Friday, October 4, 2024

တောတောင်ထဲရောက် ပင်လောင်း စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ဆေးဝါးလိုအပ်

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက်ရှိ တောတောင်ထဲတွင်ရှောင်နေရသော စစ်ဘးရှောင်များသည် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် မိုးကာများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ထိုစစ်ရှောင်များသည် ဆောင်းပြောင်း၊ နမ်းနိန်း၊ တောင်စလုံး၊ မြောက်စလုံး ဒေသခံများဖြစ်ပြီး၊ ယင်းစစ်ရှောင်များသည် တိုက်ပွဲမဖြစ်သည့်ကျေးရွာများတွင် ဆွေမျိုးများမရှိသည့်အပြင် ဘုန်းကြီးကျောင်းများတွင်လည်း ထပ်မံပြီး လက်မခံတော့သောကြောင်း တောထဲတွင်တဲထိုးပြီး ရှောင်နေရကြောင်း စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာတွေမှာ ဘုန်ကြီးကျောင်းတွေမှာ လက်မခံတော့လို့ တောဖက်ပြန်ရှောင်တာ။မိုးကာနဲ့ဆိုတော့ လုံခြုံမှုလည်းမရှိဘူး။”ဟု စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောထဲ တောင်ထဲရှောင်နေရသော စစ်ရှောင်များသည် တစ်ထောင်နီးပါးရှိပြီး သက်ကြီးရွယ်အိုများ၊ကလေးငယ်များ ၊အမျိုးသမီးများ အများဆုံးပါဝင်ပြီး အကူအညီများလည်း မရရှိကြောင်းသိရသည်။

“စားနပ်ရိက္ခာ၊မိုးကား၊ဆေးဝါးလိုအပ်နေတယ်။မိုးကလည်း တစ်ခါတစ်လေ မိုးက တစ်ညလုံးရွာတော့ အိပ်တောင်မအိပ်ရဘူး။မြေပေါ်ဘဲ အခင်းခင်းပြီးအိပ်ကြတော့ ဖျားကြတယ်။ချောင်းဆိုး၊နှာစေးတာများတယ်။ထွက်ပြေးတုန်းလည်း ဘားမှ မယူနိုင်တော့ အလှူရှင် လာကူညီဖို့ဘဲမျှော်လင့်နေရတယ်။”ဟု နောက်စစ်ရှောင် တစ်ဦးကပြောသည်။

ယခု ပင်လောင်းမြို့နယ်တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကျေးရွာ ၃၀ကျော်မှ ရွာသားများလည်း ရွာမပြန်နိုင်ကြသေးကြောင်း သိရသည်။

ပင်လောင်းမြို့နယ် တစ်ခုလုံးတွင် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ၂၅၀၀၀နှင့် အထက်ရှိကြောင့် ပအိုဝ်းလူငယ်အစည်းအရုံးPYOထုတ်ပြန်လျက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article