ပင်လောင်းမြို့ မကြုံစဖူး ရေကြီးမှု ဖြစ်ပေါ်

သျှမ်းပြည် ပင်လောင်းမြို့တွင် ၂ ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြုံစဖူး ရေကြီး၊ ရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ပင်လောင်းမြို့နယ်အတွင်း နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းလာပြီး ဇူလိုင် ၃၀ ရက်မှ စတင်ကာ မထင်မှတ်ထားသည့် တောင်ကျရေကြောင့် မင်္ဂလာရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ အနောက်ရပ်ကွက်ရှိ နေအိမ်များထဲသို့ တောင်ကျရေများ ဝင်ရောက်လာကြောင်း ပင်လောင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးကတော့ ရွာနေတာ ၁၅ ရက်လောက် ရှိတယ်။ ရေစဝင်တာတော့ ဇူလိုင် ၃၀ရက်ပေါ့၊ မြေနိမ့်ပိုင်းနေတဲ့အိမ် တိုက်ပုတွေဆိုရင် ရေတွေ ခါးလောက်ထိ ရှိတယ်။ ဒီလို တခါမှမကြုံဖူးဘူး” ဟု ပင်လောင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့သည် တောင်တန်းနှစ်ခု ဝန်းရံထားသည့် မြို့ဖြစ်ပြီး၊ ထိုတောင်တန်းများတွင် သစ်တောပြုန်းတီးမှုကြောင့် ယခုကဲ့သို့ ရေကြီးရေလျှံခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောကြားသည်။

ပင်လောင်းမြို့သည် အဓိကအားဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သည့် ဒေသဖြစ်သည့်အတွက် လက်ရှိမှာ ပင်လောင်မြို့နယ် အတွင်းရှိ ပင်လောင်းကြီးရွာ၊ နမ့်ပန်ရွာတို့တွင် စပါးခင်းများ၊ ခရမ်းချဉ်သီးခင်းများ၊ ငရုပ်ခင်းများ ရေလွှမ်းမိုးနေကြောင်း သိရသည်။

“ခရမ်းချဉ်သီးတွေ အပင်တွေက အခုမှ စပွင့်တာလေ။ မိုးရွာတော့ အခုက ခရမ်းချဉ်သီးပင်တွေနဲ့ ငရုတ်သီးတွေက ရေတွေ မြုပ်ကုန်တယ်။ မြုပ်သွားတဲ့ ခရမ်းချဉ်သီး အပင်တွေကတော့ ရေတွေဝင်ပြီး ၃ ရက်လောက် ကြာရင်တော့ မကောင်းတော့ဘူး။ ရေထဲမှာလည်း အမှိုက်တွေကလည်း ပါနေတယ်။ ပြန်တော့ ကောင်းမယ်မထင်ဘူး” ဟု ခရမ်းချဉ်သီး စိုက်ပျိုးသူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုရေကြီးမှုကြောင့် ယမန်နေ့ (ဇူလိုင် ၃၁ ရက်) ညနေ ၆နာရီဝန်းကျင်မှ စပြီး ဆွေမျိုးအိမ်များနှင့် နီးစပ်ရာ ရေဘေးကင်းလွတ်သည့် နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။

“ကျနော်တို့ က ဆွေမျိုးအိမ်ပြောင်းနေရတယ်။ အဲ့အိမ်မှာပဲ ထမင်းစားနေရတာ။ ရေကြီးတဲ့အိမ်ကိုတော့ သော့ခတ်ပြီး ဒီတိုင်းထားထားတယ်”ဟု နေအိမ်ရေလွှမ်းမိုးခံရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင်လည်း ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေများ ဆက်တိုက်တက်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...