လားရှိုးမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း ရှော့တိုက်ဒုံးပစ်ခံရ

သျှမ်းပြည် လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းရပ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် ယနေ့ (မေလ ၂၂) ရက် နံနက် ၁ နာရီ အချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Photo: Credit (ရှော့တိုက်ဒုံး ပစ်ခတ်ခံရသည့် ကျောင်း)

ယနေ့ (မေလ ၂၂) ရက် နံနက်အစောပိုင်း ၁ နာရီအချိန်တွင် ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းရပ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းအနီးကို အမည်မသိ လက်နက်ကိုင်အုပ်စုတစ်ခုမှ ရှေ့ာတိုက်ဒုံးဖြင့် ၈ ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့၍ အဆောက်အဦး၏ ခေါင်မိုး၊ နံရံများ နှင့် အနီးတဝိုက်ရှိ ကျေးရွာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“အဲ့မှာက လားရှိုး AD တပ်ရင်း နဲ့ နီးတယ်။ ကျောင်းဆောင်ရဲ့ အရှေ့ဖက်မှာ လားရှိုး AD တပ်ရင်း ရှိတာ။ မနေ့ည ပေါက်ကွဲသံတော့ ၈ ချက်လောက်ကြားတယ်။ တချို့ကလည်း ၅ ချက်လောက်ဘဲ ကြားတယ် ပြောတယ်။ အရင်ကလည်း အဲ့လိုဘဲ ဗုံးနဲ့ လာလာပစ်တာ။ ဘယ်အဖွဲ့အစည်း လုပ်တယ်ဆိုလည်း မသိရဘူး။ ရှော့တိုက်ဒုံးနဲ့ လာပစ်သွားတယ်လို့ ပြောတယ်။ လူထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး “ ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

Photo: Credit (ရှော့တိုက်ဒုံး ပစ်ခတ်ခံရ)

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း ကျောင်းဝန်းအတွင်း ဆောက်လက်စ အဆောက်အဦး တစ်လုံး အမိုးပွင့်၊ နံရံပေါက်သွားခဲ့သလို အနီးတဝိုက်ရှိ လူနေအိမ်ပေါ်၌လည်း ဗုံးကျရောက်၍ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ ရဲစခန်း၊ အဆောက်အဦးသည် မကြာခဏ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရပြီး အဆိုပါ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

Photo: Credit (ရှော့တိုက်ဒုံး ပစ်ခတ်ခံရ)

“ စိုးရိမ်တာပေါ့။ ဗုံးတွေက ဘယ်ကနေလာမှန်း မသိဘဲ ကျမတို့ ရွာ၊ အိမ်ထဲကို လာကျမှာတော့ စိုးရိမ်တာပေါ့။ သူတို့ အချင်းချင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာပဲ။ အဲ့မှာလည်း AD တပ်ရင်းရှိတော့ သူတို့ အဲ့ဒါကို တိုက်ခိုက်ချင်တာလားတော့ မပြောတတ်ဘူး။ အဲ့လိုဖြစ်လာရင် သွားလာလို့ အဆင်မပြေတော့ဘူး။ လူကို စစ်မယ်၊ ကားကို စစ်မယ်နဲ့ လုပ်တော့မယ်။ ညဘက် အဲ့လိုဖြစ်တော့ ပိုပြီးတောင် စိုးရိမ်နေရတယ် “ ဟု ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် မန့်နားပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ် (KDA)၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စသည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားဗဟိုမဏ္ဍပ် အနီးရှိ ကားပါကင်တွင် ထပ်ဆင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသူ ၄ ဦး နှင့် ထိခိုဒဏ်ရာ ရရှိသူ ၁၀ ဦး ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...