Wednesday, January 28, 2026

ပင်လောင်းတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Danu PDF ပူးပေါင်းပါဝင်တိုက်ခိုက်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF မှပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF တပ်ရင်း ၁၁ အပါအဝင် (၁၁၁၁) မိုးဗြဲ-ဖယ်ခုံမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ရင်း ၁၀၀၃ တို့ပူးပေါင်းပြီး ပင်လောင်းမြို့နယ် နမ့်ဖာမှု၊ နောင်ဝိုးနှင့် ဗန်းမောက်ကျေးရွာများတလျှောက်မှာ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်ဖွဲ့များကိုခုခံ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း Danu PDF ကမတ်လ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ Danu PDF တပ်ရင်း ၁၀၀၃ ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောအခြေအနေအကြောင်းကြောင့် ဖြေကြားခွင့်မရှိသေးကြောင်း ဆိုသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီနဲ့ PNO ဘက်က အကျအရှုံးများသလို ကျနော်တို့ PDF တပ်ဖွဲ့များဘက်ကလည်း ထိကြတယ်” ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် ဆောင်းပြောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်ဖွဲ့ဝင် ၃၀ ဦးက ထိခိုက်ဒဏ်ရာများစွာနှင့် ကန်တာ(Canter)ကား ၂ စီးဖြင့်သယ်ကာ ပင်လောင်းမြို့ကို ဖြတ်၍ ကုသရန်သယ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ပူးပေါင်းပြီး ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုးရန် ကြိုးစားနေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တပ်ဖွဲ့များအား စဉ်ဆက်မပြတ် ခုခံတော်လှန် ပြန်လည်ကာကွယ်မည်ဟု အသိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...