ပင်လောင်း နှင့် ညောင်ရွှေ ကျေးရွာအချို့ PNO ကရွာပြင်ထွက်ခွင့်ပိတ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ် တွင်ရှိသည့် သစ်ပင်ကောက် ရွာနှင့် နန်းတောင်းရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ဒေသခံများကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ နှင့် PNOက အနီးနားရှိကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်လျက်ရှိသောကြောင့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတို့ကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီး ရွာပြင်ထွက်ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့အပြင် ဒေသခံများအနေဖြင့် အင်းလေးဘက်သို့ ကျောင်းတက်ရောက်သည့် ကလေးများကိုသာ လှေတွင် အလံဖြူထောင်၍ အကြို အပို့ လုပ်နိုင်ပြီး ဒေသခံများထွက်ခွာမည်ဆိုပါက ပစ်ခတ် အရေးယူမည်ဟုလည်း ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရွာနဲ့ အနီးနားမှာက တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြေးမယ်ဆိုလည်း PNO တွေက ပေးမထွက်။ ရွာထဲပဲ နေခိုင်းတယ်။ တကယ်လို့ ထွက်လို့ မြင်ရင် ပစ်သတ်မယ်ဆိုပြီး ပြောတယ်။ ကလေးက ရွာအရှေ့ဖက်က ဘုရားတောင် ရွာမှာ ပရဟိတကျောင်းရှိတယ်။ အဲမှာ သွားတက်ကြတယ်။ ကလေးတွေတော့ လှေနဲ့ အကြို ပို့လုပ်လို့ရတယ်။” ဟု ၎င်းက ပြောသည်။

PNO တပ်သားများ

ပင်လောင်းတောင်ဘက် သျှမ်း-ကရင်နီ (ကယား)နယ်စပ်ဖြစ်သည့် မိုးဦးနှင့် နမ့်ဖာမူဖက်တွင် စစ်ကောင်စီ၊ PNO နှင့် တော်လှန်ရေးအင်အားစု PDFတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး PNO နှင့် စစ်ကောင်စီ တပ်များက သစ်ပင်ကောက်ရွာတွင် စခန်းချနေရာယူထားကြောင်း အဆိုပါ အမျိုးသားက ပြောသည်။
ရွာပြင် မထွက်ရသောကြောင့် စိုက်ပျိုးထားသည့် သီးနှံများကို သွားရောက် မကြည့်နိုင်ဘဲ ရွာထဲတွင် စားသောက်ရေးခက်ခဲလာသည့် အပြင် လုံခြုံမှု မရှိကြောင်း ဒေသခံများကပြောသည်။

“ PNOတွေ စစ်ကောင်စီက ရွာထဲမှာ ရှိနေတာကိုက မလုံခြုံတာ။ ရွာနဲ့အနီးမှာလည်း တိုက်ပွဲဖြစ်တော့ ကြောက်လည်းကြောက်တယ်။ ရွာပြင်ကခြံတောင် သွားမကြည့်ရဲဘူး။ ရွာထဲမှာလည်း ဖြစ်သလိုပဲ စားနေကြရတယ်။ သူတို့ရှိတော့ တိုက်ပွဲက ရွာဘက်ကို ဦးတည်လာနိုင်တယ်။” ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ PNO ထိန်းချုပ်ထားသည့် ဒေသများဖြစ်သည့် ဟိုပုံး၊ဆီဆိုင်၊တောင်ကြီး ၊ပင်လောင်းနှင့် အင်းလေး အပြင် တခြားသော ဒေသဖက်တွက် စစ်မှုထမ်းအသစ်များ ခေါ်ယူစုဆောင်းနေပြီး ရပ်ရွာလုံခြုံရေးဟုဆိုကာ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...