တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုပြန်အသုံးပြုနေ သက်ဆိုင်ရာ တာဝန်ရှိသူများ အရေးယူမှုမရှိ

သျှမ်းပြည် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာထဲ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုမှုရှိနေပြီး ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများကို စာတင်ထားသော်လည်း အရေးယူမှုမရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

အဆိုပါ ထုံးဖိုစက်ရုံသည် ၂၄ နာရီ လည်ပတ်နေပြီး ၎င်းမှ ထွက်လာသည့် အနံ့သက်ဆိုးများကို ဒေသခံများက ခံစားနေရသည်။

“ထုံးဖိုကတော့ နေ့တိုင်း လုပ်နေတာပဲ။ တစ်ရက်မှလည်း မနားတော့ဘူး။ အနံ့ကလည်း အရမ်းဆိုးတယ်။ နေ့တိုင်း အနံ့ဆိုးတွေရတယ်။ ကျ‌နော်တို့ တာချီလိတ်က တာဝန်ရှိသူတွေကို စာတင်ထားတယ်။ ဒါမဲ့ ဘာမှ ပြန်မပြောလာဘူး။ လာလည်း မကြည့်တော့ဘူး။ ဘာမှ အရေးယူတာ မရှိတော့ဘူး” ဟု လွယ်သထုံ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ထို ထုံးဖိုစက်ရုံ၏ ဓာတ်ငွေ့ကြောင့် အနီးနားရှိသည့် ဒေသခံများ ကျန်းမာရေး ထိခိုက်လာခဲ့ပြီး အသက်ရှူကြပ်လာကာ အသက်ကြီးရွယ်အိုများက မူးဝေပြီး အော့အန်သည့်ဝေဒနာကို ခံစားနေရကြောင်း သိရသည်။

ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

“ ကျန်းမာရေးတော့ တော်တော်ဆိုးလာတာပေါ့။ အသက်ရှူကြပ်လာတယ်။ တစ်ချို့ အသက်ကြီးတဲ့ သူတွေဆိုရင်တော့ မူးတာတွေဖြစ်တယ်။ အန်တာတွေလည်းဖြစ်တယ်။ မြို့ပေါ်တက်ပြီးတော့ ဆေးရုံတက်ရတဲ့ အထိတော့ မကြားမိသေးဘူး။ ရွာထဲမှာ ဒီတိုင်းပဲ ကုနေကြတာ။ ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင်တော့ ကြာလာရင်တော့ ရွာပြောင်းကြရင်လည်း ပြောင်းရမှာပေါ့” ဟု အထက်ပါ လွယ်သထုံကျေးရွာ ဒေသခံက ပြောသည်။

လက်ရှိတွင်လည်း ဒေသခံများက ကျေးရွာထဲတွင် နေထိုင်ရန်အတွက် ခက်ခဲနေကြပြီး ကျေးရွာအသစ်တို့ ပြောင်းရွှေ့ရန်အတွက်လည်း အခက်ခဲဖြစ်နေကြသည်။

“ ရွာမှာနေလည်း လေကောင်းလေသန့် မရဘူး။ ပြီးတော့ ကျေးရွာအသစ်ကို ပြောင်းသွားနေဖို့လည်း ခက်ခဲတယ်လေ။ ကျနော်တို့ တောင်ပေါ်သားတွေက နေရာအသစ်ရှာဖို့လည်း ခက်တယ်။ ပြီးတော့ ပိုက်ဆံလည်းခက်ခဲတယ်” ဟု လွယ်သထုံကျေးရွာဒေသခံများကပြောသည်။

တာချီလိတ်မြို့နယ် လွယ်သထုံကျေးရွာတွင်းရှိ ထုံးဖိုစက်ရုံကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၁၆ ရက်က စက်ရုံကို ယာယီပိတ်သိမ်းသွားရန်အတွက် မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များက ညွှန်ကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...