Wednesday, January 28, 2026

ပင်လောင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော် ကရင်နီ ပြည်သို့ ထွက်ပြေးခိုလှုံနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃ ထောင်ကျော်သည် ကရင်နီ (ကယား) ပြည်နယ်စပ်ဘက်ရှိ စစ်ရှောင်စခန်းသို့ ထွက်ပြေးခိုလှုံလာကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူထံများမှ သိရသည်။

ဇွန်လ ၁၈ ရက်ကစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်မှာ လမ်းကြောင်းများပိတ်ဆို့ခြင်း၊ မှတ်ပုံတင် ၂/ ကိုင်ဆောင်သူများကို ကန့်သတ်ခြင်းနှင့် လက်ခံမည့် နေရာမရှိခြင်းတို့ကြောင့် စစ်ဘေးရှောင်များသည် ကရင်နီ (ကယား)ပြည်နယ်စပ်ဘက်သို့ ပြန်ပြီးထွက်ပြေးခိုလှုံလာရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ရှိ ဖယ်ခုံမြို့ စစ်ဘေးရှောင် စခန်းများနှင့် ကရင်နီ (ကယား) ပြည်ရှိ ဒီမော့ဆို စစ်ဘေးရှောင်များတွင် ထွက်ပြေးခိုလှုံလာကြသည်ဟု စစ်ရှောင်များကိုကူညီပေးနေသည့် Kayan Rescue Committee- KRC မှတာဝန်ခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ သုံး၊ လေးရက်လောက်က မှော်ဘီမှာလမ်းပိတ်တာရှိတယ်။ တခြားလမ်းတွေလည်း ပိတ်တာတော့ အဲ့ကြောင့်ဒီဘက်ကိုရှောင်လာကြတာ။ နောက်တစ်ချက်ကျတော့ မှတ်ပုံတင် ၂/ ကိုင်ထားတဲ့သူတွေ အခက်ခဲဖြစ်တယ်။ ဆွေမျိုးအိမ်မရှိရင် နေစရာမရှိဘူး။ အဲ့ဘက်မှာလည်း လက်ခံမဲ့ ကျေးရွာတွေလည်းမရှိဘူး။ အများအားဖြင့် လက်ခံတဲ့နေရာမျိုးလည်း အရမ်းခက်ခဲတဲ့အတွက် ဒီဘက်ကိုလာတဲ့သူတွေ ပိုများတာပေါ့” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ကလည်း ပအိုဝ်းဒေသကို KNDF နှင့် PDF တို့က လာရောက်ကျူးကျော်ဖျက်ဆီးနေသည်ဟု မကြာခဏ ဝါဒဖြန့်လေ့ရှိသောကြောင့် အချို့ကျေးရွာတွင်မှု ကရင်နီမှလာသော စစ်ဘေးရှောင်များအား လက်မခံချင်ကြကြောင်း သိရသည်။

လက်ရှိ ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ စစ်ဘေးရှောင်စခန်းသို့ လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များသည် အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်းလည်း သိရသည်။

“အခုကျနော်တို့ စစ်ဘေးရှောင်တွေကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ တော်တော်အခက်အခဲ ဖြစ်တာပေါ့လေ။ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရမ်းလိုအပ်နေတယ်။ အခုလည်း မိုးတွင်းကာလ ဖြစ်တယ်ဆိုတော့လေ။ ဆေးဝါးတွေကော အရေးပေါ်လိုအပ်နေတယ်” ဟု Kayan Rescue Committee- KRC မှတာဝန်ခံတစ်ဦးကပြောသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ၊ လုံးပျဉ် စသည့်ကျေးရွာဘက်တွင်လည်း လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...