မူဆယ်မြို့နယ် စစ်ကောင်စီ တပ်စခန်းအနီး TNLA ဝင်ရောက်အခွန်ကောက်

သျှမ်းပြည် မြန်မာ – တရုတ်နယ်စပ် မူဆယ်ခရိုင်၊ မူဆယ်မြို့မှ စယ်လန့် ကျေးရွာ ထိပ်နားတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လမ်းသွား လမ်းလာ ကားသမားများထံမှ အခွန်ကောက် ပိုက်ဆံတောင်းနေကြောင်း သတင်းသိရသည်။

စယ်လန့်ကျေးရွာ

အဆိုပါ TNLA တပ်ဖွဲ့မှ အခွန်ကောက် ပိုက်ဆံတောင်းနေသည့် နေရာ နှင့် မနီးမဝေးနေရာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းတစ်ခု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

“စယ်လန့် ရွာထိပ်မှာ ပိုက်ဆံတောင်းနေတယ်၊ အဲ့လမ်းက ဆိုင်းခေါင်ဘက်သွားတဲ့ လမ်းဖြစ်တာပေါ့၊ TNLA စစ်ဝတ်စုံ နဲ့ လက်နက်အပြည့်အစုံ နဲ့ စောင့်ပြီး တောင်းကြတာ၊ တချို့ကလည်း စစ်ဝတ်စုံ မဝတ်ပဲနဲ့ လက်နက်ကိုင် ထားကြတယ်၊ အဲ့နေရာ နဲ့ မလှမ်းမကမ်းမှာက စစ်ကောင်စီ တပ်စခန်းတစ်ခု ရှိနေတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လမ်းကြောင်းသည် ဆိုင်ကယ်များ၊ အိမ်စီးကားများ၊ ကုန်တင်ကားများ ဖြတ်သန်းသွားလာလေ့ရှိပြီး ဆိုင်ကယ်သမားမှ လွဲကာ ကျန်သည့် မော်တော်ယာဥ်များ ပါလာသည့် ကုန်ပစ္စည်း နှင့် ယာဥ်အမျိုးအစား အလိုက် ပိုက်ဆံတောင်း ကောက်ယူနေကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် TNLA တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း တစ်လျှောက် လှုပ်ရှားမှုများ ပိုမိုများပြားလာပြီး အခွန်တိုးကောက်မှုတွေလည်း ယခင်နှစ်တွေထက် ပိုမိုများပြား လာကြောင်း ဒေသခံများက ဆက်ပြောသည်။

စယ်လန့်ရွာ

“စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက ဒီမြောက်ပိုင်းတစ်လျှောက်က လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး ကိုယ်စီ လှုပ်ရှားမှုတွေ ရှိပေမဲ့ TNLA က လှုပ်ရှားမှု ခပ်စိပ်စိပ် တွေ့ရတယ်။ ဒါကို ကြည့်ချင်းအားဖြင့် တအာင်းပြည်နယ် ဖွဲ့စည်းရေးအတိုင်း နယ်မြေတွေမှာ လှုပ်ရှားမှု ပြုလုပ်နေတာလို့ သုံးသပ်မိတယ်” ဟု ထုန့်မောဝ်ဒေသမှ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက် နှင့် ၁၂ ရက်တွင် တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယ မူကြမ်းအား တအာင်း နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) က ဦးဆောင်ပြီး နိုင်ငံရေး သမားတချို့ နှင့် EAO အစုအဖွဲ့အပါ အဝင် လူဦးရေ ၁၅၀ ကျော် တက်ရောက် အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

PSLF/ TNLA သည် မြန်မာစစ်တပ် နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြောက်ပိုင်းမဟာမိတ်များ နည်းတူ တရုတ်ကိုယ်စားလှယ် နှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ယင်းကဲ့သို့ တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးမှု အပြီး စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲများလည်း နည်းလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...