ပင်လောင်းမြို့နယ်တွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့၊စိုးရိမ်မှုများရှိ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ‌ရေရှားမှုပြဿနာကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် တောင်ပိုင်း ဝါလီး၊ဆောင်ပြောင်း၊ထီဗွား၊လိန့်ညား စသည့်ကျေးရွာတို့တွင် ယခုလမှ စ၍ ရေရှားပါးမှု ပြဿနာများ စတင်ကြုံတွေ့ လာရကြောင်း၊အချို့ကျေးရွာများတွင် ရေများကို ဝယ်သုံးနေကြရကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတွေကရှား ရေဆိုသုံးဖို့တောင်မကျန်တော့ အခုက ဝယ်သုံးနေရတာ။ လှောင်ထားတဲ့မိုးရေတွေလည်း ကုန်ပြီ။ နွေရာသီတောင် မရောက်သေးဘူး။ ကျနော်တို့စစ်ဘေးရှောင်အတွက် ချိုးရေနဲ့ အဝတ်လျှော်ဖို့ ရေတွေက မပေး တော့ဘူး။ သောက်သုံးရေလောက်ပဲပေးတော့တယ်။ ရေရှည်အတွက်အစီအစဉ် ဆွဲတယ်လို့တော့ ပြောတာပေါ့။”ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းစစ်ရှောင်

လက်ရှိရေရှားပါမှုကြောင့် စစ်ရှောင်များသည့် ရေမသန့်ရှင်းမှု ပြဿနာများကြုံတွေ့နေရသည့်အတွက် ကလေးငယ်များ အရေပြားရောဂါများဖြစ်လာမည်ကိုလည်း စိုးရိမ်းနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

ပင်လောင်းစစ်ရှောင်

“ရေက တစ်ပီပါပုံး ၂၅၀၀ ကျပ်နဲ့ ပေးဝယ်နေရတယ်။ ကလေးတွေအတွက်က နွေရာသီရောက်လာ အရေပြားရောဂါတွေ အတွက် စိုးရိမ်လာရပြီ သောက်သုံးရေတွေကြောင့် ဝမ်းပျက်ဝမ်းလျောတွေ အဲ့ဒါတွေက စိုးရိမ်လာရပြီ” ဟု ၎င်းက ပြောသည်။

သျှမ်းပြည် တောင်ပိုင်း ၁ နှစ်ကျော်ကြာတိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ မြို့နယ် တို့တွင် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ (၆၅၀၀၀) နှင့် အထက်ရှိနေဆဲ ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ ယခုနှစ် ဇန်နဝါရီ(၁၅)ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင်၊ ၂၀၂၃နိုဝင်ဘာလ ၁၁ ရက် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်းကရင်နီ နယ်စပ် တစ်လျှောင်တွင် တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီပြည် လွိုင်ကော်မြို့နယ်ဒေသခံများလည်းပါကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...