စစ်ကောင်စီ
တောင်ကြီး မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် မီးတိုင်များလဲကျ
သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မီးတိုင်၊ ဖုန်းတိုင်များ လဲကျသွားကြောင်း သိရသည်။ ယမန်နေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်း အချိန်တွင် မိုးသက်လေပြင်း ထပ်မံတိုက်ခတ်မှုကြောင့် အနောက်မြို့ ပတ်လမ်းရှိ ပြည်နယ် လဝက ရုံးရှေ့မှ ဖုန်းတိုင် (၂) တိုင်၊ ချမ်းသာရပ်ကွက်ရှိ...
ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...
မြန်မာ-တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ် တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများတင်သွင်းခွင့်ပြု
သျှမ်းပြည် မူဆယ်ခရိုင် မြန်မာ- တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်တွင် တရုတ်နိုင်ငံမှ တရားမဝင် ကုန်ပစ္စည်းများကို မူဆယ်မြို့ အခွန်ကောက်ဦးစီးဌာနက အခွန်ကောက်ယူပြီး တင်သွင်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ တရားမဝင် ကုန်ပစ္စည်းများဖြစ်သည့် ဘီယာ၊ စက်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် စားသောက်ကုန် ကျန်းမာရေး စစ်ဆေးထောက်ခံချက် (FDA) လက်မှတ်မရှိသေးသည့် စားသောက်ကုန်များ...
မိုးသည်းနေသည့်ကြား စစ်ကောင်စီက လေယာဉ်ဖြင့် ၂ ကြိမ်ပျံဝဲ၊ စစ်ဘေးရှောင်များ စိုးရိမ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားထဲ စစ်ကောင်စီမှ လေယာဉ်ဖြင့် ၂ ကြိမ်ပျံဝဲလာသောကြောင့် ဗုံးကြဲချမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မေလ ၁၄ )ရက် နံနက်ပိုင်းတွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် စစ်ကောင်စီမှ ကင်းထောက်လေယာဉ်ဖြင့်...
တာချီလိတ်တွင် ရေကြီးရေလျှံ၊ မြေပြိုမှုဖြစ် ဇနီးမောင်နှံ ၂ ဦးသေဆုံး
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် ယနေ့ (မေလ ၁၄ ) ရက် နံနက် ၄ နာရီအချိန်မှစပြီး ရေကြီးရေလျှံမှု မြေပြိုမှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၁၄ ) ရက် နံနက်ပိုင်း ၆...
ကျောက်မဲ နေရပ်ပြန် စစ်ရှောင် နေအိမ် လေပြင်း ထိခိုက် ပျက်စီးရ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များ၏ နေအိမ်များ ထိခိုက်ပျက်စီးသွား ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၀ ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် လွယ်အံကျေးရွာအုပ်စု၊ ပန်မခမ်ကျေးရွာမှ ဘုန်းကြီးကျောင်း အပါအဝင်...
ဆိုလာပြားမှ တစ်ဆင့် နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ဟိုနားကျေးရွာအုပ်စု မက်မုန်လောင်း (နမ့်လင်း) ကျေးရွာ တအာင်း (ပလောင်) တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာထဲတွင် ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယခု မေလ ဒုတိယပတ်ထဲတွင် မက်မုန်လောင်းကျေးရွာအတွင်း ဆိုလာပြားမှ တစ်ဆင့် ဘက်ထရီအိုး မီးလောင်မှုဖြစ်ပွားခဲ့ပြီး...
ဆီဆိုင်မြို့နယ် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PNO က ပစ်ခတ်ခဲ့သည်ဟု PNFC ထုတ်ပြန်
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး - ဆီဆိုင် ပြည်ထောင်စု...
ကျိုင်းတုံလေဆိပ်ကို လာအို၊ တရုတ် နှင့် ထိုင်း နိုင်ငံများမှ လေယာဉ် တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်ဟု စစ်ခေါင်းဆောင်ပြော
သျှမ်းပြည် ကျိုင်းတုံလေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရန် အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သည်။ ယမန်နေ့ (မေလ ၁၁) ရက် ညနေပိုင်းအချိန်၌ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ကျိုင်းတုံလေဆိပ်ကို ပြည်တွင်းတွင် အသုံးပြုနေသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု နစကဉက္ကဌ မှ...
ပင်လောင်းမြို့နယ်တွင်း တိုက်ပွဲရက်ရှည်ကြာလာသည့်အတွက် PDF များ လက်နက်ခဲယမ်းခက်ခဲနေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တွင်း တိုက်ပွဲရက်ရှည် ကြာလာသည့် အတွက်ကြောင့် PDF များ လက်နက် အခက်ခဲ ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ၃ လ နီးပါး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် နယ်စပ် တောင်စလုံး...





