နမ့်ခမ်းမြို့ နေအိမ် (၃) လုံး သော့ဖျက်ခံရပြီး ဆိုင်ကယ် ၃ စီးခိုးခံရ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် ယခု သီတင်းတပတ်အတွင်း ပြည်သူနေအိမ်၏ အိမ်ခြံဝန်းတံခါးများသော့ ဖျက်ဆီးခံရပြီး ဆိုင်ကယ် ၃ စီး ခိုးခံနေရကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့

ယခု သီတင်းပတ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်နေစဉ် ကာလ၌ ညသန်းခေါင်အချိန်တွင် ပေါက်နေရပ်ကွက်မှ နေအိမ်တစ်လုံး၊ ပေါက်လုံရပ်ကွက်မှ နေအိမ်တစ်လုံး နှင့် ဟိုနောင်ရပ်ကွက်မှ နေအိမ်တစ်လုံး စုစုပေါင်း နေအိမ် ၃ လုံးသည် အိမ်ခြံဝန်း တံခါးသော့ ဖျက်ဆီးခံရပြီး ဆိုင်ကယ် ၃ စီး ခိုးခံနေရကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒီတစ်ပတ်အတွင်း ဖြစ်သွားတာဗျ။ ညဖက်သန်းခေါင်ကျော်အချိန် မိုးကြီးလေပြင်း တိုက်ခတ်နေတုန်း ဝင်ခိုးသွားတာ။ အိမ်ခြံဝန်းတံခါးကို ဖြတ်တယ်။ တချို့နေရာမှာတော့ အိမ်ခြံဝန်းတံခါးရဲ့ သော့ကို သံလွှ နဲ့ ဖြတ်တယ်။ တစ်ခါ သော့ကို မဖြတ်ဘဲ သူတို့မှာရှိတဲ့ နည်းတွေနဲ့ သော့ကိုဖွင့်ပြီး ဝင်ခိုးတယ်။ ဆိုင်ကယ် ၃ စီးပါသွားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ခိုးခံရသည့် ဆိုင်ကယ်များဟာ DT ဆိုင်ကယ် အမျိုးအစားတစ်စီးအပါအဝင် ထိုင်းနိုင်ငံထုတ် SCOOPY တစ်စီးနှင့် (125) ဆိုင်ကယ်တစ်စီး ခိုးခံရကြောင်း သိရသည်။

ထို့အပြင် နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းနှင့် ဂိမ်းဆိုင်များ ပေါများလာခြင်းကြောင့် ထိုမှတစ်ဆင့် သူခိုး၊ ဓားမြများလည်း ပေါများလာနေရာ ပြည်သူများ၏ လုံခြုံရေးသည် ပိုမိုဆိုးရွား လာနေကြောင်း ၎င်းကဆက်ပြောသည်။

“ ဘာမှကို စိတ်မချရတော့ဘူး။ ဒါတောင် အိမ်ခြံဝန်းထဲရှိတာမှ ခိုးခံရတယ်ဆိုတော့ အပြင်မှာထားတဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်တွေလည်း မကြာခဏ ခိုးခံနေရတယ်။ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ အဖွင့်များလာတာနဲ့ အဲ့ကနေလူတွေက လာခိုးတာများတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

နမ့်ခမ်းမြို့ သာယာကုန်းတွင် လောင်းကစားဝိုင်းနှင့် ဂိမ်းဆိုင်များ ဖွင့်လှစ်နေလျက်ရှိပြီး ပြည်သူ့စစ်များက ဦးဆောင်၍ စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို အခွန်ဆောင်ပြီး ဖွင့်လှစ်နေခြင်း ဖြစ်သည်။

နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် တိုင်းရင်းသားတပ်ဖွဲ့များ လှုပ်ရှားနေသည့် ဒေသဖြစ်သော်လည်း သူခိုး၊ ဓားပြ များကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသည့်အပြင် ပြည်သူများထံ အခွန် (ဆက်ကြေး) ကောက်ခံနေလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...