စစ်ကောင်စီ
လက်နက်ကိုင်တပ်ဖွဲ့ ပေါများသည့် လားရှိုးမြို့ နေ့ခင်းချိန် ဓားပြတိုက်မှု မကြာခဏဖြစ်နေ
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာနေရာ၊ လက်နက်ကိုင်တပ်ဖွဲ့ပေါများသည့် ဒေသတစ်ခုဖြစ်သော်လည်း နေ့ခင်းချိန်တွင် ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယမန်နေ့ (မေလ ၁၈ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက်...
မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့သည့် အတွက်ကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၈) မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ကုန်းသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “လက်နက်ကြီးတစ်လုံးပဲကျတာပါ။...
မီးဖိုချောင် ကုန်ကျစရိတ်လျော့ကျစေချင်သူ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းလုံး ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အိမ်ရှင်မတွေဟာ အစစအရာရာ ဆင်ခြေသုံးစွဲနေရပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ရှင်မတွေရဲ့ ဝင်ငွေထိခိုက်မှုနည်းအောင် ဆပ်ပြာကို ကိုယ်တိုင် ပြုလုပ်ပြီး အသုံးပြုနိုင်ရန် နဲ့ ရောင်းချပြီး တဖက်မှာလည်း ဝင်ငွေပြန်ရအောင် ဆပ်ပြာပြုလုပ်နည်းကို စနစ်တကျ ဖော်စပ်တတ်အောင် သင်တန်းပေးနေတဲ့ နန်းနွမ်းဟွမ် ကို...
တန့်ယန်း အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည်ခေါ်ဆောင်ခံရ
သျှမ်းပြည် တန့်ယန်းမြို့တွင် နေထိုင်သည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည် ခေါ်ဆောင်ခံရပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သော အသက် ၁၃ နှစ်အရွယ် ရှိ...
တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုပြန်အသုံးပြုနေ သက်ဆိုင်ရာ တာဝန်ရှိသူများ အရေးယူမှုမရှိ
သျှမ်းပြည် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာထဲ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုမှုရှိနေပြီး ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများကို စာတင်ထားသော်လည်း အရေးယူမှုမရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထုံးဖိုစက်ရုံသည် ၂၄ နာရီ လည်ပတ်နေပြီး ၎င်းမှ ထွက်လာသည့် အနံ့သက်ဆိုးများကို ဒေသခံများက ခံစားနေရသည်။ “ထုံးဖိုကတော့ နေ့တိုင်း လုပ်နေတာပဲ။ တစ်ရက်မှလည်း...
တရုတ်ပြည်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုကာ တရုတ်က ဖမ်းဆီး
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုပြီး တရုတ်ဘက်မှ ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း စုံစမ်းသိရသည်။ ယခုနှစ် မေ ၁၆ ရက်တွင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ ပဲစိမ်း...
တာချီလိတ် လိုင်စင်မဲ့ ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးနေ
မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် သျှမ်းပြည် တာချီလိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ၏ ထုတ်ပြန်ကြေညာချက် အရ မေလ ၈ ရက်နေ့မှ စ၍ ၁၅ ရက်...
နမ့်ခမ်းမြို့ နေအိမ် (၃) လုံး သော့ဖျက်ခံရပြီး ဆိုင်ကယ် ၃ စီးခိုးခံရ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် ယခု သီတင်းတပတ်အတွင်း ပြည်သူနေအိမ်၏ အိမ်ခြံဝန်းတံခါးများသော့ ဖျက်ဆီးခံရပြီး ဆိုင်ကယ် ၃ စီး ခိုးခံနေရကြောင်း စုံစမ်းသိရသည်။ ယခု သီတင်းပတ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်နေစဉ် ကာလ၌ ညသန်းခေါင်အချိန်တွင် ပေါက်နေရပ်ကွက်မှ နေအိမ်တစ်လုံး၊ ပေါက်လုံရပ်ကွက်မှ နေအိမ်တစ်လုံး နှင့် ဟိုနောင်ရပ်ကွက်မှ နေအိမ်တစ်လုံး စုစုပေါင်း...
ပင်လောင်း တိုက်ပွဲကြား နမ့်နိန်း ပြည်သူနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းရွာတွင် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ ယနေ့ မေလ ၁၇ ရက်ထိ သုံးလနီးပါးကြာ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး...
ဖယ်ခုံမြို့နယ်အတွင်း ညအချိန် လက်နက်ကိုင်ပြီး ဓားပြတိုက်မှု ပိုများပြားလာ
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း ယခုရက်ပိုင်း ညအချိန် လက်နက်ကိုင်ပြီး ဓားပြတိုက်မှု ပိုများလာသဖြင့် ဒေသခံများ စိုးရိမ်နေထိုင်ရကြောင်း စုံစမ်းသိရသည်။ အဆိုပါ လက်နက်ကိုင်ပြီး ဓားပြတိုက်သူများသည် စစ်ကောင်စီ တပ်ထဲကသူများ ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။ “ဓားပြတိုက်မှုကတော့ ပိုများလာတယ်။ ကျနော်တို့တွေလည်း စိုးရိမ်နေရတယ်။ စိုးရိမ်မှုတွေကတော့ အရမ်းများတာပေါ့။ ညအချိန်မှ...





