ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား တိုက်ပွဲပြင်းထန်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား ဒေသများတွင် စစ်ကောင်စီ PNO ပူးပေါင်းတပ်နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၇) ရက်နေ့တွင် ပြောသည်။

ဖယ်ခုံမြို့

ဖယ်ခုံမြို့နယ်နှင့် ဆက်စပ်နေသည့် ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာအုပ်စု၊ တောင်မဲသင်းကျေးရွာနှင့် အနီးတဝိုက်တွင် ယနေ့ (မတ် ၇)ရက် နံနက်ပိုင်းတွင် တိုက်ပွဲ စတင်ခဲ့ပြီး လက်ရှိ တိုက်ပွဲ ပြင်းထန်နေသဖြင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ခုမနက် တိုက်ပွဲစဖြစ်လို့ အကုန်လုံး ပြေးနေရတယ်။ အရင်နေ့တွေကလည်းဖြစ်တယ်။ အရင်နှစ် ကတည်းက တိုက်ပွဲဖြစ်လို့ ခဏခဏပြေးနေရတာ။ တောင်မဲသင်း တစ်ရွာထဲ မဟုတ်ဘူး၊ တောင်စလုံး၊ မြောက်စလုံး၊ တောင်လုံးပျဥ် အဲရွာတွေကော ပြေးနေရတယ် ကြားတယ်” ဟု ဒေသခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေကာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုနှင့် ပြည်သူလူထု ထိခိုက်မှု ရှိမရှိကိုမူ စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။

လက်ရှိ ဖယ်ခုံနှင့် ပင်လောင်းကြားရှိ လမ်းများကို စစ်ကောင်စီ PNO ပူးပေါင်းတပ်က ပိတ်ဆို့ထားသည့် နည်းတူ လမ်းများ အသုံးပြု သွားလာမှု မပြုရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။

ကရင်နီပြည်နယ်နှင့် ဆက်စပ်နေသည့် ဖယ်ခုံနှင့် ပင်လောင်ကြားရှိ နောင်ဝိုး၊ ဗန်းမောက်နှင့် နမ်းဖောမူ ဒေသတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသဖြင့် ပြည်သူများ ကုန်းလမ်းသာမက ရေလမ်း အသုံးပြု ခရီးသွားလာခြင်း မပြုလုပ်ပါရန်နှင့် ဘေးလွတ်ရာသို့ အမြန်ဆုံး တိမ်းရှောင်ပေးရန် ယမန်နေ့တွင် KNDF က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ပထမပတ်က စတင်ကာ ပင်လောင်းမြို့နယ် တောင်ဘက်၊ ဗန်းမောက်၊ မိုင်းဖြတ်၊ နမ်းဖာမူနှင့် ဆောင်းပြောင်းရွာသို့ စစ်ကောင်စီ PNO ပူးပေါင်းတပ် အင်အားဖြည့် တပ်စွဲပြီးနောက် မတ်လ ၁၀ ရက်နေ့တွင် တိုက်ပွဲစတင် ဖြစ်ပွားရာက ယခုကဲ့သို့ ဒေသတွင်း တိုက်ပွဲ ပြင်းထန်လာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“အဲဒီဒေသက ပေါက်ထွက်သွားရင် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တယ်။ အဲတော့ တပ်ဘက်က ထိန်းချုပ်ဖို့ကြိုးစားမှာပဲ။ ခုတိုက်ပွဲမှာ PNO အကျများတယ်လို့တော့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးနေရပြီး အများစု ပင်လောင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...