Thursday, April 25, 2024

မိုးဗြဲ ပီကင်းလမ်းပေါ် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရ၊ အဖေဖြစ်သူ သေဆုံး

Must read

သျှမ်း – ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အဖေဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Photo: Aung Moe Myint

ယမန်နေ့ (မေလ ၂၂) ရက် နေ့လယ်ပိုင်းအချိန်၌ နေအိမ်သို့ ပြန်စဉ် လမ်းတွင် ၎င်းတို့ စီးလာသည့်ကား ပစ်ခတ်ခံရပြီး အသက် ၆၀ နှစ် ဦးအုန်းမြင့် (ခ) ဦးညိုကြီးသည် ညာဖက် ပုခုံးအောက် ကျည်ဆံထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ သိရသည်။

“သူတို့ အိမ်ပြန်တဲ့အချိန် မိုးဗြဲမြို့ အကျော်မှာ ပစ်ခံရတာဗျ။ ဘယ်အဖွဲ့က ပစ်တယ်တော့ မသိရဘူး။ မိုးဗြဲမြို့ရဲ့ အကျော်နားဆိုတော့ တောထဲရောက်သွားတာ။ ဒဏ်ရာကတော့ လက်မောင်း၊ ဂျိုင်းပေါ်နားလေးမှာပေါ့။ ပစ်ခံရတဲ့တစ်ယောက်တော့ သိပ်မကြာခင်ဘဲ ဆုံးသွားတယ် “ ဟု လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

Photo: Aung Moe Myint ထိခိုက်ဒဏ်ရာ ရရှိသူ

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၎င်းတို့ စီးလာသည့် ကားတစ်စီးနှင့်အတူ အမျိုးသားတစ်ဦး ထိခိုက်ပျက်စီး သေဆုံးမှု ရှိခဲ့သည်။

ယင်းကဲ့သို့ အရပ်သား စီးနှင်းလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်သည် ယခုလအတွင်း ပထမ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သျှမ်း – ကရင်နီ နယ်စပ် တလျောက် တိုက်ပွဲပြင်းထန်နေသည့် ဒေသသီးသီးကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှု အရှိန်မြင့်တင်လာခြင်းကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူခြင်း မပြုရန် နှင့် မသွားလာကြရန် KNDF B-09 က (မေလ ၁၄ ) ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိမှာလည်း သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ် မိုးဗြဲ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားရာ နယ်မြေ ဒေသတစ်ခု ဖြစ်ပြီးလက်ရှိ တိုက်ပွဲပြင်းထန်သည့် နေရာလည်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article