Thursday, February 12, 2026

စစ်ကောင်စီ

မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နောင်ချိုဒေသခံများ တောင်ယာသွားရန် ကြောက်ရွံ့နေရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ဒေသခံများက တောင်ယာ အလုပ်သွားရန် ကြောက်ရွံ့နေရကြောင်း သတင်းသိရသည်။ (Photo - Local ) နောင်ချိုမြို့နယ်အတွင်း ဆင်ထားသည့် မြေမြှုပ်မိုင်းများအား တွေ့ရစဥ် ဧပြီလနှောင်းပိုင်းမှ စတင်ကာ နောင်ချိုမြို့နယ် ခေးနင်းကျေးရွာအုပ်စု (ဒိုးပင်) မှ ဒေသခံများသည် လယ်ယာ...

သင်ခန်းစာယူရမည့် လူသားစာနာ ယာဉ်တန်းပစ်ခတ်ခံရမှု

နိဒါန်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်းစစ်မီးအပြန့်ကျယ်လာသည်နှင့်အတူ စစ်ကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် မြန်မာပြည်သူအပေါင်း သန်းနှင့်ချီနေပြီဖြစ်သည်။ အာဏာသိမ်းစစ် အုပ်စုနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုအတွင်း အမှန်တကယ်ထိခိုက်နစ်နာခဲ့ရသော၊ အမှန်တကယ်ထိရှပျက်ဆီးခဲ့ရသော အသက်များ၊ ဘဝများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတဝှမ်းလုံးတွင် လိုအပ်ချက်ကြီးမားနေပါသည်။ သို့သော် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် အမှန်တကယ်လိုအပ်နေ သော မြန်မာပြည်သူလူထုကြီးအတွက်...

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော် နမ့်ပန်ချောင်း ထိခိုက်မည်ကို စိုးရိမ်နေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ထိခိုက်မှာကို ဒေသခံများက စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုရှိ နမ့်ပန်ချောင်း၏ ရေထွက် အရင်းအမြစ်အနီးတွင် AAA (A သုံးလုံး) ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ရေထွက်ဦး နေရာထိခိုက်မှု...

ပင်လောင်း စစ်ရှောင်လူငယ် မိုင်းနင်းမိ၊ ဆေးဝါးကုသရန် အကူညီလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ စစ်ရှောင်လူငယ် အမျိုးသားတစ်ဦး နေရပ်ပြန်သွားစဥ် မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ပင်လောင်းမြို့နယ် ဝါးလီးစစ်ဘေးရှောင်စခန်းမှ လုံးပျဉ်ကျေးရွာအုပ်စု ပင်ပုံရွာသို့ နေရပ်ပြန်သွားသည့် အသက် ၂၀ အရွယ်ရှိ စစ်ရှောင်လူငယ်တစ်ဦးသည် ရွာအနီးရောက်စဥ်...

တာချီလိတ် စိတ်ကျန်းမာရေးချို့တဲ့ အမျိုးသမီးတစ်ဦး ဆေးအလွန်အကျွံသောက်ပြီး သေဆုံးသွား

သျှမ်းပြည် တာချီလိတ်မြို့ ပါလျှံ ၁ ရပ်ကွက်တွင် စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အမျိုးသမီးတစ်ဦး ဆေးအလွန်အကျွံသောက်ပြီး အသက်ဆုံးရှုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၂ ရက် ညပိုင်း ၁၀ နာရီအချိန်တွင် ပါလျှံ ၁ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးသည် စိတ်ကျန်းမာရေး ချို့တဲ့သည့်အတွက်...

သျှမ်းသံတော်ဆင့် (SHAN) ပါဝင်သည့် BNI အဖွဲ့ ဟီရိုရှီးမားဆုရရှိ

သျှမ်းသံတော်ဆင့် (SHAN) သတင်းဌာန မှ အဖွဲ့ဝင် အဖြစ် ပါဝင်ထားသည့် Burma News International (BNI ) အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် ဟီရိုရှီးမားဆုကို ဆွတ်ခူးရရှိကြောင်း သတင်းသိရသည်။ အဆိုပါ ဆုသည် BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

ခရုရှာဖွေ လင်မယား နှစ်ဦး ရေနစ်သေဆုံး၊ ဇနီးဖြစ်သူကို ရှာမတွေ့သေး

သျှမ်းပြည် နမ္မတူမြို့နယ် ပိတ်ကလေးချောင်းသို့ ခရုရှာဖွေသည့် လင်မယား နှစ်ဦး ရေနစ်သေဆုံးသွားပြီး ဇနီးဖြစ်သူ အလောင်းကို လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၂ ရက်တွင် လင်မယား နှစ်ဦးသည် နမ္မတူမြို့နယ် ပိတ်ကလေးချောင်းသို့ သွားပြီး ခရုရှာဖွေနေစဉ် ရေနစ်သေဆုံးသွားခဲ့ပြီးနောက် အမျိုးသားဖြစ်သူ အလောင်းကို...

နေရပ်ပြန် ကွတ်ခိုင်မြို့နယ် စစ်ဘေးရှောင်များ နေအိမ်ပြန်ဆောက်ရန် အကူအညီလိုအပ်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်၊ ကောင်းလိန်ကျေးရွာအုပ်စု ကောင်းလိန်ကျေးရွာ နှင့် မန်လုံ ကျေးရွာတို့မှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များသည် နေအိမ်ပြန်ဆောက်ရန်အတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်တို့...

မူဆယ် ကားသမားတစ်ဦးကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်သွား

သျှမ်းပြည် မူဆယ်မြို့တွင် ယာဉ်မောင်း ကားသမားတစ်ဦးကို အမျိုးသား ၂ ဦးက ခရီးလိုက်ပို့ပေးရန်ဟုဆိုပြီး သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ကားကိုဓားပြတိုက်သွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၆ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ရွှေသမင်ကွက်သစ်ရှိ တရုတ်စာသင်ကျောင်းအနီး၌ အမည်မသိ...

Latest news