မိုးဗြဲ ခမရ (၄၂၂) တိုက်ပွဲ KNDF ဒုတပ်ရင်မှူး အပါအဝင် တပ်ပေါင်းစုရဲဘော် ကျဆုံးမှုများ

သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေရာ ယမန်နေ့ (ဧပြီလ ၂၁ ရက်) အထိ တိုက်ပွဲ ပြင်းထန်နေပြီး ၂ ဖက် ထိခိုက် ကျဆုံးမှု များပြားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲ

နာမည်ကျော် မိုးဗြဲ ရေကာတာအနီး တည်ရှိသည့် စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်း သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်နေသည်မှာ ရက်အတန် ကြာမြင့်နေပြီးဖြစ်ပြီး တိုက်ပွဲ အတွင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် (၃) တပ်ရင်းမှူး အပါအဝင် တပ်ပေါင်းစု ရဲဘော် ၂၅ ဦး ဝန်းကျင် ကျဆုံးကြောင်း ၎င်းကဆိုသည်။

“တိုက်ပွဲရက်က ၂ ပတ်ကျော် ၃ ပတ်ထဲ ရောက်နေပြီ၊ တပ်ပေါင်းစုက ဒရုန်းတွေ လက်နက်ကြီးငယ်တွေနဲ့ အင်အားအပြည့်သုံးပြီး တိုက်ခိုက်နေပါတယ်။ ၂၅ ဦးကျဆုံးထားပြီး ဒဏ်ရာရသူတွေလည်းများတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှု များပါတယ်။ ပွဲမပြီးသေးဘူး။ အသေးစိတ်တော့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်း၏ တဖက်တွင် ရေပြင်ဖြစ်ပြီး တပ်ရင်းအနီး တောတောင်များ မရှိသဖြင့် ခက်ခက်ခဲခဲ တိုက်ခိုက်နေရပြီး စစ်ကောင်စီက လေကြောင်း အသုံးပြု တုန့်ပြန်ခဲ့ကြောင်း တော်လှန်ရေးတပ်ပေါင်းစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မိုးဗြဲ ခမရ (၄၂၂) တိုက်ပွဲတွင် တော်လှန်ရေး ရဲဘော်များ တပ်အတွင်း လိုင်းခန်းများအထိ ဝင်ရောက်တိုက်ခိုက်၍ ရဲမေ (စစ်သား မိန်းမ) များပါ သေဆုံးနေသဖြင့် စစ်ကူပေးပို့ရန် စစ်တပ် ဝါဒဖြန့် လှုမှုကွန်ရက်များတွင် ရေးသားဖော်ပြနေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရေးနိမ့်နေသည့်အတွက် လေကြောင်းအကူအညီဖြင့် ပြန်လည်ခုခံနေပြီး လူနေအိမ်များကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ဧပြီ၂၀ ရက်၊ နေ့လယ် ၁၂ နာရီက လွိုင်ကော်မြို့အနီး ကုန်းသာရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ရေးအရ အရေးပါသည့် သျှမ်း-ကရင်နီ နယ်စပ်ဒေသရှိ မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များ ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီ ခမရ (၄၂၂) တပ်ကို တိုက်ခိုက်နေသည်မှာ ရက်ပေါင်း အတန်ကြာနေပြီဖြစ်ပြီး ယခုတကြိမ် သိမ်းပိုက်နိုင်မည်ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

လက်ရှိအနေအထားအရ မိုးဗြဲမြို့နေရာအများစုကို တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ ခမရ (၄၂၂) သာ ကျန်ရှိနေသည့်အတွက် ထိုတပ်ရင်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ယခုရက်ပိုင်း ဖယ်ခုံ-ပင်လောင်း ဒေသတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆောင်းပြောင်း-တောင်မဲသင်း- နောင်ဝိုး ဒေသများသို့ စစ်ကြောင်းထိုးရန် စစ်ကောင်စီတပ် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...