Saturday, January 31, 2026

လားရှိုးမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း ရှော့တိုက်ဒုံးပစ်ခံရ

သျှမ်းပြည် လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းရပ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် ယနေ့ (မေလ ၂၂) ရက် နံနက် ၁ နာရီ အချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Photo: Credit (ရှော့တိုက်ဒုံး ပစ်ခတ်ခံရသည့် ကျောင်း)

ယနေ့ (မေလ ၂၂) ရက် နံနက်အစောပိုင်း ၁ နာရီအချိန်တွင် ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းရပ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းအနီးကို အမည်မသိ လက်နက်ကိုင်အုပ်စုတစ်ခုမှ ရှေ့ာတိုက်ဒုံးဖြင့် ၈ ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့၍ အဆောက်အဦး၏ ခေါင်မိုး၊ နံရံများ နှင့် အနီးတဝိုက်ရှိ ကျေးရွာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“အဲ့မှာက လားရှိုး AD တပ်ရင်း နဲ့ နီးတယ်။ ကျောင်းဆောင်ရဲ့ အရှေ့ဖက်မှာ လားရှိုး AD တပ်ရင်း ရှိတာ။ မနေ့ည ပေါက်ကွဲသံတော့ ၈ ချက်လောက်ကြားတယ်။ တချို့ကလည်း ၅ ချက်လောက်ဘဲ ကြားတယ် ပြောတယ်။ အရင်ကလည်း အဲ့လိုဘဲ ဗုံးနဲ့ လာလာပစ်တာ။ ဘယ်အဖွဲ့အစည်း လုပ်တယ်ဆိုလည်း မသိရဘူး။ ရှော့တိုက်ဒုံးနဲ့ လာပစ်သွားတယ်လို့ ပြောတယ်။ လူထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး “ ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

Photo: Credit (ရှော့တိုက်ဒုံး ပစ်ခတ်ခံရ)

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း ကျောင်းဝန်းအတွင်း ဆောက်လက်စ အဆောက်အဦး တစ်လုံး အမိုးပွင့်၊ နံရံပေါက်သွားခဲ့သလို အနီးတဝိုက်ရှိ လူနေအိမ်ပေါ်၌လည်း ဗုံးကျရောက်၍ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ ရဲစခန်း၊ အဆောက်အဦးသည် မကြာခဏ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရပြီး အဆိုပါ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

Photo: Credit (ရှော့တိုက်ဒုံး ပစ်ခတ်ခံရ)

“ စိုးရိမ်တာပေါ့။ ဗုံးတွေက ဘယ်ကနေလာမှန်း မသိဘဲ ကျမတို့ ရွာ၊ အိမ်ထဲကို လာကျမှာတော့ စိုးရိမ်တာပေါ့။ သူတို့ အချင်းချင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာပဲ။ အဲ့မှာလည်း AD တပ်ရင်းရှိတော့ သူတို့ အဲ့ဒါကို တိုက်ခိုက်ချင်တာလားတော့ မပြောတတ်ဘူး။ အဲ့လိုဖြစ်လာရင် သွားလာလို့ အဆင်မပြေတော့ဘူး။ လူကို စစ်မယ်၊ ကားကို စစ်မယ်နဲ့ လုပ်တော့မယ်။ ညဘက် အဲ့လိုဖြစ်တော့ ပိုပြီးတောင် စိုးရိမ်နေရတယ် “ ဟု ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် မန့်နားပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ် (KDA)၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စသည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားဗဟိုမဏ္ဍပ် အနီးရှိ ကားပါကင်တွင် ထပ်ဆင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသူ ၄ ဦး နှင့် ထိခိုဒဏ်ရာ ရရှိသူ ၁၀ ဦး ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...