တရုတ်ပြည်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုကာ တရုတ်က ဖမ်းဆီး

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုပြီး တရုတ်ဘက်မှ ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း စုံစမ်းသိရသည်။

မူဆ​ယ် ကျင်ဆန်ကျော့နယ်စပ်ဂိတ်

ယခုနှစ် မေ ၁၆ ရက်တွင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ ပဲစိမ်း တင်ပို့ရာ တန်ချိန် ကိုက်ညီမှု မရှိသည့်အတွက် တရုတ်ဘက်မှ ဖမ်းဆီး သိမ်းဆည်းထားပြီး ချိတ်ပိတ်လိုက်ကြောင်း မူဆယ်ဒေသတွင်း ကုန်သည်အသိုင်းအဝန်းများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဟိုဘက် ဒီဘက် ချိန်တဲ့ ကုန်တန် အညီအမျှ မတူလို့ပဲ သိရတယ်၊ အဲ့ဒီမှာ ပိတ်မိနေတဲ့ ကုန်တွေက မြန်မာဘက်က ပို့တဲ့ ကုန်တွေရာ၊ တရုတ်က တင်သွင်းမယ့် ကုန်ပစ္စည်းတွေလည်း ပိတ်မိနေတာ။ ဘယ်အချိန် ပြန်ဖွင့်မလဲဆိုတာ တော့ မသိရသေးဘူး” ဟု မူဆယ်မြို့မှ ကုန်သည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆ​ယ် ကျင်ဆန်ကျော့နယ်စပ်ဂိတ်

လက်ရှိတွင် မြန်မာဘက်မှ တင်ပို့ကုန်များ အဖြစ် ပဲချိန်တန် ၂ သောင်းနီးပါး နှင့် ကုန်ကျစရိတ် စုစုပေါင်း တရုတ်ယွမ်ငွေ ၁ ထောင်နီးပါး ရှိနေပြီး ဝမ်တိန်ဂိုဒေါင်တွင် ပိတ်မိနေသည့်အတွက် ကုန်သည်များ အခက်အခဲ ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး နယ်စပ်ကုန်သည်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံညှိနှိုင်းနေသော်လည်း အဆင်မပြေသဖြင့် နှစ်နိုင်ငံ အစိုးရ ညှိုနှိုင်းစေလိုသည့်အကြောင်း ကုန်သည်များက ဆက်ပြောသည်။

“တင်ပို့တဲ့ ပဲတွေဟာ တရုတ်ပြည်မကြီးထဲအထိ သွားတာ၊ အရင်စနစ်က ဂျူတီဆောင်ပြီး တရုတ်ထဲ တင်သွင်းခွင့် ပြုခဲ့တယ်၊ ဒီနောက်ပိုင်းတော့ ဘယ်သူမှ ဂျူတီဆောင်ပြီး မသွင်းနိုင်တော့လို့ တရုတ်အစိုးရက ဒေသကုန်အနေ နဲ့ စနစ်တခုပေးတယ်။ ဒေသကုန် က ဂျူတီ နည်းဝယ်လေ။ အခုက အဲဒီ စနစ်ကို ပြန်မပေးချင်တော့ အပြစ်လိုက် ရှာနေသလိုပဲ” ဟု အထက်ပါ ကုန်သည်အမျိုးသမီးက ဆက်ပြောသည်။

ယင်းကဲ့သို့ ကုန်ပစ္စည်းများ ချိတ်ပိတ်ခံရမှုတွင် မြန်မာ ၊ တရုတ် ကုန်သည်များပါ ဖမ်းဆီးမှု ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ထို့အပြင် ကျင်ဆန်ကျော့ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံမှ တရားမဝင် ကုန်ပစ္စည်းများကို မူဆယ်မြို့ အခွန်ကောက် ဦးစီးဌာနက အခွန်ကောက်ယူပြီး တင်သွင်းခွင့်ပြုနေကြောင်းလည်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

တရုတ်ပြည် အလုပ်လုပ်ရန် မူဆယ်(လဝက) အသက်ပြင် မှောင်ခိုစျေးကွက်နှင့် လာဘ်စားမှု

0
မြန်မာနိုင်ငံ၏ စစ်ရေး ပဋိပက္ခနှင့် စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် လူငယ်များသည် နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ချက်များလာပြီး၊ ဌာနဆိုင်ရာအသီးသီးက အဆမတန် ငွေညှစ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပအလုပ်အကိုင်ဖြင့်...