ထိုင်းနိုင်ငံတွင် PM 2.5 ကြောင့် တရက်လျှင် အဆုတ်ကင်ဆာလူနာ ၄၈ ဦးနှင့် သေဆုံးသူ ၄၀ ဦးရှိလာ

ထိုင်းနိုင်ငံတွင် တစ်ရက်လျှင် အဆုတ်ကင်ဆာလူနာသစ် ၄၈ ဦးနှင့် သေဆုံးသူ ၄၀ ဦးရှိနေပြီး၊ ပြည်သူ သန်းပေါင်းများစွာမှာလည်း အဆိပ်သင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲ ရောဂါဝေဒနာများကို ခံစားနေရကြောင်း ထိုင်းသတင်းဌာန The Nation တွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှု PM 2.5 ပြဿနာသည် ပြည်သူ့ကျန်းမာရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လာနေပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် အဆုတ်ကင်ဆာဖြစ်ပွားမှုတဟုန်ထိုး မြှင့်တက်လာသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင ထိုင်းနိုင်ငံသား ၃ သန်းခန့်သည် PM2.5 နှင့် ဆက်စပ်သော ရောဂါဝေဒနာများကို ခံစားခဲ့ရသည်။ ၎င်းတို့အနက်-

  • • နာတာရှည် အဆုတ်အအေးမိရောဂါ: ၄၈၈,၃၇၂ ဦး
  • • ရင်ကျပ်ပန်းနာရောဂါ: ၅၉၂,၇၂၁ ဦး
  • • မျက်စိနာခြင်း: ၈၆၂,၁၀၆ ဦး
  • • ဓာတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း: ၅၄၁,၇၉၈ ဦး
  • • အင်ပြင်ထွက်ခြင်း: ၄၀၇,၄၀၉ ဦး တို့ ဖြစ်ကြသည်။

ဤကဲ့သို့ ကျန်းမာရေးပြဿနာများသည် လေထုအတွင်းအလွန်သေးငယ်သော အမှုန်များ၊ ဖုန်မှုန့်ပါဝင်မှုများကြောင့် အဓိကဖြစ်ပွားလာခြင်းဖြစ်ပြီး အသက်ရှုလမ်းကြောင်းသာမက မျက်စိနှင့် အရေပြားတို့ကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေကြောင်း ပြသနေသည်။

အဆုတ်ကင်ဆာ ဖြစ်ပွားမှုအပေါ် စိုးရိမ်ပူပန်လာရခြင်းPM2.5 ဖုန်မှုန့်များကို ရေရှည်ထိတွေ့ခြင်းသည် မျက်စိ၊ နှာခေါင်းနှင့် လည်ချောင်းတို့ကို ယားယံစေရုံသာမက အဆုတ်ကင်ဆာကဲ့သို့ ပြင်းထန်သော ရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။

နှစ်စဉ်ကြုံတွေ့လာရသော ဖုန်မှုန့်အကျပ်အတည်းထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှုပြဿနာမှာ နှစ်စဉ်ဖြစ်ပေါ်နေသော်လည်း အပြီးသတ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ်အတွင်း ထိုင်းပြည်သူ ၇.၇၉ သန်းခန့် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာများဖြစ််ပွားခဲ့သည်။

၂၀၂၂ ခုနှစ်မှစ၍ ကျန်းမာရေး ထိခိုက်လာသူအရေအတွက်မှာ တစ်နှစ်လျှင် ပျမ်းမျှ ၁၀ သန်းခန့် ရှိလာပြီး အများဆုံး လူဦးရေ ၁၂.၃၇ သန်းထိ ထိခိုက်မှုရှိလာသည်။

၂၀၂၄ ခုနှစ်အတွင်း နခွန်ရက်ချာစီမာ (Nakhon Ratchasima) ခရိုင်တွင် လူနာပေါင်း ၄၁၀,၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ခဲ့ပြီး၊ နခွန်စီသမ္မရတ် (Nakhon Si Thammarat) တွင် ၃၁၆,၀၀၀ ဦးနှင့် ချင်းမိုင် (Chiang Mai) တွင် ၃၁၀,၀၀၀ ဦး အသီးသီး ရှိခဲ့သည်။

ဤကိန်းဂဏန်းများသည် PM2.5 သည် နိုင်ငံတော်အဆင့် ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း မီးမောင်းထိုးပြနေသည်။ အထူးသဖြင့် မြို့ကြီးများသာမက စိုက်ပျိုးရေး ထွက်ပစ္စည်းများ မီးရှို့ခြင်းမှ ထွက်ရှိသော မီးခိုးများနှင့် လေထုငြိမ်သက်နေခြင်းတို့ကြောင့် ထိခိုက်ရသည့် ပြည်နယ်များတွင် အခြေအနေမှာ ပိုမိုဆိုးရွားလျက်ရှိသည်။

ကိုးကား : The Nation Thailand

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...