သွေးစွန်းလက်ကိုတွဲပြီး သွေးရင်းလက်ကိုချန်ခဲ့ပြီလား …..

ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့တာ ဒီကနေ့ (မေ ၂၁) ရက်ဆိုရင် (၆၅) နှစ် တိုင်ခဲ့ပါပြီ။

RCSS & SSPP

ဒီ (၆၅) နှစ်တိုင် သျှမ်းအမျိုးသားအရေး၊ သျှမ်းလူမျိုးအရေး လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းပြည်တပ်မတော်တွေဟာ လက်ရှိမှာရော သျှမ်းလူထုအကျိုးကို ဘယ်လိုတွေ ဆောင်ရွက်နေလဲဆိုတာ ပြန်လည် ဆန်းစစ်သုံးသပ်သင့်တဲ့အချိန်တိုင် ပါပြီ။

လက်ရှိ အခြေအနေကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တဝှမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးပြင်းထန်လာချိန် သျှမ်းပြည်အတွင်း သျှမ်းတပ် (၂)တပ် စစ်ရေးကလည်း အရှိန်အဟုန် မြင့်တက်လာခဲ့ပါတယ်။

သျှမ်းတပ် (၂) တပ်ဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ရဲ့ စစ်ရေးဟာ သျှမ်းမြောက်ဘက်ကနေစပြီး သျှမ်းတောင်တဝှမ်းထိ ပြန့်နှံ့လာခဲ့ပါတယ်။

သျှမ်းပြည် ဟာ မြန်မာနိုင်ငံရဲ့ ဧရိယာ အကျယ်ဆုံး ပြည်နယ်တစ်ခု၊ သယံဇာတပေါများတဲ့ပြည်နယ် တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် လက်နက်ကိုင်ပေါင်းစုံ လူမျိုးစုံနေထိုင်တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီကို ပထမဆုံး စစ်မီး ပဋိပက္ခ စတင်ခဲ့တာကလည်း သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စတင် ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာလည်း သျှမ်း – ကယား နယ်စပ် တလျောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) နဲ့ စစ်ကောင်စီ တို့ကြား စစ်မီးတွေ ပိုပြီးအရှိန်ပြင်းလာသလို သျှမ်းပြည် အလယ်ပိုင်းလို့ ခေါ်တဲ့ လဲချားမြို့နယ်၊ ကျေးသီး၊ လွိုင်လင်တကြော နဲ့ ရပ်စောက်မြို့နယ်တွေမှာ သျှမ်းတပ် (၂) တပ် ရဲ့ စစ်ရေးက တင်းမာမှုတွေ ပိုလာပါတယ်။

RCSS နှင့် SSPP

ဒီသျှမ်းတပ်တွေ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တကြိမ်တခါမျှ တိုက်ပွဲမဖြစ်ပွားခဲ့ပေမယ့် အချင်းချင်းကြားမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင် စစ်ရေးက တင်းမာနေဆဲပါ။

ဒီစစ်မီးတွေ ဖြစ်နေသရွေ့တော့ ပြည်သူတွေကတော့ အိုးအိမ်တွေ၊ လယ်ယာတွေကို စွန့်လွှတ်ပြီး ထွက်ပြေး
တိမ်းရှောင်နေရမှာပါပဲ။

“သူများတွေ လို စစ်တပ် (စစ်ကောင်စီ) နဲ့တိုက်နေတာ မဟုတ်ဘူး။ အချင်းချင်း တိုက်နေကြတာလေ။ အရင်ကတော့ လူမျိုးရေးပြောပြီး အခုတော့ အချင်းချင်း ပြည်သူတွေကို အိုးအိမ် လယ်ယာတွေ စွန့်ပြီးထွက်ပြေးနေရတာ ကြည့်ပျော်နေလားမသိဘူး” လို့ လဲချားမြို့နယ် အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

သျှမ်းတပ် (၂) တပ် အပြင်းအထန် တိုက်ပွဲဖြစ်ပြီးနောက် အရင်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အနည်းဆုံး ဖြစ်တဲ့သျှမ်းတောင် တကြောမှာ အခုနောက်ပိုင်းတော့ အကြီးအကျယ်ကြား လာရပါတယ်။

တစ်လမှာ အနည်းဆုံး မြေမြှုပ်မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးရှိနေပါတယ်။

“အရင်က ကျနော်တို့ ဘက်မှာ မြေမြှုပ်မိုင်း သိပ်မရှိဘူး။ အခုနောက်ပိုင်း လယ်သွားပြီး မိုင်းနင်းမိတဲ့ သူတောင်ရှိတယ်။ အသက်ဆုံးရှုံးတဲ့ သူတောင်ရှိတယ်။ အခုတော့ ပြည်သူတွေက နာပြီးရင်နာပါပဲ” လို့ အသက် ၄၅ နှစ်အရွယ် အမျိုးသားက ဆိုပြန်ပါတယ်။

သျှမ်းပြည်တပ်မတော်ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်ကို ပြန်ကြည့်မယ်ဆိုပါက မိမိတိုင်းပြည် နဲ့ အမျိုးသားကို ကာကွယ်စောင့်ရှောက်ရန် အတွက် နွမ်စဝ်ဟန် ဦးဆောင်ပြီး သျှမ်းလူငယ် (၃၁) ဦးဟာ ၁၉၅၈ ခုနစ် မေ ၂၁ရက်မှာ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းနေရာမှာ သွေးသစ္စာရေ သောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

သျှမ်းလူငယ်တွေဦးဆောင်တဲ့ နွမ်စစ်ဟန် တပ်

စစ်အာဏာရှင်ဆန်ဆန် ဗမာစစ်တပ် က ကြိုးကိုင်ပြီး လူ့အခွင့်အရေး ကျူးလွန်ဖိနှိပ် ခံရမှုတွေကြောင့် သျှမ်းလူထုဟာ အခွင့်အရေး ဆုံးရှုံးရမှုကို မခံနိုင်တဲ့အတွက် ၁၉၅၈ ခုနစ် မှ စတင်ပြီး သျှမ်းလူငယ်တွေ ဦးဆောင်တဲ့ သျှမ်းပြည်တပ်မတော် ကိုတည်ထောင်ခဲ့ကြပါတယ်။

ဒါပေမယ့် သျှမ်းပြည်လူထု သျှမ်းအမျိုးသား အရေးကို ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းတပ်မတော်တွေ ကတော့ လက်ရှိမှာ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး သျှမ်းလူထုရဲ့ မျက်ရည်ကိုတောင် မကြည့်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

သျှမ်းတပ် (၂) တပ် ရဲ့ မြေပြင်တိုက်ပွဲပြင်းထန်လာသလို လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာလည်း သျှမ်းတပ်(၂) တပ်ရဲ့ ဘက်တော်သားတွေဟာ လေလှိုင်းထိုးစစ်ဆင်မှုတွေဟာ တရှိန်ထိုးမြင့်တက်လာမှုတွေကြောင့် သျှမ်းလူမျိုးအချင်းချင်း ကြားမှာလည်း သွေးခွဲမှုတွေဟာ ရှိလာနေတာကို တွေ့ရပါတယ်။

လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံထားတဲ့ လူမျိုးချင်းတူ၊ ဘာသာစကားတူ၊ စာပေတူ၊ ကိုးကွယ်ဘာသာချင်း လည်းတူတဲ့ သျှမ်းတပ် (၂) တပ် ဟာ နိုင်ငံရေးစားပွဲဝိုင်းမှာ အချင်းချင်း တွေ့ဆုံမဆွေးနွေးနိုင်တာ ဘာကြောင့်လဲဆိုတာ စဥ်းစားစရာဖြစ်လာပါတယ်။

အဲ့တပ် (၂) ဖွဲ့လုံးဟာ လူမျိုးအတွက်၊ အမျိုးသားအရေး အတွက် ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆိုပြီး ဘုံရန်သူလို့ သတ်မှတ်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီကို ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဘုံရည်မှန်းချက်တူတဲ့အချင်းချင်းကြတော့ တွေ့ဆုံဖို့ အပြန်အလှန် ကမ်းလှမ်းချက်ကနေ လေဟုန်မှာ ပျောက်ကွယ် နေကြဆဲပါ။

ပုံစာ- RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် (ဇန်နဝါရီ ၂၄၊ ၂၀၂၃)

“ ကျမတို့ သျှမ်းတပ် (၂) တပ်က အချင်းချင်းတာ မတွေ့နိုင်တာ။ အာဏာသိမ်း စစ်အုပ်စုတွေနဲ့တော့ အပြေးအလွှား ငြိမ်းချမ်းရေး စကားပြောနေကြတယ်။ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ ဘုံရန်သူကိုတောင် စကားပြောနိုင်သေးတာပဲ အချင်းချင်းကြား မပြောနိုင်တာ မာန်မာနတွေကြောင့်ပါပဲ” လို့ အသက် ၃၅ နှစ်အရွယ်ရှိ တက်ကြွလှုပ်ရှား သျှမ်းအမျိုးသမီးက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဘုံရန်သူကို မြင်အောင်ကြည့်တက်ဖို့လိုအပ်ပြီး သျှမ်းတပ် (၂) တပ်ရဲ့ အက်ကွဲကြောင်းတွေကို တဆင့်စကားတွေနဲ့ မဖြေရှင်းဘဲ အချင်းချင်းတွေ့ဆုံ ညှိနှိုင်းကာ စုပေါင်းအဖြေရှာသင့်ကြောင်း၊ လက်ရှိမှာ သျှမ်းတပ်တွေကြောင့် ပြည်သူတွေ သံဃာတော်တွေကြားလည်း အက်ကွဲနေကြကာ “ သူတစ်လူ ငါတစ်မင်း၊ သူမှန် ကိုယ်မှန် ဖြစ်နေကြပါက သျှမ်းပြည် အမျိုးသားရေးလှုပ်ရှားမှုဟာ အင်အားလျော့လာနိုင်ကြောင်း သူမ ကထောက်ပြပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် လူမျိုးရေး၊ အမျိုးသားရေးထက် ကိုယ်ကျိုးရေးများဖြစ်နေမလားဆိုတာလည်း သျှမ်းလူငယ်တွေကြားမှာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်လာပါတယ်။

“ ကျနော်တို့ သျှမ်းတပ် နှစ်တပ် နှစ်ခြမ်းကွဲသွားရတဲ့အကြောင်းရင်းက ကျနော်တို့ သျှမ်းအချင်းချင်း ကျနော်တို့ လူမျိုးရေး၊ အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လည်ပင်းဖက် ဆွေးနွေးညှိနှိုင်းမှု မရှိခဲ့လို့ဖြစ်တယ်။ သူမှန် ကိုယ်မှန် အပြိုင်ငြင်း ကြရင်း နဲ့ လက်တီးကိုသာ ဆုတ်ပြကြတော့ ရန်ဖြစ်ကြတာ။ ကျနော်တို့တွေ ဘာပဲလုပ်လုပ် အမျိုးသားရေး ကို အခြေခံပြီးတော့ လုပ်မယ်ဆိုရင် အခုလိုမျိုး ပစ်ကြ ခတ်ကြတာတွေလည်းရှိလာမှာ မဟုတ်ဘူး” လို့ စဝ်ဆုစန္ဒီဆု ရရှိတဲ့ သျှမ်းလူငယ် တစ်ဦးက ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အမျိုးသားရေးကို ကောင်းမွန်စွာ နားလည်သဘောမပေါက်တဲ့အတွက် သျှမ်းတပ် အချင်းချင်း တိုက်ပွဲအပြန်အလှန်ဖြစ်နေရတာလို့လည်း သျှမ်းလူငယ်တွေက မှတ်ချက်ပြုလိုက်ပါတယ်။

“တကယ်လို့သာ အမျိုးသားရေးဆိုတာကို ကောင်းကောင်းနားလည်မယ်ဆိုရင် ကျနော်တို့ အချင်းချင်းကြား ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာစရာအကြောင်းမရှိဘူး။ နောက်ပြီး တဖက်နဲ့တဖက် ပြောဆိုကြတဲ့ သွေးထိုးစကားတွေက စစ်ရေး၊ နိုင်ငံရေး တကယ်နားလည်ရင် လည်း သွေးထိုးစကားတွေ နားယောင်မှာ မဟုတ်ဘူး” လို့ သျှမ်းတပ် အချင်းချင်း စစ်ရေးတင်းမာနေတဲ့ ဒေသက လူငယ်အမျိုးသားတစ်ဦးက ထောက်ပြပြောဆိုပါတယ်။

လက်ရှိ သျှမ်းတပ် တွေကို ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၆၅ နှစ်တိုင် ရပ်တည်လာတဲ့ အမျိုသားရေးဆိုတာထက် အာဏာပါဝါတွေ တည်မြဲဖို့ကိုသာ ဦးတည်လုပ်ဆောင်နေကြပြီး၊ ကိုယ်ကျိုးအတွက် သာဆက်ပြီး လုပ်ဆောင်နေပါက သျှမ်းလူမျိုးရေးဟာလည်း အလှမ်းဝေးတထက် ဝေးသွားနိုင်ပါတယ်။

ဒါ့ကြောင့် သျှမ်းတော်လှန်ရေးနေ့ ဖြစ်လာဖို့အတွက် စဝ်နွဲ့ (ခ) ဆောယန္တိ ဦးဆောင်တဲ့ သျှမ်းလူငယ် (၃၁)ယောက် ရဲ့ ကတိကဝတ်တွေ သျှမ်းလူထုပေါ်ထားတဲ့ သစ္စာတွေဟာ ပြန်လည် စဥ်းစားပြီး သျှမ်းတပ်တွေ ပြန်လည် ပြုပြင်ရန်လိုအပ်ပါတယ်။

သျှမ်းပြည်သူ ငြိမ်းချမ်းဖို့၊ စစ်ဒဏ်မခံရဖို့ အတွက် အာဏာသိမ်း စစ်ကောင်စီတွေကိုတောင် စားပွဲပေါ် အကြိမ်ကြိမ်တွေ့ဆုံနိုင်ခဲ့ပြီး သျှမ်းအချင်းချင်းကြားမှာလည်း လေလှိုင်းပုတ်ခတ်မှုတွေ၊ မာန်မာန၊ အညိုးအသေးတွေ၊ ဘေးဖယ်ထားပြီး နိုင်ငံရေး စားပွဲဝိုင်းမှာ အမြန်ဆုံး အကောင်အထည်ဖော် တွေ့ဆုံဖို့ သျှမ်းလူထုတွေက တောင်းဆို လိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...