လူသားဒိုင်း ဖမ်းဆီးထိန်းသိမ်းခံရသော ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင်း ကား၊ဆိုင်ကယ်များ ပျောက်ဆုံးနေ

သျှမ်းပြည် ဖယ်ခုံမြို့နယ် ကျေးရွာဒေသခံများကို စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ရွာအတွင်း၌ ပစ္စည်းအပြင် ကား၊ဆိုင်းကယ်များပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖယ်ခုံမြို့နယ် ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ (၂၄၀) ကျော်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ် မတရားဖမ်းဆီးကာ ပင်လောင်းမြို့ မိုးလုံလေလုံ အားကစားရုံတွင် ထိန်းသိမ်းထားခဲ့သည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်လာစဉ်တွင်လည်း အဝတ်နှင့် အိပ်ယာလိပ်များသာ သယ်ဆောင်ခွင့်ပြုပြီး ကား၊ ဆိုင်ကယ်နှင့် စားနပ်ရိက္ခာများကို သယ်ဆောင်ယူလာခွင့် မပြုကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ၎င်းဖမ်းဆီးခံရသူများသည် နေရပ်ပြန်သွားခဲ့ရာ ကျေးရွာအတွင်း ချန်ထားခဲ့သည့် ပစ္စည်းများနှင့် ကား၊ ဆိုင်ကယ်များ ပျောက်ဆုံးနေပြီး ခိုးယူခံခဲ့ရကြောင်း အသက် (၄၅) နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာကနေ ထွက်လာတုန်းက တစ်ရွာလုံး ကားတွေ ဆိုင်ကယ်တွေကို ရွာရဲ့ ဘုန်းကြီးကျောင်းမှာ အကုန်ထားခဲ့ရတာ။ အဲ့တာ ပြန်သွားတော့ ရွာမှာ ကားတွေ ဆိုင်ကယ်တွေက ပျောက်နေတယ်။ ကျန်နေတဲ့ ကားတချို့နဲ့ ထော်လာဂျီတွေက ဆီတွေ အကုန်ထုတ်ခံထားရတာ။ ရွာက လူတွေက ဘယ်သူ့ကို ပြောပြီး ဘာဆက်လုပ်ရမလဲ မသိဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာအပြင် အနီးအနားရှိ ဟိုဝိုး၊ လင်ခံ၊ နမ့်ဖာမူ၊ ဆောင်လှန် ကျေးရွာတို့တွင်လည်း အိမ်တွင်းပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ မီတာဘောက်များ၊ မီးကြိုးများနှင့် တန်ဖိုးရှိသော ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း အသက် (၄၅) ဝန်းကျင် ၎င်းအမျိုးသားက ဆက်ဆိုသည်။

ဖယ်ခုံ လူသားဒိုင်း

“သူတို့ကားပေါ် တင်လို့ရတဲ့ဟာတွေ အကုန်ယူတယ်ထင်တယ် ကြည့်ရတာ။ မီတာဘောက်၊ မီးကြိုး၊ စောင်၊ အဝတ်၊ စားနပ်ရိက္ခာတွေက အစ အကုန်ပျောက်တယ်။ လင်ခံရွာမှာဆို ဘုန်းကြီးကျောင်းထဲက ပစ္စည်းတွေပါမကျန် ဖျက်ဆီးတယ် တချို့ပစ္စည်းတွေလည်း ယူတယ်။ ပင်လောင်းကနေ ဖယ်ခုံသွားတဲ့ ရွာတွေ တကြောပဲ ပစ္စည်းတွေ ပျောက်တာ”ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အမျိုးသားဒေသခံ အချို့ကို စစ်သင်တန်း ပေးကာ ရှေ့တန်းတိုက်ပွဲသို့ စေလွှတ်ခံရကြောင်း ဆွေမျိုးနီးစပ်သူများက ပြောဆိုပြီး သျှမ်းသံတော်ဆင့်မှ အသေးစိတ် ဆက်လက်စုံစမ်းနေသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီတို့သည် ညောင်ရွှေ၊စံကား နှင့် ပင်လောင်းမြို့နယ်အတွင်းရှိ နီးစပ်ရာဆွေမျိုးများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...