မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း

ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

“ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။ တောထဲမှာ ပြန်ပြီး လိုက်သွားရှာတော့ သေနေတဲ့ အလောင်းပဲ ပြန်တွေ့တာ။ လည်ပင်းမှာ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာနဲ့ သေနေတာ။ ပြီးတော့ မျက်နှာတွေလည်း ညိုနေတာ။ ရိုက်ခံရပြီး သတ်လိုက်တာလား မသိဘူး” ဟု လွယ်ယန်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ရုပ်အလောင်းကို ယမန်နေ့ မေလ ၂၁ တွင် ပြန်တွေ့ခဲ့ပြီး ထိုအလောင်းတွေ့ရှိသည့်နေရာသည် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားသည့် နေရာဖြစ်သဖြင့် ဒေသခံများက SSPP/SSA သတ်သည်ဟု ယူဆကြသည်။

ထို့ကြောင့် လက်ရှိမှာ ဒေသခံများက အလုပ်သွားရန် နှင့် ကျွဲ ၊ နွားများကို ကျောင်းရန်အတွက် စိုးရိမ်နေလျက်ရှိ ကြောင်းသိရသည်။

“သူ့ကို သတ်တာ SSPP/SSA ထင်တယ်။ အဲ့ အဖွဲ့ပဲရှိတယ်။ ကျနော်တို့ ရွာနားမှာ သူတို့ ၁၉ ရက်နေ့ကလည်း လက်နက်ကြီးသံ ကြားလိုက်တယ်။ ၂၀ ရက်နေ့ ပြန်သွားရှာမယ်ဆိုတော့လည်း အဲ့ အဖွဲ့က မပေးသွားဘူး။ မသွားနဲ့တဲ့။ သူ့ ရုပ်အလောင်းကတော့ ၂၁ ရက်နေ့မှ ပြန်တွေ့တာ။ အခုတော့ တောတွေထဲသွားဖို့ ပြည်သူတွေက စိုးရိမ်နေကြတာပေါ့။ သိပ်မသွားရဲ ကြတော့ဘူး” ဟု လွယ်ယန်းရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားသည် အသက် ၅၀ အရွယ်ရှိ ဦးပေါ်ထွေး ဖြစ်ပြီး လွယ်ယန်းကျေးရွာသည် မြို့ နှင့် ၅ မိုင်သာ ဝေးကွာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အဆိုပါ အမျိုးသား သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး စိုင်းဆု နှင့် ဗိုလ်မှူး ဖုန်းဟန် တို့ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

မိုင်းကိုင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှားသည့်နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...