ပန်ဆိုင်းမြို့ လဝက မှတ်ပုံတင် လုပ်ရန် ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) တွင် ဒေသခံများ မှတ်ပုံတင် လုပ်ဆောင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးမှူးရုံး (လဝက) မှ ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေကြောင်း သတင်းသိရသည်။

ပန်ဆိုင်း လဝက ရုံး

ယခင်အချိန်များတွင် ဒေသခံများအနေဖြင့် မှတ်ပုံတင် လုပ်ပါက ငွေကျပ် တစ်သောင်းခန့်သာ ကုန်ကျ သော်လည်း လက်ရှိ အချိန်တွင် ၃ သောင်းကျပ်မှ ၁ သိန်းကျပ် အထိ ကုန်ကျစားရိတ်ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက မှတ်ပုံတင်လုပ်မယ်ဆိုရင် ၅ ထောင်ကနေ တစ်သောင်းကျပ်လောက်ပဲ ကုန်တာ၊ ဒါပေမဲ့ အခုက သုံးသောင်းကျပ်ကနေ တစ်သိန်းကျပ် အထိ တောင်းနေကြတာ။ သူတို့ ပြောတာက စာရွက်စာတမ်းဖိုး ၊ လားရှိုး ကို တင်ပြဖိုးတွေ ပါတယ်လို့ ပြောပြီးတောင်းတယ်” ဟု ပန်ဆိုင်းမြို့မှ မှတ်ပုံတင် လုပ်သည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်ဆိုင်း လဝက ရုံး

ထို့အပြင် ဒေသခံအချို့သည် ဗမာစကား မကျွမ်းကျင်ကြသည့်အတွက် ပွဲစားကို ငှားရမ်းပြီး မှတ်ပုံတင်ကို လုပ်ဆောင်နေရသည်။

“တချို့ဒေသခံတွေက သျှမ်းလိုပဲ တတ်ကြတယ်၊ ဗမာစကားကို မကျွမ်းကြဘူး၊ ပြီးတော့ ရုံးလုပ်ငန်းတွေ ဘာတွေ လည်း နားမလည်တော့ ပွဲစားငှားပြီး လုပ်ကြတာ ရှိတယ်၊ နောက်ပြီးတော့ တရုတ်ဘက် အလုပ် သွားလုပ်တဲ့ သူတွေပေါ့၊ သူတို့က အဲ့ဘက်မှာ အိမ်ထောင်ကျ ကလေးတွေရပြီး သူတို့ ကလေးတွေကို ဒီဘက် မှတ်ပုံတင်လုပ်ဖို့ ခေါ်လာတဲ့ အချိန်ကြလည်း အရမ်းခက်ခဲတာ၊ အဲ့လိုမျိုးတွေဆို ပိုက်ဆံပိုကုန်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တရုတ်ပြည်ဘက် အလုပ်သွားလုပ်ပြီး ပြန်လာသူများကို တရုတ်ငွေ ယွမ် ၁၀၀၀ မှ ၂၀၀၀ ထိ တောင်းခံနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်ဆိုင်း

တောင်ပေါ်ဒေသရှိ ရွာများတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့၏ တပ်သားသစ် စုဆောင်းမှုကြောင့် မြို့ပေါ် ပြောင်းရွှေ့လာသည့် ဒေသခံများလည်း အိမ်ထောင်စုစားရင်းများ၊ မှတ်ပုံတင်များ ကျန်ခဲ့မှုတွေကြောင့် အသစ် ပြန်လည် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် မှတ်ပုံတင် လုပ်ရန်အတွက် ပေးဆောင်ရသည့် ကုန်ကျ စားရိတ်သည် များပြားလွန်းသည့် အတွက် အခက်တွေ့နေရကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“တောင်းတဲ့ ပမာဏက များတော့လည်း ပေးဖို့အတွက် အခက်အခဲ ရှိနေတာပေါ့။ ပုံမှန်တောင်းရင် ဘာမှ မဖြစ်ဘူး။ အခုကတော့ သိန်းနဲ့ချီပြီး တောင်းကြတာ။ တရုတ်ငွေ ယွမ် တစ်ထောင် နှစ်ထောင် ဆိုလည်း နည်းတာ မဟုတ်ဘူး” ဟု ဒေသခံများက ဆက်ပြောသည်။

ပန်ဆိုင်းမြို့နယ်သည် ဝမ်းတိန်ဘက်မှ တရုတ်လူမျိုးများ နှင့် ဆက်စပ်ပတ်သက်နေသည့် လောင်းကစားဝိုင်းများ ရှိနေပြီး သွားရောက် ဆော့ကစားလိုသူများကို လောင်းကစားရုံမှ ကြို၊ ပို့မှသာ သွားရောက်နိုင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...