အသက်ရင်းပြီး တိုက်နေရတဲ့ လူငယ်တွေကို ထောက်ပံ့ကူညီပေးပါ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ၃ လကြာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေလျက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ကစ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ယနေ့အချိန်ထိ ပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်မှုတွေကို ပိုပြီး ပြုလုပ်တိုက်ခိုက် လာခဲ့ပါတယ်။ အခုလို ရက်ရှည်ကြာတိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက်ကြောင့် တိုက်ပွဲ နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရဲဘော် အခက်ခဲတွေဘယ်လိုရှိနေလဲ၊ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်ကနေ KNDF BO 3 တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်ထားပါတယ်။

KNDF ရဲဘော်များ

မေး ။ ။ အခုလက်ရှိတိုက်ပွဲအခြေနေက ဘယ်လိုရှိနေပါသလဲ။

ဖြေ။ ။ တိုက်ပွဲအခြေနေတော့ ပြင်းထန်နေတုန်းပေါ့။ တိုက်ပွဲဖြစ်တဲ့ ကာလကလည်း ၃ လနီးပါးတော့ ရှိတော့မှာ။ စစ်ကလည်း နေ့တိုင်းလိုလိုဖြစ်နေတော့ တိုက်ပွဲကလည်း ပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့။ တိုက်ပွဲကတော့ အခုနောက်ပိုင်း ‌တောင်မဲသင်း၊ နိမ့်နိန်းတို့ ၊ တောင်စလုံး မြောက်စလုံးတို့ဘက်မှာဖြစ်နေတာ။ အခု စစ်တပ်တွေက စစ်အင်အားတိုးလာတော့ ကြာလာသည့်အမျှ သူတိုးလိုက် ကိုယ်တိုးလိုက်နဲ့ တိုက်ပွဲဖြစ်နေတာ။ အခုလည်း တောင်စလုံး မြောက်စလုံးထိ စစ်ရေးက ရောက်နေပြီ။ တိုက်ပွဲပြင်းထန်တာတော့ ကရင်နီပြည်တစ်ခုလုံး တိုက်ပွဲပြင်းထန်တာ ပေါ့နော်။ ဖယ်ခုံမှာလည်း တိုက်ပွဲပြင်းထန်တယ်။ ပင်လောင်းဘက် ၊ မိုးဗြဲဘက်လည်း တိုက်ပွဲပြင်းထန်တယ်။ တိုက်ပွဲကတော့ ဟိုနေရာ ဖြစ်လိုက် ဒီနေရာဖြစ်လိုက်နဲ့ ဖြစ်နေတာပဲ။ ရက်တိုင်းလိုလိုပါပဲ။

မေး။ ။ အခုလို တိုက်ပွဲရက်ရှည်ကြာဖြစ်လာတော့ရော ဘယ်လို အခက်ခဲတွေနဲ့ ကြုံတွေ့နေရပါသလဲ။

ဖြေ။ ။ တိုက်ပွဲကြာလာတော့ ကျနော်တို့ရဲ့ အခက်ခဲကတော့ လက်နက်ခဲယမ်းပေါ့နော်။ သေနတ်တွေ ပစ်တဲ့ဟာတွေရှိတယ်။ ကျည်ဆံမရှိဘူး။ မလုံမလောက် ဖြစ်နေတာပေါ့။ ကျနော်တို့ ရဲဘော်တွေကလည်း ကြာလာတော့ ပင်ပန်းကုန်ကြတာပေါ့။ နောက်ပြီးတော့ မိုးသံလေသံကြောင့် ဒါလည်းပါတယ်။

နောက်ပြီးတော့ စိတ်ဖိစီးမှုများတဲ့ဟာတွေ ပင်ပန်းတဲ့ဟာတွေ၊ ကြာလာတော့ အဲ့ဒါတွေလည်း ဖြစ်တာပေါ့နော်။ အဓိက ထောက်ပို့ပိုင်းပေါ့။ အဲ့ဒါလည်း တိုက်ပွဲ ကြာလာတော့ လိုအပ်ချက် အများကြီးရှိတာပေါ့။ ထမင်းတွေလည်း နပ်မမှန် တော့ဘူးပေါ့။ တစ်ချို့ရက်ဆိုရင်လည်း ၁ နပ်ပဲ စားလိုက်ရတယ်။ တချို့ရက်လည်း ၂ နပ်စားရတယ်။ မနက်စာကို နေ့လည်မဟုတ် မနက်စာပဲ စားရတဲ့ဟာမျိုးလည်းရှိတယ်။ ထမင်းချက်ဆိုလည်း တောထဲမှာ နေရ‌တော့ မိုးရွာလိုက် နေပူလိုက်ဖြစ်နေတော့ တစ်ခါတစ်လေ ချက်လို့အဆင်မပြေတဲ့ဟာလည်း ရှိနေတယ်ပေါ့နော်။ ဒါတွေကို ကျနော်တို့ ရဲဘော်တွေ ကတော့ ကိုယ့်ကိုယ်ကြည့်ပြီးတော့ စီစဉ်လိုက်တာပေါ့နော်။ ထမင်းချက်နိုင်တဲ့ ရက်လည်းချက်တယ်။ မချက်နိုင်တဲ့ရက်လည်း အဆင်ပြေသလို လုပ်သွားနေရတာပေါ့နော်။

စစ်ကောင်စီမှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

မေး ။ ။ ဘာကြောင့် တိုက်ပွဲက ရက်ရှည်ကြာဖြစ်နေရတာလဲ။

ဖြေ။ ။ စစ်ကောင်စီက ဒီနယ်ထဲ မရောက်အောင် ကာကွယ်နေရတာ။ တစ်ချို့ ကိုယ်ရေးကိုယ်တာကိစ္စတော့ ကျနော်တို့ မမြင်ပါ့ဘူး။ ကျနော်တို့ သူတို့ကို တားနိုင်သလောက် တားတယ်။ တော်လှန်နိုင်သလောက် တော်လှန်နေတယ်။ သူတို့ စစ်ရေးထိုးလာတော့ ကျနော်တို့လည်း ဆက်ပြီးခုခံထားတယ်ဆိုတဲ့ သဘောပါပဲ။ စစ်ကောင်စီကတော့ ဆုတ်သွားရင်တော့ တိုက်ပွဲကတော့ ငြိမ်သွားမယ်ပေါ့။ ကျနော်တို့ ကြာလာတော့ စစ်ကောင်စီရယ်၊ နောက်ပြီးတော့ တစ်ခြားအဖွဲ့စည်း ပြည်သူ့စစ် PNO တို့လည်း ပါဝင်နေတော့ တိုက်ပွဲဆက်ဖြစ်နေတာ။ ကျနော်တို့ ကြားနေရတာကတော့ စစ်ကောင်စီ အင်အား ၁၀၀ လောက်ပါရင် PNO ဘက်ကတော့ ၂၀၀ လောက်ရှိတယ်လို့ ကြားနေရတယ်။ သူတို့အင်အားတွေ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရတယ်။ သူတို့ စစ်အင်အားတွေတိုးလာတော့ တိုက်ပွဲတွေ ဖြစ်နေရတာပေါ့။

မေး ။ ။ လေယာဉ်လိုင်းနဲ့ ပစ်ခတ်တာတွေကော ဘယ်လောက်ထိရှိပါသလဲ။

ဖြေ။ ။ ဒါကတော့ ရှိတယ်။ တစ်ချို့တစ်ရက်တွေဆိုရင် တိုက်ပွဲမဖြစ်တာတောင်မှ လေယာဉ်က လာတာပေါ့။ လာပစ်ခတ်တာပေါ့။ အရင်က တိုက်ပွဲပြင်းထန်တာတောင်မှ လေယာဉ် ၂ စီး လောက်ပဲလာတာပေါ့။ တိုက်ပွဲကြာလာသည်နှင့်အမျှ စစ်ကောင်စီလည်း အထိနာ အရမ်းများတော့ တစ်ချို့ရက်ဆို တိုက်ပွဲမဖြစ်တာတောင် လေယာဉ်နဲ့ ၅ စီးလောက် ထိလာတာပေါ့နော်။ တိုက်တယ်။ ဗုံးကြဲတယ်။ ပစ်တယ်။ နောက်ပြည်သူတွေ မှီခိုနေတဲ့ ဆေးရုံတွေကို ဗုံးကြဲတယ်။ ဘုရားကျောင်းထဲ ဗုဲးကြဲတယ်။ ကျေးရွာထဲ ဗုံးကြဲတယ်။ အမျိုးမျိုး လုပ်နေတာပေါ့နော်။ တိုက်ပွဲဖြစ်တဲ့နေရာလည်း ဗုံးလာကြဲတယ်။ မဖြစ်တဲ့နေရာလည်း ဗုံးလာကြဲတယ်။ တိုက်ပွဲဖြစ်တဲ့ရက်ဆိုရင်လည်း မဖြစ်တဲ့နေရာကိုတောင် သွားကြဲသေးတယ်။ တစ်နေကုန်တစ်နေကုန်ကြဲတဲ့ ဟာတွေလည်းရှိတာပေါ့။ အဓိက လေယာဉ်နဲ့လာတာ။ တစ်ခါလာရင် ၅ စီးလာတယ်။

စစ်ကောင်စီမှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

မေး ။ ။ လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ၊ ဒဏ်ရာရရှိမှုတွေ ဘယ်လောက်များနေပါသလဲ။

ဖြေ ။ ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုက ရှိတယ်။ လက်နက်ကြီးကြောင့် ထိခိုက်နစ်နာမှုကရှိတယ်။ ဒါပေမဲ့ မစိုးရိမ်ရပါဘူး။ အနည်းကျဉ်းပါပဲ။ ဒဏ်ရာတော့ အရမ်းမပြင်းထန်ကြဘူးပေါ့။ ဒါမဲ့ ပြည်သူနေအိမ်တွေ တော်တော်ပျက်စီး သွားတာပေါ့။ ဥပမာ – တောင်မဲသင်းနားကဆိုရင်လည်း အိမ်မီးလောင်သွားတဲ့ဟာတွေ အိမ်ပျက်စီးသွားတဲ့ ဟာတွေများတယ်။ နောက်ပြီး အပျက်အစီး အများဆုံးကတော့ တောင်စလုံးပေါ့။ အိမ်တိုင်းလိုလို လေယာဉ်နဲ့ဗုံးကြဲခံရတော့ ပျက်စီးနေတာပေါ့။ ပြီးတော့ ဆေးခန်းတို့ ၊ စာသင်ကျောင်းတို့လည်း တော်တော်လည်း ပျက်စီးသွားတာပေါ့နော်။ ဟိုချောင်ဂျိုချောင်ကြားတွေမှာရှိတဲ့ ရွာတစ်ရွာတောင်မှ ဘုရားကျောင်းတွေ ပျက်ကုန်သွားတာပေါ့။ ပြည်သူတွေကို ထိသွားတာလည်းရှိတယ်။ ပြီးတော့ ပြည်သူလူထုတွေ နားခိုတဲ့ ဆေးရုံတွေမှာလည်း လေယာဉ်နဲ့လာကြဲတော့ ၂ ရက်သားနဲ့ မိခင်လည်း သေဆုံးသွားတာပေါ့‌နော်။ ပြည်သူ ထိခိုက်နစ်နာတာတွေ အများကြီးရှိတာပေါ့နော်။ အိုးအိမ်တွေလည်း ပျက်စီးတယ်။ ပြီးတော့ မိခင်က လက်နက်ကြီး ထိပြီးတော့ ကလေးပဲ ကျန်ရှိခဲ့တာတွေ လည်းရှိတာပေါ့။

စစ်ကောင်စီမှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

မေး ။ ။ စစ်ကောင်စီကနေ ပြည်သူတွေကို ဖမ်းဆီးမှုကတော့ ဘယ်လောက်ထိများပါသလဲ။

ဖြေ။ ။ စစ်ကောင်စီဘက်က လူတွေကိုလည်း ကျနော်တို့ ဖမ်းမိတာရှိတယ်။ ကျနော်တို့ ဘက်ကနေ သူတို့ကို အရှင်ဖမ်းမိတာ ဆိုရင် ၃ ခါလောက်တော့ ရှိပါတယ်။ သူတို့ဘက်ကနေ ပြည်သူတွေကို ဖမ်းပြီး လူသားဒိုင်းကာအဖြစ် လုပ်တာလည်း ရှိတယ်။ နိမ့်နိန်းဘက်မှာဆိုရင် သူတို့ တပ်ဆုတ်နေရတဲ့အချိန်မှာ သူတို့လမ်းကြောင်းပြဖို့ လူကို ဒိုင်းကာ အနေနဲ့ ၄ ယောက်လောက် ဖမ်းထားတယ်။ တစ်ယောက်တော့ သူတို့ သတ်ခဲ့တယ်။ ၃ ယောက်ကျတော့ သူတို့ ကြိုးတုတ်ပြီးတော့ ရှေ့ဆုံးကနေ ဆွဲသွားတဲ့ဟာလည်း ကျနော်တို့ တွေ့နေရတယ်။

မေး ။ ။ ရှေ့ဆက်ပြီးတော့ကော ဘာတွေ ဆက်ဖြစ်သွားနိုင်မလဲ။

ဖြေ။ ။ ရှေ့ဆက်ပြီး ကျနော်တို့အထင်တော့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်သွားနိုင်တယ်‌ပေါ့နော်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကျနော်မမေးမိတဲ့အရာကိုကော အစ်ကိုအနေနဲ့ ဘာများထပ်ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ အဓိက ကျနော်တို့ အခုတိုက်နေတာလည်း ကျနော်တို့ ပြည်နယ်အတွက်တိုက်နေတာလည်းမဟုတ်ဘူး။ လွတ်လပ်ရေးအတွက် ကျနော်တို့ တိုက်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုလည်း ကျနော်တို့ကို ဆက်လက်ပြီး ဝိုင်းဝန်းပြီးတော့ ဆက်ကူညီပေးပါ။ ကျနော်တို့ အသက် နဲ့ ရင်းရတဲ့ဟာတွေ အများကြီးရှိတော့ လူငယ်တွေလည်း ပင်ပန်းကုန်ပြီ။ အခုလို ပင်ပန်းနေတဲ့ကြားမှာ ကျနော်တို့ လူငယ်တွေကလည်း အားတင်းထားနေတုန်း။ ပြည်သူလူထုတွေကလည်း ကျနော်တို့ကို ဆက်လက်ကူညီပေးပါ။ ဆက်ပြီးအားတင်းထားပါ။ ပြီးတော့ စစ်အာဏာရှင် အမြန်ပြုတ်ကျဖို့ လိုနေပြီဆိုတာမျိုး ၊ ကျနော်တို့ လူငယ်တွေလည်း အများကြီး ပေးဆက်နေရပြီဆိုတာမျိုး ၊ အားတင်းထားပေးဖို့ ၊ အများကြီးကူညီပေးဖို့ ၊ သတင်းမီဒီယာတွေအနေနဲ့လည်း ကျနော်တို့ကို အများကြီးကူညီပေးပါ ဆိုတာ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...