စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ် ဒေသခံ ၂၄၀ ကျော်နေရပ် မပြန်ရသေးကြောင်း သိရသည်။

ဖယ်ခုံမြိုနယ် ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် (နိုဝင်လာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ် မတရားဖမ်းဆီးကာ ပင်လောင်းမြို့ မိုးလုံလေလုံ အားကစားရုံတွင် ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။

တစ်ပတ် ကျော်ကြာ လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးထိန်းသိမ်းခံရသော ဒေသခံများသည် လက်ရှိ အချိန်ထိနေရပ်ပြန်ခွင့် မရသေးသည့်အပြင် အပြင်ထွက်သွားလာခြင်း ဈေးဝယ်ခြင်းတို့ကို အချိန်အကန့်သတ် ဖြင့်သာ ပေးသွား နေကြောင်း ဖမ်းဆီးခံရသည့် သူနှင့်နီးစပ်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျမတို့ ရောက်နေတာကြာပြီ။ သူတို့က ခဏရှောင်ခိုင်းတယ်လို့ ပြောပြီးခေါ်လာတာ။ စပါးတွေလည်း မသိမ်းရသေး ဘူးပေါ့။စိတ်လည်းပူတယ် ပေးလည်း ပေးမပြန်သေးဘူး၊သူတို့တွေကို အပြင်တွေပေးသွားလည်း အချိန်အကန့်သတ်နဲ့ စစ်ကောင်စီတွေက တော့လုပ်ထားတယ်။သွားလည်း ၁ နာရီလောက်ပဲ အချိန်ပေးတာ”ဟု ၎င်းကပြောသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ

ဖမ်းဆီးလာစဉ်တွင်လည်း စစ်ကောင်စီမှ အဝတ်နှင့် အိမ်ယာလိပ်များသာ သယ်ဆောင်ခွင့်ပြုပြီး ကား၊ဆိုင်ကယ် နှင့် စားနပ်ရိက္ခာများကို သယ်ဆောင်ယူလာခွင့်မပြုကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီမှ ဖမ်းဆီးလာသော ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာ ဒေသခံများကို ပင်လောင်းမြို့ ဒေသခံများမှ စား‌သောက်ရန်းအတွက် တာဝန်းယူ ထားရကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့တွေက ခေါ်လာပြီး မိုးလုံလေလုံကွင်းမှာလာထားတာပေါ့။ကျနော်တို့ကတော့ သူတို့စားသောက်ရေးအ တွက်ကတော့ သွားလှူရတယ်။ဘယ်လောက်ကြာမလဲ ဆိုတာလည်းမသိရဘူး။အခက်အခဲတော့ ကိုယ်စီရှိ ကြတာပေါ့။သူတို့တွေကိုလည်း အစောင့်နဲ့ ထားထားတယ်ပြီးတော့ ခုထိလည်းပေးမပြန်ကြသေးဘူး။”ဟု ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက‌ ပြောသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ

ထိုဖမ်းဆီး ထိန်းသိမ်းခံရသည့် ဒေသခံ ၂၄၀ ကျော်သည် အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၀၆ ဦးရှိပြီး၊ ထိုအထဲတွင် တောင်သူများ၊ ၊သက်ကြီးရွယ်အို၊ လေဖြတ်နေသူ၊ နာတာရှည်ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်များ ပါရှိနေကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများဆက်လက် ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...