Tuesday, January 27, 2026

မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း

ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

“ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။ တောထဲမှာ ပြန်ပြီး လိုက်သွားရှာတော့ သေနေတဲ့ အလောင်းပဲ ပြန်တွေ့တာ။ လည်ပင်းမှာ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာနဲ့ သေနေတာ။ ပြီးတော့ မျက်နှာတွေလည်း ညိုနေတာ။ ရိုက်ခံရပြီး သတ်လိုက်တာလား မသိဘူး” ဟု လွယ်ယန်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ရုပ်အလောင်းကို ယမန်နေ့ မေလ ၂၁ တွင် ပြန်တွေ့ခဲ့ပြီး ထိုအလောင်းတွေ့ရှိသည့်နေရာသည် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားသည့် နေရာဖြစ်သဖြင့် ဒေသခံများက SSPP/SSA သတ်သည်ဟု ယူဆကြသည်။

ထို့ကြောင့် လက်ရှိမှာ ဒေသခံများက အလုပ်သွားရန် နှင့် ကျွဲ ၊ နွားများကို ကျောင်းရန်အတွက် စိုးရိမ်နေလျက်ရှိ ကြောင်းသိရသည်။

“သူ့ကို သတ်တာ SSPP/SSA ထင်တယ်။ အဲ့ အဖွဲ့ပဲရှိတယ်။ ကျနော်တို့ ရွာနားမှာ သူတို့ ၁၉ ရက်နေ့ကလည်း လက်နက်ကြီးသံ ကြားလိုက်တယ်။ ၂၀ ရက်နေ့ ပြန်သွားရှာမယ်ဆိုတော့လည်း အဲ့ အဖွဲ့က မပေးသွားဘူး။ မသွားနဲ့တဲ့။ သူ့ ရုပ်အလောင်းကတော့ ၂၁ ရက်နေ့မှ ပြန်တွေ့တာ။ အခုတော့ တောတွေထဲသွားဖို့ ပြည်သူတွေက စိုးရိမ်နေကြတာပေါ့။ သိပ်မသွားရဲ ကြတော့ဘူး” ဟု လွယ်ယန်းရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားသည် အသက် ၅၀ အရွယ်ရှိ ဦးပေါ်ထွေး ဖြစ်ပြီး လွယ်ယန်းကျေးရွာသည် မြို့ နှင့် ၅ မိုင်သာ ဝေးကွာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အဆိုပါ အမျိုးသား သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး စိုင်းဆု နှင့် ဗိုလ်မှူး ဖုန်းဟန် တို့ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

မိုင်းကိုင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှားသည့်နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...