ပင်လောင်း တိုက်ပွဲကြား ဦးပဉ္ဇင်းတစ်ပါး လက်နက်ကြီးထိမှန်ပြီး ပျံလွန်၊ အရပ်သား ထိခိုက်မှုရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာမှ ဦးပဉ္ဇင်းတစ်ပါးသည် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန် ၁၉ ရက်) ညနေပိုင်းတွင် ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာ အနီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွယ်ကျိုင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ ဦးပဉ္ဇင်းတစ်ပါး ထိမှန်ကာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း ပင်လောင်းဒေသခံများက ပြောသည်။

“ဦးပဉ္ဇင်းက တင်ပါး၊ ခါးနဲ့ ဗိုက်ကို လက်နက်ကြီးထိတာ ချက်ချင်းပျံလွန်တော်မူတယ်။ လက်နက်ကြီးက တနေကုန် ကျနေတာ၊ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာတောင် မလွတ်ဘူး။ ထွက်ပြေးမယ်ဆိုလည်း လမ်းတွေအကုန် သူတို့ပိတ်တော့ ထွက်မရဘဲ တိုက်ပွဲကြား ကြောက်ကြောက်နဲ့နေနေတာ”ဟု အသက်၄၀အရွယ် လွယ်ကျိုင်းရွာအမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

အလားတူ ပင်လောင်းမြို့နယ် မိုးဦးရွာရှိ မူလတန်းကျောင်းသားများ ဖြစ်ကြသည့် အသက် (၈) နှစ်အရွယ် မအေားနှင့် မောင်ဖိုးသောကြာ တို့ကိုလည်း လက်နက်ကြီးကျည်စ ထိမှန်သည့်အပြင် နမ်းဖာမူရွာမှ ဦးဒေါင့်ကိုလည်း ထိမှန်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို ပင်လောင်းမြို့ ဆေးရုံနှင့် တောင်ကြီးမြို့ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်လက်ပြီး လက်ရှိမှာ ပင်လောင်းမြို့တောင်ဘက် နမ်းဖာမူရွာတို့တွင် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လာသည့် လက်နက်ကြီးများလည်း ဆက်တိုက် ကျရောက်လျက်ရှိကြောင်း ပင်လောင်းဒေသခံများက ပြောသည်။

“အခုထိ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲ၊ လက်နက်ကြီးတွေနဲ့ပစ်နေတာ။ အိမ်ရောလူရော ထိတာပဲ၊ အိမ်တွေ မီးလောင်နေတယ်။ ရွာကနေလည်း ဘယ်သူမှ မထွက်ရဲဘူး။ ပိတ်မိနေတဲ့သဘောပဲ”ဟု လွယ်ကျိုင်းရွာဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပင်လောင်းမြို့နယ်တွင် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့တောင်ဘက် ကျေးရွာ ၃၀ နီးပါးမှ အရပ်သား (၃) သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...