Tuesday, January 27, 2026

ရှင်လောင်းပွဲတွင်ဖွင့်လှစ်သည့် လောင်းကစားဝိုင်းဝင်ရောက်စီးနင်းခံရပြီး အမျိုးသား ၂ဦးသေ ၆ဦး ဖမ်းခံရ

သျှမ်းပြည် ပင်းတယမြို့နယ်ရှိ ရှင်လောင်းပွဲအတွင်းတွင် ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းဝင်ရောက်စီးနင်းခံရပြီး အမျိုးသား၂ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာတွင် ဧပြီလ ၁ ရက် နံနက် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့ စစ် PNO တို့သည် ကားနှစ်စီး လူ ၂၀ ယောက်ခန့်ဖြင့် ရှင်လောင်းပွဲတွင်ဖွင့်လှစ်ထားသော လောင်းကစားဝိုင်း တစ်ခုကို ဝင်ရောက်စီးနင်း ပစ်ခတ်ပြီး အမျိုးသား နှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး နှင့် အမျိုးသား ၅ ဦးကို ဖမ်းဆီးခံရကြောင်း‌ ဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“အဲ့ပစ်ဒဏ်ခံရတဲ့လူက မနေ့ကပဲ သင်္ဂြိုဟ်ပေးလိုက်တာ။ပန်းစစ်ရွာမှ ရှင်‌လောင်းပွဲလုပ်တာ။အဲ့နောက်ဆုံးရက်မှာ ကြတော့ လောင်းကစားဝိုင်ရှိတယ်။သူတို့က ပေးလုပ်ပြီး သူတို့က ပြန်ဝင်ဖမ်းတာ။အဲ့မှာ ၆ ယောက်မိတယ် ၁ယောက်က မိန်းကလေး၊နှစ်ယောက်က ထွက်ပြေးတော့ သူတို့က ပစ်သတ်တာ။”ဟု အသက် ၃၅ ဝန်းကျင်ခန့် အမျိုးသားတစ်ဦးက ပြောသည်။

ထိုလောင်းကစားဝိုင်းတွင် ထွက်ပြေးရာမှ ပစ်သတ်ခံရသော အမျိုးသားနှစ်ဦးသည် အသက် ၃၆ ကိုဝင်းနိုင်၊ ပန်းစစ်ကျေးရွာ တွင် နေထိုင်သူဖြစ်ပြီး၊ အသက် ၆၀ ဦးကြီးဖေသည် မဲနယ်တောင်ကျေးရွာဥက္ကဌဟောင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုလောင်းကစားဝိုင်းကို စစ်ကောင်စီမှ ပြုလုပ်ရန်ခွင့်ပြုထားကြောင်း ‌ဒေသခံများက ပြောသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...