မိုးဗြဲ ပီကင်းလမ်းပေါ် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရ၊ အဖေဖြစ်သူ သေဆုံး

သျှမ်း – ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အဖေဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Photo: Aung Moe Myint

ယမန်နေ့ (မေလ ၂၂) ရက် နေ့လယ်ပိုင်းအချိန်၌ နေအိမ်သို့ ပြန်စဉ် လမ်းတွင် ၎င်းတို့ စီးလာသည့်ကား ပစ်ခတ်ခံရပြီး အသက် ၆၀ နှစ် ဦးအုန်းမြင့် (ခ) ဦးညိုကြီးသည် ညာဖက် ပုခုံးအောက် ကျည်ဆံထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ သိရသည်။

“သူတို့ အိမ်ပြန်တဲ့အချိန် မိုးဗြဲမြို့ အကျော်မှာ ပစ်ခံရတာဗျ။ ဘယ်အဖွဲ့က ပစ်တယ်တော့ မသိရဘူး။ မိုးဗြဲမြို့ရဲ့ အကျော်နားဆိုတော့ တောထဲရောက်သွားတာ။ ဒဏ်ရာကတော့ လက်မောင်း၊ ဂျိုင်းပေါ်နားလေးမှာပေါ့။ ပစ်ခံရတဲ့တစ်ယောက်တော့ သိပ်မကြာခင်ဘဲ ဆုံးသွားတယ် “ ဟု လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

Photo: Aung Moe Myint ထိခိုက်ဒဏ်ရာ ရရှိသူ

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၎င်းတို့ စီးလာသည့် ကားတစ်စီးနှင့်အတူ အမျိုးသားတစ်ဦး ထိခိုက်ပျက်စီး သေဆုံးမှု ရှိခဲ့သည်။

ယင်းကဲ့သို့ အရပ်သား စီးနှင်းလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်သည် ယခုလအတွင်း ပထမ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သျှမ်း – ကရင်နီ နယ်စပ် တလျောက် တိုက်ပွဲပြင်းထန်နေသည့် ဒေသသီးသီးကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှု အရှိန်မြင့်တင်လာခြင်းကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူခြင်း မပြုရန် နှင့် မသွားလာကြရန် KNDF B-09 က (မေလ ၁၄ ) ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိမှာလည်း သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ် မိုးဗြဲ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားရာ နယ်မြေ ဒေသတစ်ခု ဖြစ်ပြီးလက်ရှိ တိုက်ပွဲပြင်းထန်သည့် နေရာလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...