Tuesday, January 27, 2026

ပင်လောင်း စစ်ရှောင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အသက် ၅၆နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဉီး မုဒိမ်းကျင့်ခံရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်တွင် အသက် ၅၆နှစ်အရွယ် စစ်ရှောင်အမျိုးသမီးနှင့် ၎င်း၏မြေးသည် ပြောင်းခြံထဲရှိနေစဥ် အသက် ၂၀အရွယ်ရှိ လူငယ်တစ်ဉီးက လာရောက်မုဒိမ်းကျင့်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူ့ကို အသက် ၅၆နှစ်အရွယ်အမျိုးသမီးကို အသက် ၂၀ လူငယ်က ဓားထောက်ပြီး မုဒိမ်းကျင့်သွားတာ။ စစ်သားလား ၊ PDFလားတော့မသိဘူး။ ဗမာစကားပြောတယ်။ မအော်နဲ့ အော်ရင်သတ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသမီးက ပြန်ပြောပြသည်။

လက်ရှိ အသက်၅၆နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏မြေးကို စစ်ရှောင်ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့ထားကြောင်း၊ ကျူးလွန်သည့် လူငယ်သည်လက်ရှိအချိန်ထိ လွှတ်မြောက်နေသေးကြောင်း သိရသည်။

ထိုမုဒိမ်းကျူးလွန်ခံရသည့်အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်နေပြီး၊ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် လုံခြုံရေးကို ပအိုဝ်းအမျိုးသမီး အရေး တက်ကြွလှုပ်ရှားသူများက ကူညီဆောင်ရွက်နေကြောင်း သိရသည်။

“ဒီကျူးလွန်ခံရတဲ့သူက ခုဆို တော်တော်လေး စိတ်ထိခိုက်နေတယ်။ ဘေးမှာ ထိုင်ပြီး ကြည့်နေရတဲ့ မြေးမလေးဆိုလည်း သူအရမ်းကြောက်နေတယ်။ သူတို့ကို လုံခြုံအောင်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ကုစားပေးဖို့ လုပ်ဆောင်နေတယ်။”ဟု ပအိုဝ်းအမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိ ပင်လောင်းမြို့နယ် သျှမ်း-ကယားနယ်စပ် နမ့်ဖာမူဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု PDFတို့ တိုက်ပွဲ ပြင်းထန်နေလျှက်ရှိသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...