Tuesday, May 7, 2024

ပင်လောင်း

ပိတ်ထားသည့် ဖယ်ခုံမြို့နှင့် ဆက်သည့် လမ်းတချို့ပြန်ဖွင့် စစ်ကောင်စီ မှ စစ်ဆေးမှုတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ထိစပ်နေသည့် လမ်းကြောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယခင်ပိတ်ထားရာမှ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း စစ်ဆေးမှုတင်းကြပ် နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၈ရက်မှ စတင် ပိတ်ထားသည့် ပင်လောင်း - တောင်ကြီး - ကျောက်တလုံး - ဆိုက်ခေါက် နှင့်...

ပင်လောင်းမြို့နယ် ကက်သလစ် ဘုရားကျောင်းနှင့် မယ်တော်ရုပ်ထု ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ တတန်ကူးကျေးရွာ ကယန်းကသလစ် တတန်ကူးမယ်တော် နှင့် ဘုရားကျောင်းကို PNO/PNA က ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၀ )ရက် မနက်ပိုင်းတွင် PNA အဖွဲ့က ပင်လောင်းမြို့နယ် တတန်ကူးကျေးရွာရှိ မယ်တော်ကို လာရောက် ဖျက်ဆီးခဲ့ပြီး လွန်ခဲ့သည့်...

ပင်လောင်းမြို့ Semi Lockdown ပြန်ဖွင့်ပေး၊ ဈေးများ ဆက်ပိတ်ထား

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရန် ပိတ်ထားသည့် Semi Lockdown ကို ပြန်ဖွင့်ပေးသော်လည်း ဈေးများကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ပင်လောင်းမြို့နယ် လော့ဒေါင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ပင်လောင်းမြို့မစျေးနှင့် (၅) ရက်တစ်ဈေး တို့ကို (ယနေ့) နိုဝင်ဘာ...

ပင်လောင်းမြို့ ကိုဗစ် ၁၉ ဆက်လက်ထိန်းချုပ်ရန် Lockdown ထပ်တိုး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ရန်အတွက် Lockdown ဆက်လက် ချသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့နယ် လော့ဒေါင်းကို နိုဝင်ဘာ ၂၁ ရက်ထိ ဆက်လက် ချထားမည်ဖြစ်ကြောင်း ပင်လောင်းမြို့ ကိုဗစ် ၁၉ ပရဟိတ အဖွဲ့က ပြောသည်။ “ဟုတ်ပါတယ်။ လော့ဒေါင်းကို ဆက်တိုးထားမှာပါ။...

သီတင်းကျွတ် အခါကြီးစျေးနေ့ နောက်ပိုင်း ပင်လောင်း ကိုဗစ်ကူးစက်မှု ပိုမြင့်တက်လာ

သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် သီတင်းကျွတ်ကာလ အခါကြီးစျေးနေ့ရောင်းဝယ်ကြပြီး နောက်ပိုင်း ကိုဗစ် ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ သီတင်းကျွတ်နောက်ပိုင်း ကျေးရွာများမှ ကိုဗစ်ကူစက်မှု ပိုမိုမြင့်တက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ကူးစက်မှုတွေ များလာကြောင်း သိရသည်။ “သီတင်းကျွတ် အခါကြီးစျေးနေ့နောက်ပိုင်း ပိုးကူးတာ ပိုများလာတယ်၊ ရွာဘက် ပိုများတယ်၊ မြို့ပေါ်က အနောက်ရပ်ကွက်မှာလည်း များတယ်”...

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ် – ၁၉ ပိုးတွေ့လူနာများ စံချိန်တင်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့ တစ်ရက်တည်းအတွင်း ကိုဗစ် - ၁၉ ပိုးတွေ့ လူနာများ  အများဆုံး စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ပင်လောင်းမြို့အတွင်းတွင် ကိုဗစ် - ၁၉ ရောဂါရှိ/မရှိ လာရောက်စစ်ဆေးသူ ၃၂၈ ဦး အနက်...

သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရန် သျှမ်းလူငယ်များ တောင်တက်မည်

  မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် TYN ဦးဆောင်သည့် သျှမ်းလူငယ်အဖွဲ့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးရန် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ လွယ်မောင်းတောင်ကို တက်ရောက်လေ့လာကြ မည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ် နှစ်တိုင်း သျှမ်းပြည်အတွင်းနေထိုင်သည့် လူငယ်များစုဝေးကာ တောင်တက်ခရီးစဉ်များပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း မတ်လ ၃၀ ရက်နေ့တွင် စုပေါင်းတောင်တက်ကြမည်ဖြစ် ကြောင်း သိရသည်။ တောင်တက်ရသည့်...

Latest news