ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲသေး

သျှမ်းပြည် ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ တပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပင်လောင်းမြို့နယ် အတွင်း စစ်ကောင်စီ၊ PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ညောင်ရွှေမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။

ထို့ကြောင့် လက်ရှိ စစ်ဘေးရှောင်များ၏ နေရပ်ဖြစ်သည့် ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါကျေးရွာတို့တွင် တိုက်ပွဲများငြိမ်းသက်နေပါသော် လည်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့သည် ကျေးရွာအတွင်း၌ နေရာယူထားသည့် အတွက်ကြောင့် ဒေသခံများ နေရပ်မပြန်ရဲ့သေးကြောင်း စစ်‌ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ကတော့ အိမ်မပြန်ရဲသေးဘူး။ စစ်ကောင်စီတွေက ရွာထဲမှာရှိနေတာ။အဝတ်တွေ တောင်ပြန် ယူလို့မရဘူး။ အခုပြေးလာတဲ့လူတွေ က ပါလာတာလေးနဲ့ ခင်းပြီးအိပ်နေရတာ။ သူတို့ကတည်းက မြေမြုပ်မိုင်းတွေထောင်လို့ ‌ဒေသခံတွေ မြေမြုပ်မိုင်းနင်း မိတယ်။ ”ဟု စစ်‌ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။

ညောင်ရွှေရောက်စစ်ဘေးရှောင်များ

ထိုပြင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ရွာအတွင်း၌ နေရာယူထားသည့် အတွက် မြေမြုပ်မိုင်း အန္တရာယ်များကိုလည်း ဒေသခံများက စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် (နိုဝင်ဘာ ၂၁ ရက်)တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်ကျင် သည် အလုပ်ကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေပြီး အလှူရှင်မရှိသည့် အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း သိရသည်။

“ အခက်အခဲကတော့မျိုးစုံပါပဲ။ အဓိကတော့ ဝမ်းရေး အတွက် ပိုကြပ်တည်းလာတယ်။ နေရပ်ပြန်လို့ရရင်တော့ အဆင်ပြေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်

မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေလျက်ပြီး မိုးဗြဲ အနီးတစ်ဝိုက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ ကျေးရွာများအတွင်းသို့ နေ့စဥ်လက်နက်ကြီးနှင့် ပစ်ခတ်နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...