ပင်လောင်းတွင် သူခိုးများသောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး ပင်လောင်းမြို့ တောင်ဘက်နှင့် နောင်တရားမြို့အနီး ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသခံများ၏ သီးနှံများ ပျောက်ဆုံးမှုရှိလာပြီး စိုက်ခင်းရှိ သီးနှံများကို ညအိပ်စောင့်ဆိုင်းကာ စောင့်ကြပ်ကြည့်ရှုနေရသည် ဟု သိရသည်။

စိုက်ခင်းရှိ သီးနှံများကို ညအချိန်တွင် သူခိုးများက အုပ်စုဖွဲ့ ခိုးယူကြပြီး ဒေသတွင်း သီးနှံဖြစ်သည့် ငရုပ်သီးနှင့် ခရမ်းချဉ်သီးများကို ပို၍ ခိုးယူသောကြောင့် အပင်များ ထိခိုက်ပျက်စီးပြီး တောင်သူများအတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“သူခိုးက အုပ်စုလိုက် ခိုးတာ။ ပြီးတော့ သူတို့က ငရုပ်ဆိုလဲ အပင်ကို ဓားနဲ့ ဖြတ်ယူတာ၊ ခရမ်းချဉ်သီးဆိုလဲ အကိုင်းပါ ဖြတ်ယူကြတာ။ ခုတလော အခြေအနေ တော်တော်ဆိုးလာတယ်။ ခြံမှာ ညအိပ်စောင့် နေရတယ်” ဟု ပင်လောင်းဒေသခံ ခရမ်းချဉ်စိုက်ခင်းပိုင်ရှင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအပြင် သူခိုးများက အုပ်စုလိုက် ခိုးယူမှုကြောင့် ခြံစောင့်များအတွက် အသက်အန္တရာယ်ကိုပါ ထိခိုက်လာမည်ကို စိုးရိမ်နေရကြောင်းနှင့် ရပ်ရွာသူကြီးများကလည်း ကူညီဖြေရှင်းပေးမှု မရှိဘဲ ကိုယ်ထူကိုယ်ထ ကာကွယ်ဖြေရှင်းနေရသည်ဟု အဆိုပါ အမျိုးသားက ထပ်လောင်း ပြောသည်။

စစ်ဘေးနှင့် သဘာဝဘေးဒဏ်ကြောင့် နိုင်ငံအခြေအနေ ယိုယွင်းပျက်ပြားလာသည်နှင့် အမျှ ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်ပြီး အလုပ်အကိုင် ရှားပါးလာခြင်းကြောင့် ခိုးဆိုးလုယက်မှုများ ပေါများနေရခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

“ခေတ်ကမကောင်းတော့ သူခိုးတွေ ပိုများလာတာပေါ့။ နောက်ပြီး ကုန်ဈေးနှုန်းကလည်း ကြီး တော့ ပြည်သူတွေ မတတ်နိုင်ကြတော့ဘူးလေ။ စစ်ဒဏ်နဲ့ သဘာဝဘေးဒဏ်ကိုပါ ခံရတော့ ဘယ်တောင့်ခံနိုင်ကြတော့မလဲ။ ဝမ်းရေးက ပိုအရေးကြီးနေတော့ သူခိုးတွေ များလာတာပေါ့။ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ဘယ်ခံကြတော့မလဲ” ဟု ပင်လောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်အတွင်း ပင်လောင်းမြို့ တောင်ဘက် လွယ်ဖြီးကျေးရွာနှင့် မိုင်းဖြတ်ကျေးရွာတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားတပ်ပေါင်းစု PDF တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံများ ရာနှင့်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ပင်လောင်းမြို့ပေါ်တွင် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်လာသူများနှင့် ဆီဆိုင်၊ ပင်လောင်းဘက်မှ စစ်ဘေးရှောင်များ ထောင်နှင့်ချီ စစ်ဘေးရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...