မီးဖိုချောင် ကုန်ကျစရိတ်လျော့ကျစေချင်သူ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းလုံး ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အိမ်ရှင်မတွေဟာ အစစအရာရာ ဆင်ခြေသုံးစွဲနေရပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ရှင်မတွေရဲ့ ဝင်ငွေထိခိုက်မှုနည်းအောင် ဆပ်ပြာကို ကိုယ်တိုင် ပြုလုပ်ပြီး အသုံးပြုနိုင်ရန် နဲ့ ရောင်းချပြီး တဖက်မှာလည်း ဝင်ငွေပြန်ရအောင် ဆပ်ပြာပြုလုပ်နည်းကို စနစ်တကျ ဖော်စပ်တတ်အောင် သင်တန်းပေးနေတဲ့ နန်းနွမ်းဟွမ် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

နန်းနွမ်းဟွမ်

သူမကတော့ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ တန့်ယန်း၊ ကျောက်မဲ၊ နမ့်လန် ရှိ ကျေးရွာပြည်သူတွေကို ဆပ်ပြာရည်၊ ဆပ်ပြာခဲ တွေကို နည်းစနစ်တကျ ပြုလုပ်တတ်ရန် နဲ့ တပိုင်တနိုင် ဝင်ငွေရဖို့ ဘယ်လိုတွေ သင်တန်းပေးနေလဲဆိုတာကို နဲ့ ရှေ့ဆက်ပြီး သူမအနေနဲ့ ဆပ်ပြာပြုလုပ်နည်းကိုလည်း ထိုင်းနိုင်ငံမှာ ဆက်လက်သင်ယူချင်ပြီး ကျေးလက် အိမ်ထောင်ရှင်မကို ကူညီသွားမယ်လို့ ဆိုပါတယ်။

မေး။ ။ ပထမဆုံး အနေနဲ့ ညီမရဲ့ နာမည်နဲ့ လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့ လုပ်ငန်းကို မိတ်ဆက်ပေးပါအုံး။

ဖြေ။ ။ မိုင်ဆုင်ခ။ မင်္ဂလာပါ။ ကျမနာမည်ကတော့ နန်းနွမ်းဟွမ် လို့ခေါ်ပါတယ်။ လက်ရှိမှာ ကျမက လားရှိုးမြို့မှာ ရှိတဲ့ “လိန်မောက်မိုင်” ဆိုင်မှာ ဖွင့်လှစ်ထားပါတယ်။ ဆပ်ပြာကုန်ကြမ်းရောင်းတဲ့ ဆိုင်ပေါ့နော်။

မေး ။ ။ နန်းနွမ်းဟွမ် အနေနဲ့ ဆပ်ပြာကုန်ကြမ်းဆိုင်အပြင် တခြားရော ဘာများလုပ်နေတာရှိလဲခ။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ (၁) အချက်ကတော့ ဆိုင်ဖွင့်ပြီးတော့ ပစ္စည်းရောင်းတာမျိုးပေါ့နော်။ (၂) အချက်ကတော့ ကျေးရွာတွေဘက်ကို ကွင်းဆင်းပြီးတော့ ရွာအလိုက် သင်တန်းတွေ လိုက်ပေးတယ်။ သင်တန်းတွေရှိရင် သင်တန်းသွားပေးတယ်။ သင်တန်းမရှိတဲ့ အချိန်ဆိုရင်တော့ ဆိုင်စောင့်ပါတယ်။ အဲ့နှစ်မျိုးကို အဓိကထားလုပ်နေပါတယ်။ ကျမတို့ကလည်း ရွာတွေဘက် သင်တန်းပေးပြီးရင် ဆိုင်မှာ ပြန်လာစောင့်ပေါ့။ တကယ်လို့ ရွာသားတွေဘက်က သင်တန်းလာပေးအုံးလို့ ထပ်ခေါ်ရင်လည်း ရွာတွေဘက် ပြန်ဆင်း အဲ့လိုတွေပေါ့။

ဆပ်ပြာလုပ်နည်းကို လူငယ်တွေကို သင်တန်းပေးစဥ်

မေး ။ ။ ဒီလို ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေ လုပ်ဖို့အတွက်ကရော ညီမအနေနဲ့ ဘယ်လို စိတ်ဝင်စားခဲ့လဲ၊ ဘယ်တုန်းက စပြီး လုပ်ဖြစ်ခဲ့လဲ။

ဖြေ ။ ။ ကျမအနေနဲ့ကတော့ ခေါင်းလျှော်ရည် လုပ်နည်းကို စတွေ့ဖြစ်ခဲ့တာပါ။ ပြီးတော့ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ စတာတွေကို တွေ့လာတာ။ အိမ် အလည်သွားရင်းနဲ့ တွေ့တာပေါ့နော်။ အဲ့မှာ တောင်းဝယ် လာလိုက်ပြီးတော့ ကျမဘာသာ ကျမ အိမ်မှာ စမ်းလုပ်ကြည့်လိုက်တယ်။

လွန်ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ ဝန်းကျင်လောက်က အိမ်မှာ အဲ့လိုတွေ စမ်းသုံးကြည့်တော့ ကောင်းတယ်ပေါ့နော်။ ကျမ ကိုယ်တိုင် ကလည်း လုပ်တတ်ချင်လာတယ်။ ဒါပေမဲ့ ဘယ်မှာ လုပ်နည်းတွေ သင်ရမလဲ။ ဘယ်လို ဆည်းပူးရမလဲ စတာတွေကို မသိခဲ့ဘူး။ အဲ့အချိန်တုန်းကလည်း အခုလိုမျိုး အွန်လိုင်းတွေက မတွင်ကျယ်သေးဘူးလေ။ ၂၀၁၅ ခုနှစ်မှာ ကျမအသိ သူငယ်ချင်း တစ်ယောက်က သူလုပ်တတ်တယ်။ အဲ့ဒါနဲ့ သူ့ကို ဆရာတင်ပြီးတော့ သင်ပြ ခိုင်းတာ။ အဲ့အချိန်မှာ ကျမက ပန်းကန်ဆေးဆပ်ပြာ နဲ့ အဝတ်လျှော်ဆပ်ပြာကို စလုပ်ခဲ့ရတယ်။ အဲ့ဒီနောက်မှာမှ ခေါင်းလျှော်ရည် လုပ်နည်းကို သိခဲ့ရတယ်။ နောက် ၂၀၁၇ ခုနှစ်မှာတော့ ဆပ်ပြာခဲ လုပ်နည်းအကြောင်းကို ကျမက ဆက်ပြီး လေ့လာခွင့်ရခဲ့တယ်။

မေး ။ ။ အဲ့လိုသင်ကြားခွင့် လေ့လာခွင့် ရလာတဲ့အခါမှာရော စီးပွားဖြစ်အောင် လုပ်မယ်ဆိုတာမျိုး တွေးမိလား၊ ပြီးတော့ အခုလိုမျိုး သူများပြန်လည်သင်ကြားပေးဖို့ရော အရင်ကတည်းက အစီအစဥ်ရှိလား။

ဖြေ ။ ။ ပြောရရင်တော့ မရှိခဲ့ပါဘူး၊ တကယ်ပါ။ အဲ့တုန်းက ကိုယ်တိုင်လုပ်တတ်ချင်တဲ့ စိတ်တစ်ခုပဲ ရှိတယ်။ များသောအားဖြင့်က မီးဖိုချောင်ထဲမှာပဲ နေရမယ်ဆိုပြီးတော့ တွေးမိတာလေ။ မီးဖိုချောင်ထဲမှာ နေပြီး ဆေးရကြောရ တာတွေက နေ့စဥ်နီးပါး ရှိနေတယ်၊ ပြီးတော့ အဲ့တုန်းက ခံစားချက်အရဆိုရင် ဒါတွေအတွက်က ငွေကုန်ကြေးကျလည်းများတယ်။ အဲ့ဒါကြောင့် ကျမသာ ဒီလုပ်နည်းတွေ တတ်လာပြီဆိုရင် ငွေကုန်ကြေးကျ သက်သာမယ်၊ မိသားစုအတွက် အထောက်အကူလည်း ဖြစ်စေမယ်ဆိုပြီးတော့ အဲ့လောက်ပဲ တွေးခဲ့တာပါ။
ကျမ ခေါင်းလျှော်ရည်လုပ်နည်းကို လေ့လာခွင့်ရပြီး လုပ်တတ်ပြီးတဲ့ နောက်ပိုင်းမှာမှ အိမ်မှာစမ်းသုံးကြည့်တယ်။ ပြီးတော့ ပွဲတွေ ဘာတွေ သွားရောင်းရင်လည်း အဲ့ခေါင်းလျှော်ရည်ဗူးလေးတွ ပါသွားပြီး အစမ်းရောင်းကြည့်တော့ ဖောက်သည်တွေကလည်း ကြိုက်တယ်ဆိုပြီး ဖြစ်သွားတာ။ စစလုပ်တုန်းကတော့ အိမ်မှာ သုံးဖို့အတွက်ပဲ လုပ်ဖြစ်တာပါ။ အခုနောက်ပိုင်းမှာမှ အိမ်တိုင်းလည်း သုံးဖြစ်နေကြတာပဲ၊ စမ်းရောင်း ကြည့်မယ်ဆိုပြီးတော့မှ အခုလိုမျိုးတွေ ဖြစ်လာတာပါ။

စလုပ်ဖို့ လေ့လာတုန်းကတော့ ဒါကို စီးပွားဖြစ်လုပ်မယ်၊ လုပ်ရောင်းမယ်ဆိုတာမျိုးတွေ မရှိခဲ့ဘူး၊ ဒါကို ရောင်းလို့ ရမယ်မှန်းလည်း မသိခဲ့ဘူး။

ဆပ်ပြာလုပ်နည်း သင်တန်းပေးစဥ်

မေး ။ ။ အခုလိုမျိုး တောက်လျောက် လုပ်လာပြီးတော့ ဘယ်အချိန်ကစပြီး သူများတွေကို သင်တန်းစပေး ဖြစ်ခဲ့လဲ။ ဘယ်ဒေသတွေမှာ စလုပ်ဖြစ်ခဲ့လဲ။

ဖြေ ။ ။ ကျမ အနေနဲ့ လုပ်နည်းတွေကို နမ့်စန်မြို့ (သျှမ်းပြည်တောင်ပိုင်း) က သူငယ်ချင်းဆီမှာ သွားပြီးတော့ သင်ယူ ခဲ့တယ်။ ဘယ်အချိန်ကနေ စပြီး သင်တန်းစပေး ဖြစ်လဲ ဆိုရင်တော့ ကိုဗစ်မတိုင်ခင် ၂၀၁၈ ၊ ၂၀၁၉ လောက်မှာ စပြီးတော့ သင်တန်းတွေ လိုက်ပေးဖြစ်ခဲ့တယ်။ ဘယ်ရွာ၊ ဘယ်ဒေသက စခဲ့လဲ ဆိုတာကိုတော့ ကျမလည်း မမှတ်မိတော့ဘူး၊ များလည်းများနေပြီလေ။

မေး ။ ။ သင်တန်း စပေးဖြစ်ခဲ့တုန်းကရော ဘယ်ပစ္စည်း လုပ်နည်းကို သင်တန်းပေးဖြစ်ခဲ့လဲ။

ဖြေ ။ ။ ၃ မျိုးပေးပါတယ်။ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ လုပ်နည်းတွေကို သင်တန်းပေးဖြစ်ခဲ့တယ်။

မေး ။ ။ လေ့လာသင်ကြားနေတဲ့ အချိန်မှာရော အခက်အခဲတွေကြုံရလား။

ဖြေ ။ ။ ဆပ်ပြာရည်ပဲ ဖြစ်ဖြစ်၊ ဆပ်ပြာခဲပဲ ဖြစ်ဖြစ် အဓိက က ဖော်မြူလာနဲ့ ဆိုင်တယ်။ ကျမတို့အနေနဲ့ ဂဏန်းတွက်စက် သုံးရတယ်။ ဖော်မြူလာအရ ဘယ်ဟာနဲ့ ဘယ်ဟာကို ဘယ်လောက်ရောမလဲ ဆိုတာမျိုးတွေကို တွက်ရတယ်။

ဥပမာအနေနဲ့ဆိုရင် ခေါင်းလျှော်ရည်ပေါ့ တကယ်လို့ ဆားများသွားရင်ခေါင်းက ယားယံတာတွေ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်တာ။ ပြီးတော့ ပန်းကန်ဆေးဆပ်ပြာ ဆိုရင်လည်း အချဥ်ဓာတ် များသွားရင်လည်း ဆပ်ပြာက အမြှုပ်မထတော့ဘူး။ အဲ့လိုတွေ ဖြစ်ကြတော့ အဓိကက ဖော်မြူလာအတိုင်း မှန်မှန်လုပ်ပေးရမယ်။

ကျမအနေနဲ့က စိတ်ဝင်စားလွန်းလို့ သူငယ်ချင်းစီမှာ သွားပြီး လေ့လာဖြစ်ခဲ့တယ် ဆိုပေမဲ့လည်း တကယ့် သင်တန်းဆင်း ပြီးသင်ပေးတာ မဟုတ်တော့ သိတယ်မလား စကားအရ သိသလောက် ပြန်သင်ပေးတာမျိုးပေါ့။ အဲ့ကြောင့် ကျမက ပိုက်ဆံ ကုန်ကျခံပြီးတော့ ရန်ကုန်မှာ ထပ်ပြီး သွားလေ့လာခဲ့သေးတယ်။

ဘာလို့လဲဆိုရင် ဖော်မြူလာတွေကို သိချင်လို့ပေါ့နော်။ ဖော်မြူလာက ဘယ်လောက်အရေးကြီးလဲဆိုရင် ခေါင်းလျှော်ရည်ကို လုပ်တာဖြစ်ပြီဆိုပေမဲ့ ၂ / ၃ ရက်လောက်ထားလိုက်ရင် အပုပ်နံ့ထွက်လာတယ်၊ အထားမခံဘူးပေါ့။ ဒါတွေ ဘာကြောင့်ဖြစ်ရလဲ၊ ဘယ်လို လုပ်ရမလဲ ဆိုတဲ့ ဖော်မြူလာကို သိချင်လို့ ရန်ကုန်ထိ သွားပြီးတော့ လေ့လာခဲ့ရတာပါ။ နောက်ပြီးတော့ အွန်လိုင်းကနေလည်း လေ့လာမှုတွေ စဥ်ဆက်မပြတ် လုပ်ခဲ့တယ်။

ဆပ်ပြာလုပ်နည်း သင်တန်းပေးစဥ်

မေး ။ ။ အခုလက်ရှိ လုပ်နေတဲ့ အနေအထားအရ ပစ္စည်းတွေက စိတ်တိုင်းကျ ဖြစ်ပြီလား၊ ဒါမှမဟုတ် ကိုယ့်အနေနဲ့ လေ့လာမှုတွေ လိုသေးတယ်လို့ ညီမထင်မိလား။

ဖြေ ။ ။ အခုဆိုရင် ကျမကလည်း လေ့လာရင်း သင်ပေးရင်း လုပ်ရောင်းရင်းနဲ့ လေ့လာမှုတွေ လုပ်နေတုန်းပါ။ တခါတလေ ကျမက ဖော်မြူလာ အသစ်ပြောင်းပြီးတော့ ကျမအတွက် ခေါင်းလျှော်ရည် စမ်းလုပ်ကြည့်တာ ခေါင်းယားယံတာ ဖြစ်လာလို့ သွန်ပစ်လိုက်ရတာ ရှိတယ်။ စိတ်တိုင်းကျတော့ မဟုတ်သေးဘူးပေါ့။ လုပ်နိုင်စွမ်းရည်ကို ရာခိုင်နှုန်း အနေနဲ့ ပြပါဆိုရင် ၆၀% လောက်ပဲ ရှိအုံးမယ်။

နိုင်ငံခြားတွေမှာ သွားပြီး လေ့လာမယ်ဆိုရင်လည်း ဘာသာစကားအခက်အခဲတွေကြောင့် ကျမတို့အတွက် နည်းနည်းခက်ခဲတာပေါ့နော်။ ကျမကတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားပြီးတော့ လေ့လာချင်သေးတယ်၊ သူတို့ဆီက ဖော်မြူလာကိုယူရင်းနဲ့ အခုက ၆၀% လောက်လုပ်နိုင်ပြီ ဆိုရင် နောက်ကျ ၈၀% ၊ ၉၀% ဖြစ်လာရင်လည်း ကျမတို့ သင်တန်းပြန်ပေးတဲ့ အခါ ပိုပြီးတော့ ကောင်းတာပေါ့နော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှု ပိုတိုးစေမှာပေါ့။

မေး ။ ။ ပျှမ်းမျှအားဖြင့် တစ်နှစ်ကို သင်တန်းဘယ်နှခု ပေးဖြစ်လဲ။

ဖြေ။ ။ ပျှမ်းမျှအားဖြင့်တော့ တစ်နှစ်ကို သင်တန်း ၁၀ ခုထက်မနည်းတော့ ပေးဖြစ်ပါတယ်။ သင်တန်းတစ်ခုကို လူ ၃၀ – ၅၀ ကြား ရှိပါတယ်။ တခါတလေကျတော့ ၈၀ ထိ ရှိပါတယ်။

နန်းနွမ်းဟွမ်

မေး ။ ။ အခုလို လုပ်နေတာတွေကရော ကောင်းကျိုးတွေ ဘာရရှိလာတယ်လို့ မြင်လဲ။

ဖြေ။ ။ ကောင်းကျိုး အနေနဲ့ဆိုရင်တော့ ကျမကလည်း သင်တန်းပေးပြီးရင် သူတို့ကို ပြန်မေးလေ့ရှိတယ်။ ကျမဆိုရင် ဒီခေါင်းလျှော်ရည်ကို သုံးလာတာ ၊ ၅ နှစ် ၊ ၆ နှစ်ရှိလာပြီဆိုတော့ အပြင်က ပစ္စည်းတွေကို မသုံးဖြစ်တာ ကြာပြီ။ အဲ့ကြောင့် သူတို့ကို ခန့်မှန်းကြည့်တာပေါ့၊ အဲ့အတွက် အသုံးစားရိတ်က ဘယ်လောက်ရှိ မလဲ ဆိုတာကို ခန့်မှန်းကြည့်တော့ တစ်ခါကို ၃၀၀ လောက်ကျသင့်တယ်။ တစ်လကို ကိုးထောင် ၁ သောင်းနီးပါး ကျသင့်တယ်။ Brand သုံးတဲ့သူတွေကတော့ ပိုကုန်တာပေါ့။

ကျမတို့ ကိုယ်တိုင် ကိုယ့်ဘာသာ ပစ္စည်းလုပ်သုံးမယ် ဆိုရင်တော့ လုပ်နည်းနှစ်မျိုး ရှိတာပေါ့နော်။ ပစ္စည်းတွေကို ပေါင်းစပ်ဖို့ နည်းလမ်းက နှစ်မျိုး ရှိတာပေါ့နော်။ ကင်ပွန်းတို့ ၊ တရော်ရွက်တို့ကိုက ကျမတို့ ဒေသအတွင်းမှာ ဝယ်ဖို့ မလိုဘူးလေ၊ ဒီတိုင်း ရှာယူလို့ရတယ်။ လိုတာက ကုန်ကြမ်းတစ်မျိုးတည်းကိုပဲ၊ အဲ့ကုန်ကြမ်းကလည်း ၄၅၀၀ ကျပ် ၊ ၅၀၀၀ ကျပ်လောက်ပဲ ရှိတယ်။ ၅၀၀၀ ဖိုးဆိုရင် ၈ မီတာလောက်တော့ ရတယ်၊ အဲ့ဟာက တစ်ယောက်တည်းအတွက်ဆိုရင် တစ်နှစ်လုံးစာ သုံးလို့ရတယ်။ အပြင်ပစ္စည်း ဝယ်သုံးမယ်ဆိုရင် ၁ သိန်းလောက်ကုန်တယ်မလား ၊ အခုလို သဘာဝ နည်းနဲ့ လုပ်တော့ ၅၀၀၀ ကျပ်လေးပဲ ကုန်တော့တာလေ။ အဲ့ဒါကြောင့် ကုန်ကျစရိတ်အတွက် တော်တော် လေးကို သက်သာတယ်။

မေး။ ။ ဒီလိုမျိုး ဒေသအကျိုးပြု၊ လူထုအကျိုးပြုတဲ့ လုပ်ငန်းတွေ ရှေ့ဆက် ဘယ်လို ဆက်လုပ်ဆောင်သွားဖို့ အစီအစဥ်ရှိလဲ။

ဖြေ ။ ။ အခု ၆ လပတ်ကာလအတွင်းမှာက ကျမ သင်တန်းပေးဖို့ စီစဥ်ထားတာ ၁၂ ရွာရှိပါတယ်။ ဇွန်၊ ဇူလိုင် လ အထိ ပေါ့နော်။ ဒီ ၁၂ ရွာမှာ ၉ ရွာကိုတော့ ကျမ သင်တန်းပေးပြီး ဖြစ်ပါတယ်။ လားရှိုး၊ တန့်ယန်း၊ ကျောက်မဲ၊ နမ့်လန် စတဲ့နေရာတွေက ဖြစ်တယ်ပေါ့နော်။ ကျန်နေတဲ့ ၃ ရွာကလည်း ကျမက ဆက်သွယ်ပြီး အကျိုး အကြောင်း ပြောပြထားပေမဲ့ သူတို့ဘက်က အကြောင်းမပြန်သေးလို့ မသွားဖြစ်သေးဘူး။ အဲ့လိုသွားဖို့ဆို တာကလည်း ရွာသားတွေဘက်က တောင်းဆိုလာတာ ရှိသလို၊ ကျမတို့ ကိုယ်တိုင်က ရွာလူကြီးတွေဆီ သွားပြီး အကျိုးအကြောင်း ရှင်းပြပြီး စိတ်ဝင်စားမယ့်သူ ရှိနိုင်မလား ဆိုတာမျိုးတွေကို စနည်းနာ လုပ်ခဲ့ရတယ်ပေါ့။

မေး ။ ။ ထပ်မံဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။

ဖြေ။ ။ ကျမတို့ များသောအားဖြင့်ကတော့ နေ့စဥ်အသုံးစားရိတ်တွေကို စာရင်းမှတ် ပြုစုတာမျိုးက ရှားတာ လေနော်။ တကယ့်တကယ် လုပ်ကြည့်ရင် အသုံးစရိတ်တွေက ကြောက်ခမန်းလိလိကို များလွန်း နေတယ်။
ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်၊ အဝတ်လျှော် ဆပ်ပြာပြီး စားဖို့သောက်ဖို့ နေထိုင်ဖို့ ဝတ်ဖို့ စတာတွေ အတွက် အသုံးစရိတ်တွေက များတယ်။ ဒါကြောင့် ကျမပြောချင်တာ အခုဒီ အိမ်တွင်းလုပ်ငန်း ဆပ်ပြာလုပ်နည်းတွေကို လုပ်နေတာပဲ ဖြစ်ဖြစ်၊ မလုပ်သေးတာပဲ ဖြစ်ဖြစ် ဒီလိုတွေ လုပ်ခြင်းဟာ မိမိတို့ရဲ့ ထွက်ငွေကို ကာမိစေတဲ့အပြင် ဒီအတွက် ကုန်ကျမယ့် ငွေတွေကို စုနိုင်ရင် မိသားစုအတွက် ၊ ကိုယ့်လူမှုအဖွဲ့အစည်းအတွက် အထောက်အကူ ဖြစ်စေမှာ အမှန်ပဲလို့ ပြောချင်ပါတယ်။

ဒါကြောင့် လုပ်တတ်ပြီးသားလူတွေလည်း ဆက်လုပ်ပါ။ မလုပ်တတ်သေးတဲ့ သူတွေလည်း လေ့လာပြီး လုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...