လက်နက်ကိုင်တပ်ဖွဲ့ ပေါများသည့် လားရှိုးမြို့ နေ့ခင်းချိန် ဓားပြတိုက်မှု မကြာခဏဖြစ်နေ

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာနေရာ၊ လက်နက်ကိုင်တပ်ဖွဲ့ပေါများသည့် ဒေသတစ်ခုဖြစ်သော်လည်း နေ့ခင်းချိန်တွင် ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပုံ – CJ (ဓားပြတိုက်ပြီး ထွက်ပြေးသွားသည့် ကား)

ယမန်နေ့ (မေလ ၁၈ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၁ အတွင်းရှိ နေအိမ်တစ်လုံးထဲသို့ အမည်မသိ တရုတ်စကားပြောဆိုနေသည့် အမျိုးသား ၄ ဦး က သေနတ်ဖြင့် ခြိမ်းခြောက်ပြောဆိုပြီး ဓားပြတိုက်သွားခဲ့ရာ ကျပ်သိန်း ၂၀၀ ကျော် ပါသွားကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ နေအိမ် တစ်လုံးကို ဝင်ပြီး ဓားပြတိုက်သွားတာ တရုတ်ယွမ်ငွေ ၃ သောင်းလောက် ပါသွားတယ်။ အိမ်ထဲက လူတွေကို သေနတ်နဲ့ ထောက်တယ်။ သေနတ်နဲ့ ထောက်ပြီး ထိုင်ခိုင်းတယ်။ ပြီးတော့ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို အကုန်ယူသွားတာ။ သူတို့ အချင်းချင်းက တရုတ်စကားတွေ ပြောနေတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အိမ်ထဲရှိ တရုတ်ယွမ်ငွေ ၃ သောင်းအပြင် ဆိုင်ကယ် ၁ စီး၊ ရွှေဆွဲကြိုး ၂ ကွင်း၊ လက်စွပ် ၂ ကွင်း နှင့် ဖုန်း ၄ လုံးလည်း ဓားပြတိုက်အဖွဲ့ဝင် အမျိုးသား ၄ ဦးက ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် စစ်ကောင်စီ၊ ပြည်သူ့စစ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနယ်မြေ တစ်ခုဖြစ်သော်လည်း အဆိုပါ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု ကျုးလွန်သူကို လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပုံ – CJ (ဓားပြတိုက်ပြီး ထွက်ပြေးသွားသည့် ကား)

“ ရဲတွေလည်း ဘာမှ လုံခြုံရေး မလုပ်ပေးနိုင်ဘူး။ သူတို့ ကိုယ်တိုင်တောင်မှ မနည်းလုံခြုံရေး ယူနေရတာ။ ကျွန်မတို့လည်း ကိုယ်တိုင် လုံခြုံရေး လုပ်ရတာပေါ့။ ဘယ်အဖွဲ့အစည်းမှ အားကိုးလို့ မရဘူး။ တစ်နေနေရာကတော့ ခိုးလိုက်ရပြီ၊ ဓားပြတိုက်ခံလိုက်ရပြီ၊ သတ်ခံရပြီဆိုပြီး သတင်းထဲပါလာရင် တစ်ခါမှ ဖမ်းမိတာ မရှိဘူး။ လမ်းမမှာ ဆိုင်ကယ်ကို အတင်းဆွဲပြီး အချင်းချင်း အပြန်အလှန် ရိုက်သတ်နေတဲ့သူလည်း မဖမ်းမိဘူး။ အဲ့ကြောင့် ကျုးလွန်တဲ့သူတွေက ပိုရဲလာတာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် မန့်နားပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ် (KDA)၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စသည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လားရှိုးမြို့အပြင် မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် တာချီလိတ် စသည့် မြို့ပြကြီးတွင် ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု၊ လိမ်လည် လှည့်ဖြားရောင်းချမှုများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက် မူဆယ်မြို့တွင် ကားသမားတစ်ဦးကို အမျိုးသား ၂ ဦးက သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ကားကိုလုယူသွားသည့် ဓားပြတိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့သလို နမ့်ခမ်းမြို့တွင် နေအိမ် ၃ လုံး၏ အိမ်ခြံဝန်းတံခါးသော့ ဖျက်ဆီးခံရပြီး ဆိုင်ကယ် ၃ စီး ခိုးခံရမှု ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...