြို့မှ ညောင်ရွှေမြို့သို့ သွားသော လမ်းတကြောရှိ နောင်ပီနှင့် တပ်ဦးမုတ်ကျေးရွာတို့တွင်...

ပင်းလောင်းမြို့ တိုက်ပွဲများ ပြန်ဖြစ်ပွား

သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားသဖြင့် ဒေသခံများနေရပ်မပြန်ရသေး တောထဲတွင် တဲထိုးနေရကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာ တကြောတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ယမန်နေ့ ( အောက်တိုဘာလ ၁ ရက်) နေ့ထိ...

ပင်လောင်းမြို့နယ် တိုက်ပွဲမရှိ စစ်ကောင်စီ တဖက်သတ်ပစ်ခတ်နေ၊ အရပ်သားတစ်ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီသည် စက်တင်ဘာ ၁၇ရက်တွင် ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအတွင်းသို့ တဖက်သတ်ပစ်ခတ်ပြီးနောက် အသက် ၃၀ အရွယ်ရှိ...

ပေါင်းလောင်း ကျေးရွာ ၇ ရွာခန့် အသုံးပြုနေသော ချောင်းကူးတံတား ကျိုးကျသွား

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စုအတွင်း ချောင်းရေကြီးမှုကြောင့် ပိတောက်အင်းချောင်းကူးတံတား ရေထဲမျောပါ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၂၁ ရက်) ညတွင် ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စုအတွင်း ကျေးရွာ ၇ ရွာခန့် အသုံးပြုနေသော ပိတောက်အင်းချောင်းကူးတံတား ရေထဲမျှောပါ ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကျေးရွာပေါင်း ၇...

ပင်လောင်း ပြောင်းခင်း ကို PNO ဖျက်ခိုင်း

သျှမ်းပြည် ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာဒေသခံတောင်သူများ စိုက်ပျိုးထားသော ပြောင်းများကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပြန်ဖျက်ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယခုသြဂုတ်လပထမပတ်တွင် ဖျတ်ဆီးခိုင်းခဲ့ပြီး အရင်းနှီးများစွာဖြင့်ရင်းထားပြီး ယခုလို ပြန်ဖျတ်ရခြင်းကြောင်း ဒေသခံများကစိတ်ထိခိုက်ကြရပြီး သောကပူပြင်မှုများနှင့်ကြုံတွေ့နေရသည်။ "မစိုက်ခင်ပြောပါလားနော် ခုပြောင်းက အသီးသီးတော့မယ် ။မဖျတ်ချင်ရင်လည်း သူတို့က ကျပ်ငွေ သိန်၂၀၀...

ပင်လောင်းမြို့ မကြုံစဖူး ရေကြီးမှု ဖြစ်ပေါ်

သျှမ်းပြည် ပင်လောင်းမြို့တွင် ၂ ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြုံစဖူး ရေကြီး၊ ရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်အတွင်း နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းလာပြီး ဇူလိုင် ၃၀ ရက်မှ စတင်ကာ မထင်မှတ်ထားသည့် တောင်ကျရေကြောင့် မင်္ဂလာရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ အနောက်ရပ်ကွက်ရှိ နေအိမ်များထဲသို့...

ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး

သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု PNDF-KK က ယမန်နေ့ (ဇူလိုင် ၁၇ )ရက်တွင် ဓာတ်ပုံနှင့်အတူထုတ်ပြန်ထားသည်။ ဇွန်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို စစ်ကူပေးရန်...

Latest news