လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ညအချိန် ဒရုန်းများလွှတ်ခြင်းကြောင့် စစ်ရှောင်များ ထိတ်လန့်နေ

ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်သည် ညအချိန်တွင် ဒရုန်း အစင်းရေများလွှတ်တင်နေတာကြောင့် စစ်ရှောင်ပြည်သူများ ညဘက်အချိန် ထိတ်လန့်နေကြသည်ဟု စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် ၂၀၂၃ (နိုဝင်ဘာလ ၁၁ ရက်)မှ စတင်ခဲ့သည့် “၁၁.၁၁စစ်ဆင်ရေး”တစ်နှစ်ပြည့်ခဲ့‌သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ် နှင့်ဗုံးကြဲတိုက်ခိုက်မှု များကြောင့် လွိုင်ကော် ပြည်သူအများစုသည် အနီးတဝိုက်ရှိ ကျေးရွာများထံ သွားရောက်ခိုလှုံနေရသည်ဟု သိရသည်။

အဆိုပါ “၁၁.၁၁ စစ်ဆင်ရေး”စတင်ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်သည့် ညဘက်အချိန်တွင်ဒရုန်း အစင်းရေများစွာ လွှတ်တင်နေတာကြောင့် စစ်ရှောင်ပြည်သူ အချို့သည် ညဘက် မအိပ်ရဲကြ၊ဒရုန်းများဖြင့် ထပ်မံဗုံးကြဲမည်ကို ကြောက်ရွံ့နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်က အဲလိုလွှတ်တာတော့ ကြာပြီ “၁၁.၁၁ စစ်ဆင်ရေး”ပြီးတဲ့နောက်ကတည်းကပဲ။ ခုတော့ပိုဆိုး လာတယ်ပြောရမယ်။ ညတိုင်းလိုလိုလွှတ်တာ ပြီးတော့ အသံကကျယ်တော့ ပြည်သူတွေကကြောက်ရွံ့ပြီး မအိပ်ရဲတာရှိတယ်။ လွိုင်ကော်မြို့ထဲမှာ အသက်ကြီးရွယ်အိုလောက်ပဲကျန်တာ”ဟု ၎င်းက ပြောသည်။

ကရင်နီစစ်ရှောင်စခန်းတနေရာ

လက်ရှိ စစ်ကောင်စီတပ်သည် လွိုင်ကော်၊ ဖယ်ခုံ ၊ မိုးဗြဲ ၊ ပင်လောင်းမြို့သို့ လမ်းမကြီးတကြောတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ စစ်ကောင်စီမှ စစ်အင်အားများဖြည့်ကာ ထိုးစစ်ဆင်များပြုလုပ်နေကြောင်း ၎င်းမြို့နယ်ရှိ ဒေသခံများ ထပ်မံတိမ်းရှောင်နေရသည်ဟုစစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“အခုဆိုရင် ဒီလွိုင်ကော်၊ ဖယ်ခုံ၊မိုးဗြဲ ၊ ပင်လောင်းဘက်မှာဆိုရင် စစ်တပ်က နေ့တိုင်းစစ်အင်အားတွေဖြည့်ပြီး ထိုးစစ်ဆင်ဖို့ပြုလုပ်နေကြောင့် အဲ့တဝိုက်က ရှိတဲ့ ဒေသခံတွေအားလုံးနီးပါး ရှောင်နေကြတယ်။ တိုက်ပွဲ အကြီးကျယ် ထပ်ဖြစ်လာမှာကို စိုးရိမ်နေရတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO)တပ်တို့ ပူးပေါင်းပြီး မြို့အဝင်အထွက်ဂိတ်တွင် ပစ္စည်းသယ်ယူခွင့်ကိုလည်း တားဆီးပိတ်ပင်နေသည်ဟုဒေသခံပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...