ပင်လောင်းမြို့နယ် ဗန်းမောက်ရွာ စစ်ကောင်စီဒရုန်းဗုံးကြောင့် စစ်ဘေးရှောင် (၂)ဦးသေဆုံး၊ (၇) ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်ရှိ ဗန်းမောက်ရွာတွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချခြင်းကြောင့် မိန်းကလေးတစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်)တွင် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ဗန်းမောက်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဗန်းမောက်ရွာရှိ ပြည်သူများ ထော်လာဂျီ၊ နှင့်စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်မှ ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“မနေ့က တိုက်ပွဲ ပြန်ဖြစ်တော့ စစ်ကောင်စီက ရွာထဲကနေ ထွက်ခိုင်းတာ။ စစ်ရှောင်က ၁၀၀ လောက်ရှိတယ်။ စာသင်ကျောင်းမှာ စုပြီးစစ်ရှောင်ရတာ၊ အဲကနေထွက်ဖို့ ထော်လာဂျီတွေ ကားတွေနဲ့ ပြင်တာပေါ့လေ၊ ကားက မြန်တော့ မထိလိုက်ဘူး။ ဒရုန်းဗုံးက ထော်လာဂျီကိုထိပြီး ၂ ဦးသေ၊ ၇ ဦးလောက် ဒဏ်ရာရသွားတယ်” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့် ပင်လောင်းမြို့နယ် ဗန်းမောက်၊ နောင်ဝိုးနှင့် ကျေးရွာများမှာ ဖုန်းလိုင်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ၎င်းအမျိုးသားက ထပ်လောင်း ပြောသည်။

ထိုကဲ့သို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမှာ ဗန်းမောက်ရွာမှ စစ်ဘေးရှောင်များကို ထွက်ခွာခိုင်းသည့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် နောင်ဝိုးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်တို့အကြား အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု မရှိခြင်းကြောင့် ဒရုန်းဖြင့် မှားယွင်းပစ်ခံရကြောင်း ဒေသခံများက ပြောသည်။

“တကယ်တော့ စစ်ကောင်စီတို့ ပြည်သူ့စစ်တို့ ကြားမှာ အချင်းချင်း မညှိထားကြတာဖြစ်မယ်။ စစ်ကောင်စီတို့ PNO တို့က နောင်ဝိုးဘက်၊ နမ့်ဖာမူဘက်မှာ တပ်စွဲထားတယ်လေ။ ဗန်းမောက်ဘက်က ထွက်လာတဲ့သူအကုန် ပစ်မိန့်ချထားတော့ သူတို့က ပစ်ချလိုက်တဲ့သဘောပေါ့။ ကြားထဲက ပြည်သူပဲ နစ်နာသွားတာပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယခုဒရုန်းဗုံးကြဲခံရသည့် ဗန်းမောက်ရွာသည် ပင်လောင်းမြို့နှင့် (၂၅) မိုင်ခန့် ကွာဝေးပြီး စစ်ဘေးရှောင်အများအပြား ပင်လောင်းမြို့ပေါ်သို့ ထပ်မံတိမ်းရှောင်လာကြသည်။

ပင်လောင်းမြို့နှင့် နောင်တရားမြို့ဘက်တွင် စစ်ဘေးရှောင်ဦးရေများလာတာကြောင့် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်၊၊

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...