တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲလုပ်မည့်အပေါ် ဒေသခံများ ကန့်ကွက်

သျှမ်းပြည် တောင်ကြီး – ဟိုပုံး ပြည်ထောင်စု ကားလမ်းဘေးရှိ TBC ကားရပ်နားစခန်း၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှ ထင်းရှူးတောကို အိမ်ရာစီမံကိန်း ဂရန်အမည်ပေါက် မြေကွက်အရောင်းဖွင့်ပွဲ ပြုလုပ်မည့်အပေါ် ဒေသခံများက ကန့်ကွက်နေကြောင်း စုံစမ်းသိရှိရသည်။

မြေကွက်ပုံဖော်ထားသည့်အိမ်ယာစီမံကိန်း

ယမန်နေ့ (မေလ ၂၂) ရက်တွင် Shwe Property page တစ်ခုမှတစ်ဆင့် တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ ထင်းရှူးတောကို Woodland Villas (Taunggyi) အိမ်ရာစီမံကိန်းရှိ ဂရန်အမည်ပေါက်မြေကွက်များ အရောင်းဖွင့်ပွဲ ပြုလုပ်၍ အထူးသက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးမည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြေညာထားခဲ့သည်။

ယခင်က ထိုနယ်မြေကို သစ်တောဦးစီးပိုင် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ၎င်းနယ်မြေကို ကုမ္ပဏီမှ အိမ်ရာစီမံကိန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ကြိုးစားနေလျက် ရှိသည်။

မြေကွက်ပုံဖော်ထားသည့်အိမ်ယာစီမံကိန်း

“ထင်းရူးတောနယ်မြေမှာ အိမ်ဆောက်မယ်ဆိုတော့ ထင်းရှူး၊ သစ်ပင်တွေ ပါသွားမှာပေါ့။ အနည်းနဲ့အများတော့ ပါသွားမှာဘဲ။ ဘယ်လောက် ဂျောင်ကျတဲ့ နေရာဖြစ်ဖြစ် အရင်စီမံကိန်းတုန်းကလည်း မလုပ်ပါဘူး၊ မခုတ်ပါဘူး ဘယ်လောက်ဘဲ ပြောပြော အများကြီး ကုန်သွားတာပဲလေ” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲတွင် မြေ (၂) ဧက ကျော်ပေါ်ရှိ မြေကွက် (၃၁) ကွက်ကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ စီမံကိန်းများ ပြုလုပ်ခြင်းကြောင့် ထင်းရူးတောရှိ သစ်ပင်များ ခုတ်ထွင်ရခြင်း နှင့် သစ်တောပြုန်းတီးခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်ကို ပြည်သူများက ခံစားရကြောင်း ၎င်းက ဆက်ပြောသည်။

မြေကွက်ပုံဖော်ထားသည့်အိမ်ယာစီမံကိန်း

“ အခုတော့ လူတိုင်းခံစားနေရတာပဲလေ။ သဘာဝ ပတ်ဝန်းကျင် နဲ့ အပူချိန် မြင့်တက်လာတာတို့၊ ရေရှားပါး လာတာတို့ အဲ့ဒါတော့ သစ်ပင်မရှိတဲ့ အကျိုးဆက်ပေါ့။ မြို့ပေါ်မှာ လူဦးရေ ထူထပ်လာတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုများလာတယ်။ သဘာ၀အန္တရာယ်ကတော့ မျိုးစုံကြုံရမယ်။ အခုလို မုန်တိုင်းချိန်မှာ သဘာဝအန္တရာယ် ကြုံရတာမဟုတ်ပါဘူး။ ဒါတွေက တဖြည်းဖြည်းနဲ့ တိုးတိုးပြီး ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေပေါ့ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိ အကောင်အထည်ဖော်မည့် စီမံကိန်းသည် တောင်ကြီး TBC ကားရပ်နားစခန်း၊ တောင်ကြီးတက္ကသိုလ် နှင့် ဆေးတက္ကသိုလ် အနီးတွင်ရှိကြောင်းလည်း သိရသည်။

အလားတူ ဒေသခံ အမျိုးသားတစ်ဦးက “ ဒီဟာက မြို့တောင်ဖက် အထွက်ထင်းရှူးတောကို အရင်ဝန်ကြီးချုပ် စိုင်းအောင်မြတ်တို့ အကြံဖန်ထုပြီး CB ဘဏ်ဉက္ကဌ ခင်မောင်အေးတို့ လုပ်တဲ့ စီမံကိန်း။ ဒေါ်စု လက်ထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်လို့ ရပ်ခိုင်းထားတာ။ အခုနောက်ပိုင်း လက်လွှဲရောင်းလိုက်ရင်တော့ မပြောတတ်ဘူး “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က တောင်ကြီးမြို့အထွက် ၂ မိုင်၊ ထင်းရှူးတောအတွင်း ဆောင်ရွက်နေသည့် ပန်းချယ်ရီ အိမ်ရာစီမံကိန်းသည် ထင်းရှူးပင်များ ခုတ်ထွင်ပြီး စီမံကိန်း လုပ်ဆောင်နေသည့်အပေါ် တောင်ကြီးမြို့ခံ အရပ်ဘက်လူမှု အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...